MasterChef Myanmar ဖိုင်နယ်ပြိုင်ပွဲကို တက်ရောက်သွားတဲ့ နေအောင်နဲ့ အာကာ

Image:fb/Nay Aung & Arkar/MasterChef Myanmar

MasterChef Myanmar Season 2 ပြိုင်ပွဲကြီး ပြီးဆုံးမယ့် အချိန်ကတော့ တဖြည်းဖြည်းနီးကပ်လာပါပြီ။ပြိုင်ပွဲ ၀င်တွေကို အပတ်တိုင်း မတူညီတဲ့ Challenge တွေနဲ့ ယှဉ်ပြိုင်စေခဲ့ကာ တစ်ယောက်စီ ထုတ်ပယ်လာခဲ့တာဟာ အခုဆိုရင်တော့ နောက်ဆုံး ဖိုင်နယ်ပြိုင်ပွဲကြီးကို ယှဉ်ပြိုင်ဖို့ နှစ်ယောက်ပဲ ကျန်ပါတော့တယ်။မြန်မာနိုင်ငံရဲ့ အအောင်မြင်ဆုံး နာမည်ကြီးဆုံး ဟင်းချက်ပြိုင်ပွဲကြီးဖြစ်ပြီး ပရိသတ်တွေ စိတ်ဝင်တစားစောင့်ကြည့်တဲ့ ထိပ်တန်း ပရိုဂရမ်အစီအစဉ် တွေထဲက တစ်ခုပါ။

Image:fb/MasterChef Myanmar
Image:fb/MasterChef Myanmar

နောက်ဆုံးကျန်တဲ့ ပြိုင်ပွဲဝင် (၃)ယောက်ရဲ့ အကြိတ်အနှယ်ယှဉ်ပြိုင်ပွဲကြီးကိုတော့  ကိုနေအောင်၊ကိုအာကာနဲ့ မရွှန်းရွှန်းအောင် တို့ (၃)ယောက်က ယှဉ်ပြိုင်ခဲ့ကြတာပါ။ယှဉ်ပြိုင်မှုကိုတော့ နိုဝင်ဘာ (၁၇)ရက်နေ့က MRTV 4 မှာ ထုတ်လွှင့်ပြသခဲ့ပါတယ်။အဲ့ဒီနေ့ပွဲမှာတော့ ကိုနေအောင်က Winner ဆုရခဲ့ပြီး အာကာနဲ့ မရွှန်းရွှန်းအောင် တို့က Bottom ထိုင်ခဲ့ရပါတယ်။နောက်ဆုံး ဖိုင်နယ်ပြိုင်ပွဲဝင် အဖြစ် ရွေးချယ်ခံရဖို့ သူတို့နှစ်ယောက်က ထပ်ပြီး ယှဉ်ပြိုင်ခဲ့ရပါတယ်။အဲ့ဒီမှာတော့ မရွှန်းရွှန်းအောင်က ပြိုင်ပွဲ့နေ ထွက်ခွာခဲ့ရပါတယ်။

READ
ရည်းစားဟောင်းနဲ့ပတ်သက်ပြီး တရားဝင် ကြေညာလိုက်တဲ့ သင်ဇာဝင့်ကျော်
Image:fb/MasterChef Myanmar
Image:fb/MasterChef Myanmar

နောက်ဆုံး ဖိုင်နယ် ပြိုင်ပွဲကိုတော့ ကိုနေအောင်နဲ့ ကိုအာကာ တို့ က တက်ရောက်သွားခဲ့ကြပါတယ်။နောက်ဆုံး ဖိုင်နယ်ပြိုင်ပွဲကို တက်ရောက်သွားတဲ့ အရည်အချင်းရှိတဲ့ ဒီ Chef နှစ်ယောက်မှာ ဘယ်သူက MasterChef Myanmar Season 2 Winner ဆုကို ဆွတ်ခူးမလဲ ဆိုတာကိုတော့ စောင့်ကြည့်ရမှာပါ။

Image:fb/Ar Kar
Image:fb/Nay Aung

Photos from -fb/MasterChef Myanmar/Nay Aung/Ar Kar

SHARE