ခရီးသည်တွေအဖို့ အမျက်ထွက်စရာ ဖြစ်လာတဲ့ ဟောင်ကောင်လေဆိပ်က ဖြစ်ရပ်

ဟောင်ကောင် အပြည်ပြည်ဆိုင်ရာ လေဆိပ်တစ်ခုမှာ ခရီးဆောင်အိတ်တွေကို စီမံကိုင်တွယ်သူနှစ်ဦးဟာ မဆီလျော်တဲ့ အပြုအမူကို ပြုမူခဲ့တာကြောင့် အွန်လိုင်းမှာ လူပြောစရာ ဖြစ်လာခဲ့ပါတယ်။ ယင်းအဖြစ်ကို (၃၇) စက္ကန့်စာ ဗီဒီယိုကလစ်တစ်ခုမှာ တွေ့ရတာ ဖြစ်ပြီး အိတ်ထိန်းနှစ်ဦးက စက်ခါးပတ်ပေါ်က ခရီးဆောင်အိတ်တွေကို ဆွဲမပြီး ယာဉ်တစ်စီးထဲကို ပစ်ထည့်နေပါတယ်။

ဒါပေမယ့် ပစ္စည်းထုတ်တွေကို စေတနာပါပါနဲ့ နေရာချနေတာတော့ မဟုတ်ပါဘူး။ ရိုးရိုးသေတ္တာတွေတင်မဟုတ်ပဲ ကျိုးပဲ့လွယ်တယ်လို့ ယူဆရတဲ့ သေတ္တာပုံးတွေကိုပါ နင်းကန် ဆွဲမပြီး ပစ်ချနေတာပါ။ သူတို့ကြည့်ရတာ ပစ္စည်းတွေကို နေရာချနေတာနဲ့တောင် မတူပဲ ဖြစ်ချင်ရာဖြစ်ဆိုပြီး စိတ်ပေါက်ပေါက်နဲ့ လွှင့်ပစ်နေသလိုပါပဲ။ ယင်းအဖြစ်ကို မာစီနာ-ဖာနန်ဒါဆိုသူ အမျိုးသမီးက သူမလေယာဉ်ဆင်းချိန်မှာ ကြုံတွေ့လိုက်တာကြောင့် ဗီဒီယိုရိုက်ထားခဲ့ပါတယ်။

Facebook

ပြီးနောက် “ကျွန်မတို့ရဲ့ မြတ်နိုးလှစွာသော ခရီးဆောင်အိတ်တွေကို ဒီလိုနည်းနဲ့ ဆက်ဆံပါတယ်..” လို့ ရေးသားပြီး ဖေ့စ်ဘုတ်ပေါ် တင်ခဲ့တာပါ။ သူမရဲ့ ပို့စ်ကို ကြည့်ရှုသူပေါင်း (၅.၇) သန်းကျော်ရှိပါတယ်။ South China Morning Post က သူမကို အင်တာဗျူးတဲ့အခါမှာတော့ မာစီနာက “ကျွန်မ ဘယ်အလုပ်သမားကိုမှ ထိခိုက်နစ်နာစေလိုတာမျိုး မရှိပါဘူး။ ခရီးသည်တွေကို ကိုယ့်ပစ္စည်း အထုပ်အပိုးတွေနဲ့ ပတ်သက်လို့ သတိထားဖို့ပဲ ပြောချင်တာပါ။” လို့ ဆိုပါတယ်။

This the way that our beloved luggage is treated!! I made the video this morning once my flight landed in #hongkongairport #cathaydragon #cathaypacific #cathaypacificairways #travelblogger #travelers #luggage the flight was CX5617 xiamen- hongkong departure 7:40am 27 of September . Landed on hongkong airport around 9:00 am.

Posted by Marcela Fernanda Solis Walker on Wednesday, September 26, 2018

ဒါပေမယ့် ဗီဒိယိုကို ကြည့်ရှုကြရတဲ့ ဆိုရှယ်မီဒီယာပေါ်က လူတွေကတော့ အိတ်ထိန်းတွေဟာ ပျင်းရိကြပြီး အလုပ်ကို ကောင်းကောင်းမလုပ်ကြဖူးလို့ အပြစ်တင်နေကြပါတယ်။ တစ်ဦးကလည်း ကုမ္ပဏီအနေနဲ့ အလုပ်မှာ အခုလို ခိုကပ်သူမျိုးတွေ့ရင် ချက်ချင်း အလုပ်တာဝန်ကနေ ရပ်စဲသင့်တယ်လို့ ဆိုတဲ့အထိ ပြောလာပါသေးတယ်။ ဗီဒီယိုထဲမှာ တွေ့ရတဲ့ အိတ်တွေကို ကရော်ကမယ်ဆွဲပြီး လွှင့်ပစ်နေတဲ့ ၀န်ထမ်းတွေဟာ Cathay Pacific လေကြောင်းလိုင်းရဲ့ လက်အောက်မှာရှိတဲ့ ဟောင်ကောင်လေဆိပ်ဝန်ဆောင်မှုဌာနက ၀န်ထမ်းတွေ ဖြစ်ပါတယ်။ လေဆိပ်ဝန်ဆောင်မှုဌာနကတော့ ဗီဒီယိုပါဖြစ်ရပ်နဲ့ ပတ်သက်လို့ ခရီးသည်တွေကို ပြန်လည်တောင်းပန်ထားကြောင်း သိရပါတယ်။

READ
ပိုစတာထဲက ကြက်ကြော်ပုံကို စားဖို့ကြိုးစားနေတဲ့ သနားစဖွယ် ကလေးငယ်

လင်းလင်း (ShweMom)

Ref: news.com.au

 

SHARE