ကျန်းမာရေးအတွက် နွားကျင်ငယ်ရည် နေ့တိုင်း သောက်တယ်လို့ ဆိုခဲ့တဲ့ Akshay Kumar

[email protected] akshaykumar

Bollywood ရုပ်ရှင်လောကရဲ့ နာမည်ကြီးမင်းသားတစ်ဦးဖြစ်တဲ့ Akshay Kumar ကိုတော့ Bollywood ပရိသတ်တော်တော်များများ သိကြပြီးဖြစ်မှာပါ။ Akshay Kumar ဟာ Singhan, Kesari, Rustom, Padman, Jolly LLB အစရှိတဲ့ နာမည်ကြီး Bollywood ဇာတ်ကားတွေမှာ ပင်တိုင်မင်းသားအဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီးတစ်ယောက်လည်း ဖြစ်ပါတယ်။ အခုလည်း မကြာသေးခင်အချိန်က အင်တာဗျူးတစ်ခုမှာ Akshay Kumar ဟာ ကျန်းမာရေးကောင်းဖို့အတွက် သူ့အနေနဲ့ နေ့တိုင်းလိုလို နွားကျင်ငယ်ရေကို သောက်သုံးကြောင်း ပြောကြားခဲ့တယ်လို့ Storypick သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

ပြီးခဲ့တဲ့ ရက်တုန်းက Man Vs Wild လို့ အမည်ရတဲ့ တီဗ္ဗီအစီအစဉ်တစ်ခုမှာ Akshay Kumar ဟာ အစီအစဉ်တင်ဆက်သူ Bear Grylls နဲ့ အစီအစဉ်တစ်ခု ရိုက်ကူးခဲ့ပါတယ်။ အဆိုပါ အစီအစဉ်မှာ Bear နဲ့ Akshay Kumar ဟာ Discovery Channel အတွက် အိန္ဒိယနိုင်ငံတစ်ဝန်း ခရီးလှည့်လည်ပြီး ရိုက်ကူးခဲ့ရတာပါ။ အစီအစဥင်္ထဲမှာ Akshay Kumar ဟာ ဆင်ချေးလက်ဖက်ရည်ကို သောက်ရတဲ့အချိန်မှာ Bear က Akshay Kumar ကို မရွံ့ဘူးလားလို့ မေးမြန်းခဲ့ပါတယ်။ ဒါပေမယ့် Akshay Kumar ရဲ့ အဖြေကြောင့် ပရိသတ်တွေခမျာမှာ တော်တော်လေးအံ့အားသင့်ခဲ့ရပါတယ်။ Akshay Kumar ရဲ့ အဖြေကတော့ သူဟာ နေ့တိုင်းလိုလို ကျန်းမာရေးအရ နွားကျင်ငယ်ရေတောင် ဒီအတိုင်းသောက်တာကြောင့် သူ့အနေနဲ့ ဆင်ချေးလက်ဖက်ရည်ကို မရွံကြောင်း ဖြေကြားခဲ့တာပါ။

READ
အမိုက်စား ကောက်ကြောင်းအလှနဲ့ ပုံရိပ်တွေ တင်လိုက်တဲ့ ဆုလှိုင်ဝင်း

 

 

View this post on Instagram

 

Sometimes it’s best to sit it out 😷 #ThisTooShallPass

A post shared by Akshay Kumar (@akshaykumar) on

“တကယ်တမ်းတော့ ဆင်ချေးလက်ဖက်ရည်ဆိုတာ ရွံစရာ မဟုတ်ပါဘူး။ ကျန်းမာရေးအရ အင်မတန်ကို ကောင်းမွန်တဲ့အရာတစ်ခုပါ။ ဘာကြောင့် လူတွေက ဒါကို ရွံစရာလို့ မြင်နေလဲ ကျွန်တော်စဉ်းစားလို့ မရပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်ဆို နေ့တိုင်းလိုလို ကျန်းမာရေးကောင်းဖို့အတွက် နွားကျင်ငယ်ရည်ကို ဒီအတိုင်းတောင် သောက်ပါတယ်”လို့ Akshay Kumar က ပြောကြားခဲ့ပါတယ်။

READ
PARIS FASHION WEEK ကိုအတူတက်ရောက်ကြမယ့် ဝတ်မှုန်ရွှေရည်၊ နေခြည်ဦးနဲ့ We Wee

 

 

View this post on Instagram

 

Either you run the day or the day runs you 👊🏻 #MondayVibes #LetsDoThis

A post shared by Akshay Kumar (@akshaykumar) on

Pyi Hein Kyaw

SHARE