သေချာပေါက် ကြည့်သင့်တဲ့ Ajay Devgn ရဲ့ ဇာတ်ကား (၅) ကား

Image:IG/Ajay Devgn

ဘောလိဝုဒ် မင်းသားကြီး Ajay Devgn ကတော့ မြန်မာပရိသတ်တွေ ကြားမှာ နာမည်ကြီးတဲ့ ဘောလိဝုဒ် မင်းသားကြီးပါ။မင်းသားချော မှ ဇာတ်ကားကို ကြည့်တယ်ဆိုရင်တော့ Ajay Devgn  ရဲ့ ဇာတ်ကားတွေကို ရှောင်သင့်ပါတယ်။သူက သဘာဝ မင်းသားဖြစ်ပြီး ရာဇ၀တ်မှု ဇာတ်ကားမျိုးတွေ အရိုက်များပါတယ်။Ajay Devgn ရဲ့  ဇာတ်ကားကောင်းတွေ အများကြီးထဲကမှ  Shwemom စာဖတ်သူတွေ အတွက် ဇာတ်ကားကောင်းတစ်ချို့ကို အကြံပြု ရွေးချယ် ပေးချင်ပါတယ်။တခြား ကိုယ်ကြိုက်တဲ့ ဇာတ်ကားကောင်းတွေရှိရင်လည်း ဝေမျှ ပေးခဲ့ အုံးနော်…။

(1)Drishyam (2015)

မကြည့်လိုက်မိရင် သေချာ ပေါက် နောင်တရ စေမယ့် ဇာတ်ကားပါ။ဇာတ်လမ်းအစ ကနေ ဇာတ်လမ်းဆုံးတဲ့ အထိ ကြည့်တဲ့ သူကို အသက်ရှုဖို့ မေ့ နေ လောက်တဲ့ အထိ ဆွဲ ခေါ် သွားနိုင်တဲ့ ဇာတ်ကားပါ။စလယ် ဆုံး ဇာတ်ရှိန် ကျ တယ်ဆိုတာ မျိုးမရှိပါဘူး။ဇာတ်ကားက တော်တော်လေးကို ကောင်းပါတယ်။မူခင်းဇာတ်ကား အမျိုးအစားပါ။Vijay Salgaonkar (Ajay Devgn) တို့ ရဲ့ အေးချမ်းနေတဲ့ မိသားစု ဘ၀ ထဲကို ထင်မှတ် မထားတဲ့ မရည်ရွယ်တဲ့ ကံ ဆိုးမှု တစ်ခု ကျ လာခဲ့ပါတယ်။Vijay Salgaonkar ဆိုသူက မိသားစုကို ဘယ်လို အလိမ္မာတွေ ဥာဏ် နီဥာဏ် နက်တွေ သုံးပြီး ကာကွယ်သွားမလဲ ဆိုတာကို ဒီကားထဲမှာ အသဲ တယားယား ကြည့်ရမှာပါ။Vijay Salgaonkar  တစ်ယောက် ရှုံးသွားပြီး လားဆိုပြီး ပရိသတ်တွေကို အသက်ရှုဖို့ မေ့ သွားတဲ့ အထိ ဇာတ်ရှိန် ကို အမြင့်ဆုံး အထိ တင်လိုက်တဲ့ အခန်းတစ်ခန်းရှိပါတယ်။တကယ်ကောင်းတဲ့ ဇာတ်ကားလေးမို့ ကြည့်ဖြစ်အောင် ကြည့်နော်။

READ
၆နှစ်အကြာလက်တွဲပြီးနောက်လမ်းခွဲခဲ့ကြတဲ့Demi Lovatoတို့စုံတွဲ

(2)The Legend of Bhagat Singh (2002)

ဒီဇာတ်ကားနဲ့ Devgn တစ်ယောက် အကောင်းဆုံး မင်းသားဆု ရခဲ့ပါတယ်။ဆု (၈)ဆုလောက် ဆန်ခါ တင် စာရင်းဝင်ခဲ့ပြီး (၃)ဆု ရခဲ့ပါတယ်။Best Background Score (Rahman), Best Film (Critics) (Kumar Taurani, Ramesh Taurani) ၊ Best Actor (Critics) (Devgn) ဆုတို့ကို ရခဲ့တာပါ။ဒီဇာတ်ကား ကတော့ အတ္ထုပ္ပတိ ဇာတ်ကားပါ။Bhagat Singh ဆိုတဲ့ ဆိုရှယ်လစ်တော် လှန်ရေးသမား တစ်ယောက်ရဲ့ အကြောင်းကို ရိုက်ထားတာပါ။ဗြိတိလျှ တွေ ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ဆန့်ကျင်သူ ဖြစ်ပြီး အသက် (၂၃)နှစ် အရွယ်မှာ ကွပ် မျက်ခံလိုက်ရတဲ့ သူပါ။သူ့ကို ဆိုရင်တော့ အိန္ဒိယ လွတ်လပ်ရေး လှုပ်ရှားမှုရဲ့ သူရဲ ကောင်းလို့ တောင် သတ်မှတ် ထားကြတာပါ။အိန္ဒိယက အတ္ထုပ္ပတိ ဇာတ်ကား တွေ ရိုက်ရင် ဘယ်လောက် ကောင်းလဲ ဆိုတာ  ဘောလိဝုဒ် ရုပ်ရှင် ချစ်သူတွေ ဆိုရင်တော့ သိပြီးသားမို့ အထူးမညွှန်းတော့ဘူးနော်..။

(3)Tanhaji: The Unsung Warrior (2020)

ဒီကားကတော့  အချိန် ပေးသေချာ ရိုက်ထားတဲ့ ဇာတ်ကားဆိုတာ Trailer ကြည့်ရင်သိနိုင်ပါတယ်။(၂၀၂၀) ဇန်န၀ါရီ (၁၀)ရက်နေ့ ကမှ ထွက်ထားတာပါ။ Ajay Devgn ရဲ့ ပရိသတ်လည်း ဖြစ်မယ်၊ ဘောလိဝုဒ်  ရာဇ၀င် ကား တွေကို ကြိုက်ရင်တော့ သေချာ ပေါက်ရွေးချယ် သင့်ပါတယ်။(၁၇)ရာစု လောက်တုန်းက Tanaji Malusare ဆိုတဲ့ စစ် ခေါင်းဆောင် တစ်ယောက်ရဲ့ အကြောင်းကို အခြေခံ ရိုက်ထားတာပါ။သူဟာMaratha အင်ပါယာကို ထူထောင် ခဲ့တဲ့သူပါ။Trailer ကလည်း တော်တော်လေး မိုက်တာမို့ သေချာ ပေါက် ဇာတ်ကားကောင်းလေး ဖြစ်မှာပါ။

READ
ပရိသတ်အများစု သိပ်မသိကြတဲ့ Sunny Leone ရဲ့ ဘ၀အစိတ်အပိုင်းအချို့

(4) Aakrosh (2010)

မူခင်းကားကြိုက်သူ တွေ ရွေးချယ်သင့်တဲ့ နောက်ထပ် ဇာတ်ကားကောင်းတစ်ကားပါ။ဆေးကျောင်းသူ () ယောက် ရွာလေးတ စ်ရွာမှာ ပျောက်ဆုံးသွားခဲ့ပါတယ်။နှစ် လ ကြာတဲ့ အထိ ဘယ်မှာမှ အစ အန မပေါ် ပဲ ပျောက်နေတဲ့ ကျောင်းသူတွေကို ရှာဖွေ ပေးဖို့ မီဒီယာနဲ့ ကျောင်းသား၊ကျောင်းသူတွေ က တောင်းဆို ခဲ့ကြပါတယ်။အဲ့ဒီ ကျမှ အားဏာ ပိုင်တွေက ဗဟို စုံစမ်းစစ်ဆေးရေး အဖွဲ့ ကို ဒီအမှုကို အ ဖြေရှာဖို့ အမိန့် ပေးခဲ့ပါတယ်။

(5)Shivaay (2016)

Shivaay (2016) ဇာတ်ကား ကတော့ အမှန်အတိုင်း ၀န်ခံရရင် ဇာတ်လမ်း အကြောင်းအရာထက် ကြည့်တဲ့ သူကို တော်တော် လေး မျက်စိ ပသာဒ ဖြစ်စေတဲ့  နောက်ခံ ရှုခင်းတွေ၊ရိုက်ချက် တွေ ကို ပိုကြိုက်ပါတယ်။Best Special Effects  ဆု ကိုပါ ရထားတာပါ။တောင်တက်သမား တစ်ယောက်ရဲ့ အချစ်တွေနဲ့ စွန့်စားခန်းတွေကို  တွေ့ရမှာပါ။အက်ရှင်ရော ရိုမန့် ပါ ဒီကားထဲမှာ အစုံပါပါတယ်။

#SHWEMOM

 

SHARE