တပည့်လေယာဉ်မှူးတွေရဲ့ Surprise ကြောင့်၊ မျက်ရည်ကျခဲ့ရတဲ့ နည်းပြကြီး

In the New

ဆရာဆိုတဲ့အလုပ်က လွယ်တဲ့အလုပ်တော့ မဟုတ်ပါဘူး။ နယ်ပယ်အသီးသီးမှာ ဆရာတွေရှိနေသလို၊ တပည့်တွေကလည်း သက်ဆိုင်ရာ လုပ်ငန်းခွင်တွေမှာ ဆရာတွေရဲ့သွန်သင်ဆုံးမမှုနဲ့ ကြီးပြင်းခဲ့ပြီး၊ တဖြည်းဖြည်း ရင့်ကျက်ခဲ့ရတာပါ။ ဆရာအလုပ်ဟာ လူတစ်ယောက်ကို လိုသလိုပုံသွင်းရတာဖြစ်လို့ အလွန်ခက်ခဲတဲ့ အလုပ်ဖြစ်ပါတယ်။

စည်းကမ်းမလိုက်နာတဲ့တပည့်မျိုးတွေလည်း တွေ့ရနိုင်သလို၊ ဆိုးတေပေမိုက်နေတဲ့ တပည့်တွေလည်း တွေ့ရမှာပါ။ အလွန်တော်တဲ့သူ၊ ထက်မြတ်တဲ့သူတွေနဲ့လည်း ကြုံခဲ့ရမှာ ဖြစ်သလို အလွန်ညံ့သူတွေနဲ့လည်း ဆုံခဲ့ရမှာပါ။ ဘယ်လို တပည့်မျိုးဖြစ်စေ ဆရာကျင့်ဝတ်(၅)ပါးနဲ့အညီ ပဲ့ပြင်ဆုံးမနိုင်မှသာ ဆရာကောင်းမည်ပါတယ်။

In the Now

အခုလည်း လေကြောင်းနည်းပြဆရာတစ်ဦးဟာ တူရကီလေကြောင်းလိုင်းပေါ်မှာ သာမန်ပြည်သူတွေလိုပဲ စီးနင်းလိုက်ပါခဲ့ပါတယ်။ သူ့အမည်ကတော့ Selahattin Onan ဖြစ်ပါတယ်။ သူ့ရဲ့ကျောင်းသားဟောင်း လေယာဉ်မှူးတွေက သူ့ကို ဘယ်လို Surprise မျိုးလုပ်မယ်ဆိုတာ သူ့အနေနဲ့ ရိပ်မိသိရှိခြင်း မရှိခဲ့ပါဘူး။

Onan ဟာ လေယာဉ်မှူးဘဝနဲ့ အနှစ်(၂၀)ဖြတ်သန်းခဲ့ပြီး၊ လေယာဉ်မှူးသင်တန်းနည်းပြအဖြစ် (၁၀)နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့ပြီးပါပြီ။ သူ့လက်အောက်ကနေ တပည့်တပန်း ထောင်နဲ့ချီ မွေးထုတ်ပေးနိုင်ခဲ့ပြီး၊ လေယာဉ်မှူးနယ်ပယ်တွေမှာ တာဝန်ကိုယ်စီနဲ့ အောင်မြင်တဲ့လေယာဉ်မှူးတွေ ဖြစ်နေကြပါပြီ။

In the Now

လေယာဉ်မှူးတစ်ဦးကတော့ ဆရာ Onan ဟာ ဆရာတစ်ယောက်သာ မဟုတ်ဘဲ၊ သူတို့အတွက် အဖေဆိုလည်းဟုတ်၊ အမေဆိုလည်းဟုတ် ပါပဲတဲ့။ သူတို့ကို သားသမီးအရင်းနဲ့မခြား စောင့်ရှောက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီဂုဏ်ကျေးဇူးတွေကို ထောက်ပြီး ဆရာ Onan ကို Surprise လုပ်ဖို့ လေယာဉ်မှူးတွေက လျှို့ဝှက်စီစဉ်ခဲ့ကြတာပါ။

လေယာဉ်မှူးက  လေယာဉ်ပေါ်မှာ အထူးခရီးသည်တစ်ဦး လိုက်ပါလာတဲ့အတွက် ဒီနေ့ဟာ တကယ့်ကို နေ့ထူးနေ့မြတ်ကြီးဖြစ်ကြောင်း၊ အဲဒီခရီးသည်ကတော့ သူတို့ရဲ့ဆရာ Onan ဖြစ်ကြောင်းကြေညာခဲ့ပါတယ်။ လေယာဉ်ခရီးသည်ခန်းထဲမှာတပ်ဆင်ထားတဲ့ မှန်ပြင်ကနေပြီး၊ ဆရာ Onan ရဲ့တပည့်လေယာဉ်မှူးတွေက ဆရာအတွက် အမှတ်တရ စကားတွေ ပြောခဲ့ကြပါတယ်။

In the Now

အဲဒီနောက် ဆရာ Onan ကို လက်ဆောင်ပန်းစည်းတွေ ပေးခဲ့ကြပါတယ်။ ဆရာ Onan ဟာ ထင်မှတ်မထားတဲ့ စိတ်လှုပ်ရှားမှုကြောင့် မျက်ရည်တွေကျခဲ့ရပါတယ်။ သူလည်း တပည့်တွေရဲ့သိတတ်မှုကြောင့် ပျော်နေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တပည့်ဆိုတာ ဆရာတွေက သတ်မှတ်လို့ရတဲ့ခေတ် မဟုတ်တော့ပါဘူး။ သူတို့က ဆရာလို့ သတ်မှတ်မှ “ငါ့တပည့်”လို့ ဆရာတွေက ဂုဏ်ယူနိုင်တဲ့ခေတ်မျိုးမှာ အခုလို အဖြစ်အပျက်လေးက ကြည်နူးစရာပါ။

AIRLINE TEAM SURPRISES TEACHER

Do you have a teacher you're grateful for?

Posted by In the NOW on Wednesday, November 20, 2019

လင်းဇော်ကို

SHARE