Aishwarya Rai တို့ သားအမိ ကိုဗစ် ကင်းစင်လို့ ဆေးရုံဆင်းခွင့်ရ

Image:IG/Aishwarya Rai

Aishwarya Rai Bachchan က တော့ Covid-19 ကင်းစင်လို့ ဆေးရုံ ဆင်းခွင့်ရခဲ့ပါတယ်။သူမ က တော့ ဘောလိဝုဒ်ရဲ့ နာမည်ကြီး မင်းသမီး တစ်ယောက် ဖြစ်သလို Miss World အလှမယ် ဟောင်းတစ်ယောက်ပါ။ Mumbai မှာရှိတဲ့ Nanavati ဆေးရုံ က နေ Aishwarya Rai Bachchan တို့ သားအမိ ဇူလိုင် (၂၇) ရက်နေ့ က ဆေးရုံ ဆင်းခဲ့ကြတာပါ။Abhishek Bachchan က တော့  ဆုတောင်း ပေးခဲ့ ကြသူတွေ ကို ကျေးဇူး တင် ကြောင်း တွစ်တာ မှာ Post တင်ပြီး ပြောခဲ့ပါတယ်။သူနဲ့ သူ့ အ ဖေ Amitabh Bachchan တို့ ကလည်း ဘော လိဝုဒ်ရဲ့ နာမည်ကြီး အနုပညာရှင် တွေဖြစ်ပြီး သူတို့  သားအဖ က တော့ ဆေးရုံမှာပဲ ဆက် နေ နေ ရတုန်းပါ။ဒီ သ တင်းကို BBC မှာ ဖော်ပြထားပါတယ်။

 

View this post on Instagram

 

My Sunshine Forever☀️✨ LOVE YOU ❤️

A post shared by AishwaryaRaiBachchan (@aishwaryaraibachchan_arb) on

သူတို့ သား အ ဖ က တော့ ကိုဗစ် ကူးစက်ခံရ လို့ ဒီလ အ စောပိုင်းတည်းက ဆေးရုံ တက် နေ ခဲ့ရတာပါ။Amitabh Bachchan  ရဲ့ ချွေးမ နဲ့ မြေး Aishwarya နဲ့  Aaradhya  တို့ က တော့ ကံ ကောင်းစွာ နဲ့ပဲ Negative အ ဖြေ ထွက် ခဲ့ပါတယ်။  ဆေးရုံ ဆင်းလာရတဲ့ သားအမိ က တော့ အိမ်မှာပဲ ဆက် နေ ကြမှာပါ။” အ ဖေ နဲ့ ကျ တော် က တော့ ဆေးရုံ ၀န်ထမ်းတွေရဲ့ စောင့်ရှောက်မှု နဲ့ အတူ ဆေးရုံမှာပဲ ဆက် နေ သွားအုံးမှာပါ..” လို့ Bachchan က ပြောခဲ့ပါတယ်။Amitabh Bachchan က တော့ အသက် (၇၇)နှစ်အရွယ် မင်းသားကြီး တစ်ယော က်ပါ။ဇူလိုင် (၁၂)မှာကိုရိုနာ  Positive အ ဖြေ ထွက် ခဲ့ပါတယ်။သား အဖ နှစ် ယောက် အကူးခံရပြီးနောက် ချွေးမ နဲ့ မြေး ကို စစ်ကြည့်တဲ့ အခါ မှာလည်း Positive အ ဖြေ ထွက်ခဲ့တာပါ။

 

View this post on Instagram

 

✨✨

A post shared by AishwaryaRaiBachchan (@aishwaryaraibachchan_arb) on

ဇူလိုင် (၂၇)ရက်နေ့က ဖော်ပြချက်အရ (၂၄)နာရီ အတွင်းမှာပဲ ကိုဗစ် ကူးစက်ခံရသူ လူနာ အသစ် (၅၀,၀၀၀) နီးပါး ရှိ ခဲ့ပါတယ်။လက်ရှိမှာတော့ အကူးခံရသူ စုစုပေါင်း (၁.၄)သန်းအထိ တောင်ရှိလာခဲ့ပါတယ်။အ မေရိကန် နဲ့ ဘရာဇီး ပြီး ရင် ကမ္ဘာ ပေါ်မှာ ကိုဗစ် ကူးစက်နှုန်း  တတိယ အများဆုံး နိုင်ငံ ပါ။သေဆုံးသူ က တော့ (၃၀,၀၀၀) ကျော် အထိ ရှိခဲ့ပါတယ်။Maharashtra ပြည်နယ် တစ်ခု တည်းမှာပဲ ကူးစက်ခံရသူ (၃၇၅,၀၀၀) ကျော် အထိ ရှိခဲ့ပါတယ်။

 

View this post on Instagram

 

✨Always ✨

A post shared by AishwaryaRaiBachchan (@aishwaryaraibachchan_arb) on

#SHWEMOM

SHARE