ဆင်မကြီးသေဆုံးမှုအတွက် တရားမျှတအောင် စီရင်ပေးဖို့ တောင်းဆိုခဲ့တဲ့ Akshay Kumar

[email protected]

လူဆိုတာလဲ သတ္တဝါပါပဲ။ တိရစ္ဆာန်ဆိုတာလဲ သတ္တဝါပါပဲ။ ဘာလို့ သတ္တဝါချင်းတူတဲ့ တိရစ္ဆာန်တွေအပေါ်မှာ လူသားတွေက ကိုယ်ချင်းစာစိတ်မရှိကြတာလဲ နားမလည်နိုင်ပါဘူး။ လူဆိုတာ တိရစ္ဆာန်ထက်ကိုတောင် အသိဥာဏ်ပိုရှိတတ်ကြပါတယ်။ ဒါပေမယ့် တစ်ချို့လူတွေကတော့ လူခန္ဓာကိုယ်နဲ့ တိရစ္ဆာန်ထက် နိမ့်ကျတဲ အသိဥာဏ်မျိုး ရှိတတ်ကြပါတယ်။ ပြီးခဲ့တဲ့ မေလ ၂၇ ရက်နေ့က လူတွေရဲ့ ပယောဂကြောင့် သေဆုံးခဲ့တဲ့ ဆင်မကြီးအမှုအတွက် တရားမျှတမှုရရှိအောင် အမြန်ဆုံးဖော်ထုတ်ပေးဖို့ Bollywood ရဲ့ နာမည်ကြီးမင်းသားတစ်ဦးဖြစ်တဲ့ Akshay Kumar က သူ့ရဲ့ Twitter အကောင့်မှတစ်ဆင့် တောင်းဆိုခဲ့ကြောင်း Pinkvilla သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

https://www.instagram.com/p/B3bZrdyHdrZ/

ပြီးခဲ့တဲ့ မေလ ၂၇ ရက်နေ့မှာ Kerla ပြည်နယ်ရှိ ဆင်စခန်းတစ်ခုက ဆင်မကြီးသေဆုံးခဲ့ရပါတယ်။ ဒီလိုသေဆုံးခဲ့တာကလည်း လူတွေကျွေးတဲ့ နာနတ်သီးတစ်လုံးကို စားလိုက်မိလို့ပဲ ဖြစ်ပါတယ်။ အဲဒီနာနတ်သီးထဲကို တစ်စုံတစ်ယောက်က ဗျောက်အိုးအပြင်းစားတွေ ထည့်ထားတာပဲ ဖြစ်ပါတယ်။ အသက် ၁၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဆင်မကြီးဟာ အဲဒီနာနတ်သီးကိုစားပြီးပြီးချင်း မကြာခင် ဗျောက်အိုးဟာ အကြီးအကျယ်ပေါက်ကွဲခဲ့ပါတယ်။

ဒီလိုဖြစ်ဖြစ်ပြီးချင်း ဆင်မကြီးဟာ အနီးနားမှာရှိတဲ့ မြစ်ထဲကို ပြေးဆင်းခဲ့ပါတယ်။ အကြောင်းကတော့ အရမ်းအပူလောင်နေပြီး ဗိုက်ထဲမှာ ကိုယ်ဝန်လွယ်ထားရတဲ့ ဆင်ပေါက်လေးတစ်ခုခုဖြစ်မှာ စိုးရိမ်လို့ပါပဲ။ အဲဒီနောက်မှာတော့ ဆင်မကြီးဟာ မြစ်ထဲမှာ ရပ်နေရင်း တဖြည်းဖြည်းလဲကျကာ နောက်ဆုံးမှာ သေဆုံးခဲ့ရပါတယ်။ ဆင်မကြီးရဲ့ ဗိုက်ထဲမှာရှိတဲ့ ဆင်ပေါက်လေးခမျာမှာလည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

“လူတွေဟာ တော်တော်ကို ရက်စက်ကြပါတယ်။ အဲဒီသေဆုံးသွားတဲ့ ဆင်မကြိးခမျာ ဘယ်လောက်တောင် ဝေဒနာဆိုးကြီးကို ခံစားလိုက်ရမလဲ။ တစ်ခြားမတွေးနဲ့။ ဒီအတိုင်းလက်ထဲမှာ မီးခဲတစ်ခဲကို ကိုင်ကြည့်လိုက်။ ဘယ်လောက်တောင်ပူလိုက်မလဲ။ အဲဒီပူတဲ့ ဝေဒနာရဲ့ အဆပေါင်းများစွာကို အဲဒီဆင်မကြီး ခံစားသွားရတာပါ။ ဒီလို မတရားမှုကြောင့် သေဆုံးသွားတဲ့ ဆင်မကြီးအတွက် တရားမျှတမှုကို လိုချင်ပါတယ်။ တာဝန်ရှိသူတွေ အမြန်ဆုံး အရေးယူဆောင်ရွက်ပေးဖို့ ကျွန်တော်တောင်းဆိုချင်ပါတယ်” လို့ Akshay Kumar က ပြောကြားခဲ့ပါတယ်။

READ
Liam လေးပါတဲ့ ပုံတွေမှာ "Sad React " မပေးဖို့ မေတ္တာရပ်ခံလိုက်တဲ့ ခေးလေး

Pyi Hein Kyaw

SHARE