ဧက (၂,၀၀၀)ကျော်ကျယ်ဝန်းတဲ့ ကိုယ်ပိုင်မြို့တော်ကြီး တည်ထောင်တော့မယ့် Akon

Twitter/Akon

အဆိုတော် Akonကတော့ လူတိုင်းစိတ်ဝင်စားမယ့် သတင်းတစ်ပုဒ်ဖန်တီးလိုက်ပါပြီ။ အဲဒီသတင်းကတော့ “Akon City”လို့ အမည်ရတဲ့ မြို့တော်ကြီးတစ်ခုကို Akonကိုယ်တိုင်တည်ထောင်တော့မယ်ဆိုတာပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့ (၁၄.၁.၂၀၂၀)တုန်းက Akonဟာ မကြာခင်မှာ “Akon City”ကြီးကို တည်ဆောက်ဖို့ ကိစ္စအဆုံးသတ်တော့မှာ ဖြစ်ကြောင်း သူ့ရဲ့ Twitterအကောင့်မှတစ်ဆင့် တရားဝင် ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဆိုပါ မြို့တော်ကြီးဟာ ဧက၂၀၀၀ကျော် အကျယ်အဝန်းရှိပြီး အာဖရိကနိုင်ငံ အနောက်ပိုင်း၊ Senegal ခရိုင်မှာ တည်ဆောက်မှာဖြစ်ကြောင်း Bussiness Insider သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

Akonကတော့ ဒီမြို့တော်ကြီးမှာ နေထိုင်သူတွေဟာ Wakanda တွေရဲ့တကယ့်ဘဝအစစ်ကို ခံစားနိုင်မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ Wakandaဆိုတာကတော့ 2018 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Black Panther ဇာတ်ကားထဲက စကားလုံးပါ။ ဆိုလိုရင်းကတော့ “Akon Citu” ကြီးမှာ တကယ့် အာဖရိကန်သူဌေးတွေရဲ့ ချမ်းသာမှုကို မျက်ဝါးထင်ထင်တွေရတော့မယ်လို ပြောချင်တာပါ။

READ
မီဂန်အတွက် ဒစ်စနေ စီအီးအိုဆီက အလုပ်တောင်းခဲ့ဖူးတဲ့ မင်းသားဟယ်ရီ
[email protected]

“အခုတည်ထောင်မယ့်မြို့တော်ဟာ အာဖရိကန်နိုင်ငံသူနိုင်ငံသားတွေ ဂုဏ်ယူရအောင် ကျွန်တော်လုပ်ပေးမှာပါ။ ဒီမြို့တော်ကို နောက်ဆုံးပေါ်နည်းပညာတွေအသုံးပြုပြီး တည်ထောင်သွားမှာပါ။ ဒီမြို့တော်ကို နည်းစနစ်ကျကျတည်ဆောက်မှာပါ။လာမယ့် ၂၀၂၀နှစ်ကုန်ပိုင်းလောက်ကျရင်တော့ စာရွက်စာတမ်းကိစ္စတွေ ပြတ်လောက်ပါပြီ။ အဲဒီအချိန်လောက်မှ စဆောက်ဖြစ်လောက်မှာပါ”လို့ Akonက ရှင်းပြခဲ့ပါတယ်။

[email protected]

Pyi Hein Kyaw

SHARE