Akshay Kumar ဟာ ဘောလီးဝုဒ်ရုပ်ရှင်လောကထဲက ကျော်ကြားတဲ့ မင်းသားတစ်လက်ဖြစ်ပါတယ်။ သူဟာ Jolly LLB 2 ၊ Airlift ၊ Padman အစရှိတဲ့ ဇာတ်ကားတွေနဲ့ လူသိများသူတစ်ဦးပါ။ ဒါပေမယ့် Akshay ဟာ အိန္ဒိယလူမျိုးဖြစ်နေပေမယ့် လက်ရှိမှာ သူကိုင်ဆောင်ထားတာက ကနေဒါပတ်စ်ပို့စ် ဖြစ်ပါတယ်။
Akshay ရဲ့ ပတ်စ်ပို့စ်အကြောင်းကို ပရိသတ်တွေက သိပြီးနောက်မှာတော့ မကျေနပ်သူတွေလည်း ရှိနေကြောင်း storypick သတင်းက ဆိုပါတယ်။ အိန္ဒိယလူမျိုးအဖြစ်နဲ့ အိန္ဒိယမှာ မင်းသားလုပ် စီးပွားရှာနေပြီး ကိုင်တော့ ကနေဒါပတ်စ်ပို့ကိုင်ထားတယ်လို့ဆိုကာ လူတွေက ဝေဖန်နေကြတာ ဖြစ်ပါတယ်။

ဒါပေမယ့် မကြာသေးခင်ကတော့ Akshay ဟာ ဘောလီးဝုဒ်မင်းသမီး ကရီးကာပူးရ်ခန်နဲ့အတူ ဟင်ဒူစတန်တိုင်းမ်ခေါင်းဆောင်မှုဆွေးနွေးပွဲတစ်ပွဲကို တက်ရောက်လာပါသေးတယ်။ ထိုပွဲမှာတော့ Akshay က “ပတ်စ်ပို့ပြောင်းဖို့အတွက် ကျွန်တော်အခု လျှောက်ထားပြီးပါပြီ။ ကျွန်တော်ဟာ အိန္ဒိယလူမျိုးတစ်ယောက် ဖြစ်ပါတယ်။ ကျွန်တော့်ဇနီး၊ ကျွန်တော့်ကလေးတွေဟာလည်း အိန္ဒိယလူမျိုးတွေပါပဲ။ ဒါပေမယ့် အချိန်တိုင်း ကျွန်တော့်ကို အိန္ဒိယလူမျိုးဟုတ်ရဲ့လားလို့ မေးနေတာ ခံရခက်ပါတယ်။ ကျွန်တော် အခွန်လည်းဆောင်ပါတယ်။ ကျွန်တော့်ဘ၀ကလည်း ဒီမှာပါပဲ…” လို့ ဆိုခဲ့တာပါ။
.@akshaykumar says he has applied for Indian passport, explains how he got Canadian citizenship at #HTLS2019https://t.co/3ni0HbiEKz pic.twitter.com/Jchr9mBYhS
— Hindustan Times (@htTweets) December 6, 2019
ဒါ့အပြင် Akshay က သူဟာ ကနေဒါနိုင်ငံသားအဖြစ် ဘယ်လိုရခဲ့တယ်ဆိုတာကိုလည်း ပြောပြပါသေးတယ်။ “အဲ့ဒီတုန်းက ကျွန်တော်အခက်အခဲလေးတွေ ဖြစ်နေတယ်။ ကိုယ့်ကိုကိုယ် ဘာဆက်လုပ်ရမှန်းလဲ မသိဘူး။ ကနေဒါမှာရှိတဲ့ ကျွန်တော့် မိတ်ဆွေရင်းတစ်ယောက်က ကနေဒါကို လာပြီး အတူအလုပ်လုပ်ပါလားလို့ ဖိတ်ခဲ့တယ်။ ကျွန်တော်လည်း ရုပ်ရှင်အလုပ်ကို ဆက်မလုပ်တော့ဘူး။ ကနေဒါမှာပဲ အခြေချတော့မယ်လို့ စိတ်ကူးခဲ့ပါတယ်။ ဒီလိုနဲ့ပဲ ကျွန်တော် ကနေဒါမှာ နိုင်ငံသားလျောက်ခွင့်ရသွားတယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့ (၁၅) ကားမြောက်ရိုက်တဲ့ ရုပ်ရှင်က မထင်မှတ်ပဲ အောင်မြင်သွားတော့ အနုပညာလမ်းကြောင်းပေါ် ပြန်ရောက်ခဲ့ပြန်တယ်။ အလုပ်တွေချည်း ဆက်တိုက်လုပ်နေတော့ ပတ်စ်ပို့ကိုလည်း အာရုံမရှိလို့ မပြောင်းဖြစ်ခဲ့တာပါ…”
Gonna tell my kids this guy became patriot overnight after his canadian citizenship got exposed!
PS: By that time he'd settle in Toronto bcoz it's his home. #AkshayKumar pic.twitter.com/CwD42lRM8p— ♏αnthαn (@Manthansinh_) December 5, 2019
This will backfire big time
What the was the reason to apply for Canadian passport in the first place?
Now this U turn because he thinks his movies will get hampered if he continues with his Canadian citizenship.— Anonymous (@anonymous__1O1) December 6, 2019
Akshay ရဲ့ ဖြေရှင်းချက်နဲ့ ပတ်သက်လို့ ဆိုရှယ်မီဒီယာပေါ်မှာတော့ အမျိုးမျိုးတုံ့ပြန်မှုတွေ ရရှိခဲ့ပါတယ်။ အများစုကတော့ သူ့ကို အားပေးထောက်ခံပေမယ့် အချို့ကလည်း သူ့ပတ်စ်ပို့အကြောင်း လူမသိခင်တုန်းကတော့ ငြိမ်နေပြီး လူသိတော့မှ ပတ်စ်ပို့ပြောင်းမယ်ထလုပ်တဲ့ ကြောင်သူတော်ကြီးလို့လည်း ဆိုနေကြပါတယ်။ ဒါပေမယ့် ဘာပဲပြောပြော သူဟာ အိန္ဒိယရုပ်ရှင်လောကမှာ ဆယ်စုနှစ် (၃) ခုစာလောက်ကို ဖြတ်သန်းခဲ့ပြီး ရုပ်ရှင်လောကကို အကျိုးပြုနေသူတစ်ဦးသာ ဖြစ်တယ်ဆိုတာကိုတာ့ အသိအမှတ်ပြုရမှာပဲ ဖြစ်ပါတော့တယ်။
လင်းလင်း (ShweMom)