ရုပ်ရှင်တွေထဲမှာတောင်မပါတဲ့ အကွက်တွေနဲ့ လေယာဉ်ကို ပြေးလမ်းပေါ် ဆင်းခဲ့တဲ့ဖြစ်ရပ်

ပြီးခဲ့တဲ့ (၁၄.၁၀.၂၀၁၈)ရက်နေ့က ဗြိတိန်မှာ Callum မုန်တိုင်းဟာ အနည်းဆုံး တစ်ရာရီကို မိုင် (၄၀) နှုန်းနဲ့ တိုက်ခတ်သွားခဲ့ပါတယ်။

မုန်တိုင်းကြောင့် လေတိုက်ခတ်မှုပြင်းထန်နေတဲ့အချိန် လေယာဉ်ကွင်းက အသည်းယားစရာဖြစ်ရပ်တစ်ခုကို ဗီဒီယိုရိုက်ကူးမိလျက်ရှိပါတယ်။

TUI လေယာဉ်ဟာ ပြင်းထန်လှတဲ့မုန်တိုင်းထဲ မြေပြင်ပေါ်ဆင်းသက်ဖို့ အတော့်ကို ခက်တွေ့လျက်ရှိခဲ့ပါတယ်။ အကြောင်းကတော့ လေတိုက်ရာဦးတည်ချက်နဲ့ ဆင်းသက်မယ့်လမ်းကြောင်းအတိုင်း ထပ်တူကျလျက်ရှိနေခဲ့တာပါ။

Newsflare

ဒါကြောင့်ပဲ လေယာဉ်ပေါ်မှာပါတဲ့ ခရီးသည်တွေရဲ့ ဘေးကင်းလုံခြုံဖို့အတွက် လေယာဉ်မောင်းများဟာ ဆုံးဖြတ်ချက်တစ်ခု ချမှတ်လိုက်ပါတယ်။ ဒါကတော့ လေတိုက်ရာကို လေယာဉ်ဦးမတည်ဘဲ ကန့်လန့်ဖြတ်ကာ လေယာဉ်အလယ်ပိုင်းနဲ့ လေကို ကာလိုက်ပါတယ်။ ပြီးမှ ကန့်လန့်ဖြတ်ဆင်းသက်ကာ မြေပြင်ပေါ်ရောက်ကာမှ ပြေးလမ်းအတိုင်း ကွေးကာသွားခဲ့ပါတယ်။

Newsflare

အခုလို ဘေးတစောင်းဆင်းသက်မှုဟာ မြေပြင်ပေါ်ရောက်လို့ ပြေးလမ်းကြောင်းအတိုင်း ပြန်တည့်ပတ်ဖို့ ကွေ့လိုက်တဲ့အခါ အခန့်မသင့် ဘီးခေါက်ပြီးလည်း လေယာဉ်မှောက်နိုင်ပါတယ်။ ဒါကြောင့် အခုလိုပုံစံမျိုးနဲ့ လေယာဉ်ဆင်းသက်သေည်လည်း အတိမ်းအစောင်းတစ်ခုမှမရှိဘဲ အောင်မြင်ဘေးကင်းစွာ မြေပြင်ပေါ်ဆင်းသက်နိုင်တဲ့ လေယာဉ်မောင်းတွေဟာ ချီးကျူးဖွယ်အတိဖြစ်လို့နေခဲ့ပါတယ်။

ပြီးခဲ့တဲ့အပတ်က တိုက်ခတ်ခဲ့တဲ့ Callum မုန်တိုင်းကြောင့် သေဆုံးသူ (၃) ယောက်ရှိလို့နေပါတယ်။ မြေပြိုကာ တစ်ဦးသေဆုံးခဲ့ပြီး ရေထဲမြောပါသေဆုံးသူဟာ (၂) ယောက် စုစုပေါင်း သေဆုံးသူ (၃) ယောက်တို့ဟာ အမျိုးသားတွေချည်းဖြစ်ပါတယ်။

REXShutterstock
BNPS
PA

Source: Daily Mail

Penny

SHARE