အပိုတွေအရမ်းလုပ်တဲ့ မင်းသားတစ်ယောက်ဆိုပြီး ဝေဖန်ခံနေရတဲ့ Akshay Kumar

[email protected] akshaykumar

Bollywood ရုပ်ရှင်လောကရဲ့ နာမည်ကျော် မင်းသားကြီးတစ်ဦးဖြစ်တဲ့ Akshay Kumar ကိုတော့ Bollywood ရုပ်ရှင်ချစ်ပရိသတ်တော်တော်များများ သိရှိကြပြီး ဖြစ်မှာပါ။ Akshay Kumar ဟာ အိန္ဒိယနိုင်ငံရဲ့ ထင်ရှားတဲ့ မင်းသားတစ်ယောက် ဖြစ်ရုံသာမက သူသရုပ်ဆောင်တဲ့ ဇာတ်ကားတိုင်းမှာ သဘာဝကျကျ သရုပ်ဆောင်နိုင်လို့လည်း ပရိသတ်ပေါင်း မြောက်ပြားစွာကို ပိုင်ဆိုင်ထားတဲ့ မင်းသားကြီးတစ်ယောက် ဖြစ်ပါတယ်။ အခုတော့ Akshay Kumar ကြီးဟာ အလုပ်ပိုတွေ လုပ်တဲ့ မင်းသားတစ်ယောက်၊ လက်တွေ့လောကမှာပါ Drama တွေချိုးနေတဲ့ မင်းသားတစ်ယောက်အဖြစ် လူအများက ဝိုင်းဝန်းဝေဖန်နေကြပါတယ်။

 

ဒီလိုမျိုး ဝေဖန်နေတဲ့ အကြောင်းကလည်း ပြီးခဲ့တဲ့ အင်္ဂါနေ့(၂၆.၁.၂၀၂၁)တုန်းက Akshay Kumar ပြုလုပ်ခဲ့တဲ့ Mission Paani Waterthon ပွဲကြောင့်ပါ။ အဲဒီပွဲကို Akshay Kumar ကိုယ်တိုင် ဦးဆောင်ပြီး ပြုလုပ်ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ပွဲရဲ့ ရည်ရွယ်ချက်တော့ ရေရဖို့အတွက် ဝေးလံတဲ့ ခရီးတစ်ခုကို လမ်းလျှောက်ပြီး ရေသွားခပ်ရတဲ့ အမျိုးသမီးတွေရဲ့ ဒုက္ခကို မျှဝေခံစားတဲ့ ပွဲတစ်ပွဲပါပဲ။ ဒီလိုမျိုး အဝေးကြီးသွားပြီး ရေခပ်ရတဲ့ ဒုက္ခကို သိနိုင်ဖို့ ရည်ရွယ်ပြီး Akshay Kumar ဟာ ၂၁ ကီလိုမီတာအကွာအဝေးတစ်ခုကို လမ်းလျှောက်စက်ပေါ်မှာ ပြေးပြခဲ့တာပဲ ဖြစ်ပါတယ်။

READ
အမိုက်စားအိမ်ကြီးကို အမြန်ဆုံး ရောင်းပစ်ချင်နေတဲ့ Justin Bieber

 

 

View this post on Instagram

 

A post shared by Akshay Kumar (@akshaykumar)

ဒီလိုမျိုးပြေးပြတဲ့အကြောင်းဟာ ဆိုရှယ်မီဒီယာမှာ တော်တော်လေး ပျံ့နှံ့ခဲ့ပြီး Akshay Kumar ဟာ အပိုအလုပ်တွေလုပ်နေတဲ့ မင်းသားတစ်ယောက်အဖြစ် လူအများက ဝိုင်းဝန်းဝေဖန်ခဲ့ကြတာ ဖြစ်ပါတယ်။ တစ်ချို့ကလည်း အဲ့ဒီ ဒုက္ခတွေကို သိချင်ရင် သူကိုယ်တိုင် အဲဒီနေရာတွေကိုသွားပြီး ရေထမ်းကြည့်မှ သိနိုင်မှာဖြစ်ကြောင်း၊ ဒီလိုမျိုး Air-con အခန်းလေးထဲမှာ sneaker လေးစီးပြီး လမ်းလျှောက်စက်ပေါ်မှာ ကြွကြွရွရွလေး လမ်းလျှောက်မနေသင့်ကြောင်း မှတ်ချက်မျိုးစုံပေးကာ ဝေဖန်ခဲ့ကြပါတယ်။

 

 

 

Pyi Hein Kyaw

SHARE