လေယာဉ်တစ်စီးလုံးရဲ့ အကူအညီနဲ့ ချစ်သူရဲ့ စပရိုက်စ်လုပ်တာ ခံခဲ့ရတဲ့ လေယာဉ်မယ်လေး

အီတလီအမျိုးသားတစ်ယောက်ကတော့ ရိုလွန်းတဲ့ ပရိုပို့စ်မျိုး လုပ်ခဲ့လို့ အွန်လိုင်းမှာ ဗီဒီယိုနဲ့တကွ နာမည်ကြီးလျက်ရှိပါတယ်။ သူဟာ လေယာဉ်မယ်တစ်ဦးဖြစ်တဲ့ သူ့ချစ်သူ မိန်းကလေးကို လေယာဉ်ပျံသန်းနေစဉ် ခရီးသည်တွေအားလုံးနဲ့အတူ စပရိုက်စ်လုပ်ခဲ့တာပါ။

Instagram

စတက်ဖာနိုလို့ သိရတဲ့ ထိုအမျိုးသားဟာ ရောမမြို့မှ ဒူဘိုင်းသို့ ပျံသန်းတဲ့ Emirates လေကြောင်း ခရီးစဉ်မှာ လိုက်ပါခဲ့ပါတယ်။ ထိုခရီးစဉ်အတွင်း စတက်ဖာနိုရဲ့ ချစ်သူ ဗစ်တိုးရီးယားက တာဝန်ထမ်းဆောင်နေခဲ့တာပါ။ ဗစ်တိုးရီးယားက business class မှာ ဝန်ဆောင်မှု သွားပေးနေခဲ့စဉ် စတက်ဖာနိုက လေယာဉ်ပေါ်ရှိ ခရီးသည်တွေနဲ့အတူ economy class မှာ ပရိုပို့စ်လုပ်ဖို့ ပြင်ဆင်နေခဲ့ပါတယ်။

Instagram

ဗီဒီယိုကတော့ ဗစ်တိုးရီးယားတစ်ယောက် business class ကနေ economy class သို့ လိုက်ကာကို ဖြတ်ပြီး ကူးလာစဉ်မှာ စရိုက်ထားခဲ့တာပါ။ သူမဟာ ခရီးသည်တစ်ဦးထံမှ နှင်းဆီခိုင်တစ်ခိုင် အရင်အပေးခံလိုက်ရပြီး အလွန်ကိုမှ အံ့အားသင့်လွန်းလို့ မျက်ရည်ကျတော့မယ့် မျက်နှာလေးနဲ့ ဆက်လျှောက်လာခဲ့ပါတယ်။ ခရီးသည်တွေအကုန်လုံးလည်း ဗီဒီယိုမှတ်တမ်းတင်သူက တင်၊ စပရိုက်စ်လုပ်ဖို့ ပစ္စည်းလေးတွေ ကိုင်ပေးထားသူက ကိုင်ထားပြီး စောင့်နေခဲ့ကြပါတယ်။

READ
ကောင်မလေးကို နောက်ကလိုက်ဆွဲသူ ကောင်မလေးရဲ့ လက်သီးစာမိပြီး ပြန်ပြေးခဲ့ရ
Instagram

လျှောက်လမ်းအဆုံးမှာတော့ စတက်ဖာနိုကို တွေ့လိုက်ရပြီး သူမကို ဒူးထောက်ကာ အရေးကြီးဆုံး မေးခွန်း မေးခဲ့ပါတယ်။ ဗစ်တိုးရီးယားကလည်း အားလုံးကို ပျော်ရွှင်သွားစေမယ့် အဖြေတစ်ခွန်းကို ပြန်ပေးခဲ့ပါတယ်။ ဒီကြည်နူးစရာ ဗီဒီယိုဖိုင်လေးကတော့ အွန်လိုင်းမှာ ပျံ့သွားပြီး ကြည့်ရှုသူပေါင်း ၅ သိန်းကျော်တောင် ရှိသွားခဲ့ပါပြီ။

Instagram

Ref: Dailymail

SHARE