Aladdin 2 ရိုက်ကူးဖို့ စီစဉ်နေပြီဖြစ်ကြောင်း အတည်ပြုခဲ့တဲ့ Disney ကုမ္ပဏီ

Disney- Aladdin

Aladdin ဇာတ်ကားကတော့ ဒီကပရိသတ်တော်တော်များများရဲ့စိတ်ကို ဖမ်းစားနိုင်ခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားဆိုလဲ မမှားပါဘူး။ လက်ရှိအချိန်မှာ Disney ကတော့ Aladdin ဇာတ်ကားကို နောက်ထပ်တစ်ကားထပ်ရိုက်ကူးဖို့ရှိနေပြီး အဲဒီဇာတ်ကားဟာ Aladdin 2 အဖြစ် ထွက်လာမှာဖြစ်ကြောင်း Screen Rant သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

[email protected]

အရင်ထွက်ရှိခဲ့တဲ့ Aladdin ဇာတ်ကားမှာကတော့ တစ်ကမ္ဘာလုံးအတိုင်းအတာအနေနဲ့ အမေရိကန်ဒေါ်လာ (၁) ဘီလီယံကျော် အမြတ်ရရှိခဲ့ပါတယ်။ အဆိုပါ ဇာတ်ကားကိုတော့ ဒါရိုက်တာ Guy Ritchie က ရိုက်ကူးခဲ့ပြီး Aladin အဖြစ် Mena Massoud, Jasmine အဖြစ် Naomi Scott နဲ့ မီးခွက်စောင့် ဘီလူးကြီး Jennie အဖြစ် Will Smith တို့က သရုပ်ဆောင်ခဲ့တာပဲ ဖြစ်ပါတယ်။

[email protected]

Variety သတင်းဌာနက ဖော်ပြချက်အရဆိုရင်တော့ Disney ဘက်ကနေပြီးတော့ လက်ရှိမှာ Aladdin 2 ဇာတ်ကားရိုက်ဖို့အတွက် အတည်ပြုခဲ့ပြီး ဇာတ်ညွှန်းရေးဖို့အတွက်ကိုတောင် လူနှစ်ယောက် ဌားထားပြီးပြီဖြစ်ကြောင်း သိရပါတယ်။ အဲဒီ ဇာတ်ညွှန်းရေးဆရာနှစ်ယောက်ကတော့ Flight ဇာတ်ကားကို ရေးပေးခဲ့တဲ့ John Gatins နဲ့ Straight Outta Compton ဇာတ်ကားရဲ့ ဇာတ်ညွှန်းရေးဆရာ Andrea Berloff တို့ပဲ ဖြစ်ပါတယ်။

Aladdin 2 ကိုတော့ အရင် Aladdin ဇာတ်ကားရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Guy Ritchieပဲ ပြန်လည်ရိုက်ကူးမှာ ဖြစ်ပါတယ်။ Aladdin 2 ဇာတ်ကားမှာတော့ Will Smith, Scott နဲ့ Massoud တို့ပဲ ပြန်လည်ပါဝင်ဖို့ရှိနေပြီး လက်ရှိအချိန်မှာတော့ ဇာတ်ညွှန်းရေးပြီးတဲ့အချိန်မှ သရုပ်ဆောင် မင်းသား၊ မင်းသမီးတွေနဲ့ ရိုက်ကူးဖို့ အချိန်ပြန်ညှိမှာဖြစ်ကြောင်း သိရပါတယ်။

READ
ရေသူမလေးတစ်ယောက်အလား အထင်မှားရအောင် ချစ်စရာကောင်းနေတဲ့ နွယ်နွယ်ထွန်း

Pyi Hein Kyaw

SHARE