အလှဆုံးလေယာဉ်မယ်တွေရှိတဲ့ လေကြောင်းလိုင်းများ

(၁) Aeroflot Air

Aeroflot Air

အနီရောင်ယူနီဖောင်းဝတ်စုံလေးတွေနဲ့ အေးမြတဲ့အပြုံးလေးတွေ၊ ညင်သာတဲ့စကားလေးတွေနဲ့ ခရီးသည်တွေကို နှစ်လို
ဖွယ်ဝန်ဆောင်မှုတွေ ပေးနေတဲ့ Aeroflot Air လေကြောင်းလိုင်းဟာ အလှဆုံးလေယာဉ်မယ်လေးတွေကြောင့် နံပတ်(၁)
မှာ ရပ်တည်နေပါတယ်။ ရုရှားနိုင်ငံ အခြေစိုက်လေကြောင်းလိုင်းဖြစ်ပါတယ်။

(၂) Thai Airways

ကမ္ဘာအနှံ့ပျံသန်းပြေးဆွဲနေတဲ့ Thai Airways လေကြောင်းလိုင်းက ချစ်စရာ ထိုင်းလေယာဉ်မယ်လေးတွေဟာလည်း သူ
တို့ရဲ့ လက်အုပ်ချီနှုတ်ဆက်တဲ့ယဉ်ကျေးမှု၊ ခရီးသည်တွေအပေါ်မှာ နွေးထွေးပျူငှာမှုနဲ့အတူ အသံချိုမြမြလေးတွေနဲ့အ
တူ နာမည်ကြီးလေယာဉ်မယ်လေးတွေစာရင်းမှာ ပါဝင်နေပါတယ်။

(၃) Lufthansa

ဂျာမဏီပိုင် Lufthansa လေကြောင်းလိုင်းကလည်း ဥရောပတစ်ခွင်မှာ လှည့်လည်ပျံသန်းပေးနေတဲ့ လေကြောင်းလိုင်း
ဖြစ်ပါတယ်။ ခေတ်မီလှပတဲ့ ဇိမ်ခံလေယာဉ်ကြီးတွေထက်၊ အဲဒီလေယာဉ်တွေပေါ်မှာ ၀န်ဆောင်မှုစိတ်ဓာတ်အပြည့်နဲ့၊ ခ
ရီးသည်တိုင်းအပေါ်မှာ ပြူငှာတဲ့ဆက်ဆံမှုတွေနဲ့အတူ လှပတဲ့ အနက်ရောင်ဝတ်စုံလေးတွေနဲ့ စိတ်ချမ်းသာမှုတွေ ပေးစွမ်း
ပါလိမ့်မယ်။

READ
ပတ်ဝန်းကျင်အလှကို ကြည်နူးဖွယ် ခံစားမိစေမယ့် သဲနာရီသဏ္ဍာန် ကြောင်လိမ်မျှော်စင်

(၄) Air France

ယခင်ကတော့ ပြင်သစ်လေကြောင်းလိုင်းဟာ ကြဉ်းကြပ်တဲ့ထိုင်ခုံတွေ၊ လုံခြုံရေးဆိုင်ရာ လိုအပ်ချက်တွေကြောင့် ခရီး
သည်တွေ ကြားမှာ ငြိုငြင်စရာတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် ချွင်းချက်အနေနဲ့ဆိုရင်တော့ အဲဒီလေးကြောင်းလိုင်းပေါ်မှာ
တာဝန်ထမ်းဆောင်နေတဲ့ လေယာဉ်မယ်လေးတွေရဲ့ ၀န်ဆောင်မှုနဲ့ လှပတဲ့ချစ်စဖွယ်အပြုံးလေးတွေကတော့ အပြစ်
ပြောရန်မရှိပါဘူးတဲ့။

(၅) Cathay Pacific

သမုဒ္ဒရာပိုင်းဇုံမှာ ပျံသန်းပြေးဆွဲနေတဲ့ Cathay Pacific လေကြောင်းလိုင်းကလည်း ခန့်အပ်တာဝန်ပေးထားတဲ့ လေယာဉ်
မယ်လေးတွေရဲ့ အလှအပတွေ၊ ကျေပြွန်တဲ့ တာဝန်ထမ်းဆောင်မှုတွေကြောင့် နှစ်စဉ်ဝင်ငွေ အများကြီးရှာနိုင်တဲ့ လေ
ကြောင်းလိုင်းကြီး ဖြစ်ပါတယ်။

နတ်စည်တော် (Shwemom)

shwemom

source : top10for.com

SHARE