ကမ္ဘာလှည့်ခရီးသွားတွေ သွားရောက်လည်ပတ်ဖို့ စိတ်ဝင်စားမှုအများဆုံး နေရာ(၁၀)ခု

Airbnb ဆိုတာ ဆန်ဖရန်စစ္စကိုအခြေစိုက် ခရီးသွားလုပ်ငန်းကုမ္ပဏီ တစ်ခုပါ။ သူ့ရဲ့လုပ်ငန်းကတော့ ခရီးသွားတွေကို တိုက်ခန်း၊ အခန်း၊ အဆောင် စတဲ့ ဈေးသက်သက်သာသာနဲ့ တည်းခိုနိုင်တဲ့နေရာတွေနဲ့ စားသောက်ဆိုင်တွေကို ဘိုကင်ယူ ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းပဲဖြစ်ပါတယ်။ငွေကုန်ကြေးကျ မများပဲ ဈေးသက်သက်သာသာနဲ့ ကမ္ဘာပတ်ချင်တဲ့ ခရီးသွားတွေဟာ Airbnb ကုမ္ပဏီရဲ့ တန်ဖိုးနည်း နေရာတွေမှာ နေထိုင်လေ့ရှိပါတယ်။

Fortune

Airbnb ကုမ္ပဏီဟာ သူတို့ရဲ့ (၁၀)နှစ်ပြည့်မှာတော့ ကုမ္ပဏီရဲ့ ၀န်ဆောင်မှုကို အသုံးပြုနေကျ ဖော်က်သည်တွေက သွားရောက် လည်ပတ်ဖို့ စိတ်ဝင်စားမှုအများဆုံး နေရာ(၁၀)ခုကို ဖော်ပြခဲ့ပါတယ်။ အံ့သြဖို့ ကောင်းတာကတော့ တစ်ချို့နေရာတွေရဲ့ တစ်ညတာ တည်းခိုခဟာ ကျွန်တော်တို့နိုင်ငံတွင်းက ပြည်တွင်းခရီးသွားရင် ကုန်ကျမယ့် တစ်ညတာ တည်းခိုးခ စရိတ် ထက်ကို သက်သာနေတာပါ။  အနောက်နိုင်ငံတွေနဲ့ အိမ်နီးချင်းနိုင်ငံတွေကို သွားလည်ချင်တဲ့အခါ စရိတ်သက်သက်သာသာနဲ့ ဒီလိုထူးထူးဆန်းဆန်း နေရာလေးတွေကို Airbnb ကနေ ချိတ်ဆက်တည်းခိုနိုင်အောင် စာဖတ်ပရိ သတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

၁။ အီတလီနိုင်ငံက Sette Coni

အီတလီ၊ အော့စ်တူနီမှာ ရှိတဲ့ Sette Coni ဆိုတဲ့ နေရာလေးဟာ ရေခဲမုန့်ကတော့ပုံစံရှိတဲ့ အိမ်ခေါင်မိုးတွေနဲ့ တည်ဆောက်ထားတာဖြစ်ပြီး ဆောင်းတွင်းလိုနှင်းတွေကျတဲ့အချိန်မျိုးမှာဆိုရင်တော့ အိမ်လေးတွေက ပိုလှပါတယ်တဲ့။ သံလွင်ပင်တွေစိုက်ထားတဲ့ ပန်းခြံလည်းရှိပါသေးတယ်။ သူကတော့ တစ်ညတာတည်းခိုခွင့်အနေနဲ့ တစ်ယောက်ကို (၆၃)ပေါင်ယူပါတယ်။

Airbnb
Airbnb

၂။ ဂရိနိုင်ငံ Santorini ကျွန်းပေါ်က Hector ကျောက်တုံးအိမ်

ချောက်ကမ်းပါးမှာ ထွင်းပြီး အိမ်ဆောက်ထားတဲ့ Santorini က Hector Cave House ပဲ ဖြစ်ပါတယ်။ ဂရိနိုင်ငံမှာ တည်ရှိပါတယ်။ ပင်လယ်ကိုမျက်နှာမူနေတဲ့ ရေနွေးစိမ်ကန်ရှိပါတယ်။ ဝိုင်ရောင်းတဲ့နေရာအဖြစ်စတင်ဖွင့်လှစ်ခဲ့ပြီး နောက်ပိုင်းမှ Airbnb နဲ့ချိတ်ဆက်မိကာ တည်းခိုအိမ်ဖြစ်လာခဲ့တာပါ။ ဂူပုံစံထွင်းထုထားတဲ့ အတွက် ဂရိရဲ့ နွေရာသီ အပူရှိန်ကို အေးဆေးလေးအံတုပြီး အနားယူနိုင်ပါတယ်။ တစ်ညတာတည်းခိုခွင့် အနေနဲ့ကတော့ (၂၂၃)ပေါင် ရှိပါတယ်။

READ
Copenhagen မြို့က ရေပေါ်ကျွန်းတွေနဲ့ ဖန်တီးထားတဲ့ ထူးထူးခြားခြား ပန်းခြံ
Airbnb
Airbnb

၃။ ကဗျာဆန်ဆန်ရှုခင်းတွေနဲ့ ကိုလမ်ဘီယာက တဲအိမ်လေး

တတိယအနေနဲ့ဖော်ပြသွားတာကတော့ ကိုလမ်ဘီယာ၊ အာမေးနီယားက လယ်ကွင်းထဲမှာရှိတဲ့ တဲအိမ်လေးပဲဖြစ်ပါတယ်။ ကော်ဖီသီးတဲ့ ရာသီသွားရင် ပိုကောင်းပါတယ်။ ဝါးထရံနဲ့တည်ဆောက်ထားတဲ့ ဒီတဲအိမ်လေးဟာ တစ်ညကို တည်းခိုခ(၃၁)ပေါင် သတ်မှတ်ထားပါတယ်။ ချောင်းလေးတွေ၊ စိုက်ခင်းတွေနဲ့ သဘာဝဆန်ဆန် စိမ်းစိမ်းစိုစို ရှုခင်းတွေပတ်လည်ဝိုင်းနေတဲ့ ဒီနေရာက သဘာဝတရားကို ချစ်မြတ်နိုးတဲ့ လူတွေအတွက်တော့ အဆင်အပြေဆုံးပါပဲ။

Airbnb

၎။ ဘာလီကျွန်းပေါ်က ဝါးနဲ့ဆောက်ထားတဲ့ အိမ်လေး

ဒီ eco ဝါးအိမ်လေးကတော့ နာမည်ကြီးပြီး လူကြိုက်များလွန်းလို့ ဘာလီသွားတည်းမယ့် လူတွေဖို့ ခြောက်လတောင် ကြိုတင်ဘိုကင် ယူထားမှ ရပါမယ်တဲ့။ သူကတော့ တစ်ညတာတည်းခိုခွင့် (၁၃၇)ပေါင် ပါ။ အိမ်ရဲ့ ထပ်ခိုးလေးနဲ့ ပြူတင်းပေါက် နေရာလေးကတော့ ခရီးသွားတွေကို အစွဲဆောင်ဆုံးပါပဲ။

Airbnb
Airbnb

၅။ ဂရိနိုင်ငံ Crete ကျွန်းမှာရှိတဲ့ အထက်တန်းဆန်ဆန် ကျောက်တုံး Villa

ဂရိကို ပြန်သွားကြရအောင်။ ဂရိနိုင်ငံကပူတော့ ဒီကျောက်တုံးတွေကြောင့် အေးစိမ့်ပြီး လေဝင်လေထွက် ကောင်းတဲ့ ကျောက်တုံး villa လေးကို လူကြိုက်များနေကြပါတယ်။ သဘာဝအလျောက်ရှိနေတဲ့ ကျောက်ဆောင်ကို ထွင်းပြီးဆောက်ထားတယ်လို့လည်း သိရပါတယ်။ ကျောက်ဆောင်အနေအထားကြောင့် အတွင်းပြင်ဆင်မှု အဆန်းကြီးနဲ့ အခန်းတွေလည်းရှိပါတယ်။ စစချင်းကတော့ မိသားစုအခန်းတွေသာ ရှိပေမယ့် အခုနောက်ပိုင်းတော့ လူတိုင်းဝင်ရောက် ကြည့်ရှုနိုင်အောင် ဖွင့်ပေးလိုက်ပါပြီတဲ့။ တညတည်းခိုခွင့်ကတော့ (၄၅)ပေါင် ပါ။

Airbnb

 

Airbnb

၆။ ဟာဝိုင်အီမှာရှိတဲ့ အပူပိုင်းဇုန်က သစ်ပင်အိမ်လေး

သူကိုတော့ ပျားရည်စမ်းခရီးအတွက် လာကြတာများပါတယ်။ ကမ်းခြေနဲ့လည်း သိပ်မဝေးသလို တောအုပ်ထဲမှာ ရှိနေတဲ့ သစ်ပင်အိမ်လေးက ဟာဝိုင်အီ မီးတောင် အမျိုးသားဥယျာဉ်နဲ့လည်း နီးနီးလေးပါတဲ့။ တည်းချင်တယ်ဆိုရင်တော့ တစ်ညကို (၂၃၅)ပေါင်ကျမှာပဲ ဖြစ်ပါတယ်။

READ
ကလေးတွေ အငိုပြိုင်ကြရတဲ့ ဂျပန်နိုင်ငံက နာကီဇူမိုပွဲတော်
Airbnb

၇။ ဘာလီက စပါးခင်းတွေထဲက ခြေတံရှည်အိမ်လေး

ဘာလီကို နောက်တစ်ကျော့ ပြန်သွားကျရအောင်။ ဘာလီရဲ့ ဝါးအိမ်လေး နောက်တစ်လုံးကတော့ စပါးခင်းတွေထဲမှာရှိတာပါ။ ထူးထူးခြားခြား ဆောက်ထားခြင်းမရှိတဲ့ ဒီအိမ်ဟာ ရိုးရိုးလေးနဲ့ တမူထူးနေပါတယ်။ တစ်ညတည်းခိုခကတော့ (၅၁)ပေါင် ကျသင့်ပါမယ်။

Airbnb
Airbnb

၈။ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်က မှန်ပြူတင်းပေါက်တွေနဲ့အိမ်

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် Yucca တောင်ကြားမှာ ရှိနေတဲ့ သီးသန့်အိမ်လေးပါ။ ကမ္ဘာကြီးနဲ့ အဆက်အသွယ်ဖြတ်ပြီး အနားယူချင်တယ် ဆိုရင်တော့ ဒီနေရာကို ရွေးချယ်ဖို့အတွက် အကြံပေးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ Wifi မရှိတဲ့အပြင် ကံကောင်းရင် ယုန်လေးတွေ အပြင်မှာ ခုန်ပေါက်ပြေးလွှားနေတာကိုပါ မြင်ရမှာပါ။ သဲကန္တာရဆန်ဆန် မြင်ကွင်းနဲ့ ခတ်မှီတဲ့အိမ်အပြင်အဆင်၊ သက်တောင့်သက်သာရှိလှတဲ့ ဆိုဖာတွေနဲ့ဆိုတော့ နားအေးပါးအေး အနားယူဖို့ အဆင်ပြေမှာပါ။ တစ်ညတာ တည်းခိုခကတော့ (၅၁)ပေါင် ရှိပါတယ်။

Airbnb
Airbnb

၉။ မော်ရိုကိုနိုင်ငံက The Cosy နန်းတော်

မော်ရိုကိုနိုင်ငံ Marrakech အရပ်မှာရှိတဲ့ The Cosy နန်းတော်ဟာ သမိုင်းဝင် အဆောက်အဦးတစ်ခုလို့လည်း သိရပါတယ်။ တည်းခိုခကတော့ တစ်ညကို (၃၉)ပေါင် ရှိပါတယ်။

Airbnb
Airbnb

၁၀။ ကမ်းနားက ရှုခင်းအမိုက်စားနဲ့ မွန်တီနီဂရိုးနိုင်ငံက နေအိမ်

မွန်တီနီဂရိုးနိုင်ငံ Kotor မြို့မှာ တည်ရှိတဲ့ ရှေးဟောင်းအိမ်တစ်လုံးပါ။ လှပတဲ့ ရှုမျှော်ခင်းတွေကို ခံစားနိုင်မယ့် အပြင် ပင်လယ်ကိုဖြတ်ပြီး တိုက်ခတ်လာတဲ့ သဘာဝလေပြေတွေကိုလည်း တစ်ဝကြီး ခံစားနိုင်ပါတယ်။ တစ်ညတာ တည်းခိုခအတွက် (၃၆)ပေါင် ရှိပါတယ်။

Airbnb

Penny

Source : The Sun

SHARE