ဘယ်ရုပ်ရှင်ကုမ္ပဏီကမှ ကမ်းလှမ်းခြင်း မခံရသေးလို့ စိတ်ညစ်နေတဲ့ အာလာဒင်မင်းသား

Aladdin

Disney က ထုတ်လုပ်ခဲ့တဲ့ 1992 ခုနှစ်တုန်းက Aladdin cartoon ကတော့ ယနေ့အချိန်အထိကို ကမ္ဘာအနှံ့မှာ အမေရိကန်ဒေါ်လာ ၅၀၄ မီလီယံရရှိထားခဲ့ပါပြီ။ နောက် ၂၀၁၉ ခုနှစ်မှာ တော့ Aladdin ကို Disney ကနေပဲ live action အနေနဲ့ ရုပ်ရှင်ပြန်ထုတ်ခဲ့ပါတယ်။ Live action ဟာလည်း တစ်ကမ္ဘာလုံး အတိုင်းအတာအနေနဲ့ ၁ ဘီလီယံတောင်ရရှိကာ box office ဝင်ထားခဲ့တဲ့ရုပ်ရှင်ပဲဖြစ်ပါတယ်။

Imdb/Aladdin

Aladdin live action ရုပ်ရှင်မှာတော့ Will Smith, Naomi Scott နဲ့ ဟောလိဝုဒ်အတွက် မျက်နှာသစ်မင်းသား Mena Massoud တို့ ပါဝင်ခဲ့တာပါ။ Will Smith ကတော့ ပြောစရာမလိုအောင် ဝါရင့်သဘာရင့် အနုပညာရှင်တစ်ယောက်ဖြစ်ပြီး Naomi Scott ဟာဆိုရင်လည်း သူ့ဟာနဲ့သူ နာမည်ရနေခဲ့တဲ့ မင်းသမီးတစ်လက်ပါပဲ။ နောက်ဆုံးထွက် Power Ranger ထဲမှာ ပန်းရောင်ရိန်းဂျားလုပ်တာ Naomi Scott ပေါ့။

READ
ရေကူးကန်ထက်က အလှပုံရိပ်တွေကို မျှဝေလိုက်တဲ့ နန်းအမရာ

ဒါပေမဲ့ တစ်ခုရှိတာက မင်းသား Mena Massoud ကတော့ ဟောလိဝုဒ်မှာတော့ လုံးဝနီးပါးလိုလို မျက်နှာသစ်ဖြစ်နေခဲ့တာပါ။ တော်ရုံမမြင်ဖူးတဲ့ မင်းသားဖြစ်ပေမယ့်လည်း Mena Massoud ရဲ့ သရုပ်ဆောင်မှုတွေဟာ Aladdin ဆိုတဲ့ ဇာတ်ကောင်လေးနေရာမှာ တော်တော်လေးကို လိုက်ဖက်ညီနေတယ်ဆိုတာ ရုပ်ရှင်ကြည့်ပြီးတဲ့သူတိုင်း သိကြမှာပါ။

Imdb/Aladdin
Imdb/Aladdin

ဘယ်လိုပဲမျက်နှာသစ်မျိုးဖြစ်နေပါစေ ဒီလိုနာမည်ကြီး live action မှာ အဓိကဇာတ်ဆောင်နေရာက ပါဝင်ခွင့်ရခဲ့မယ်ဆိုရင် ပရိုဂျူဆာတွေ၊ ဒါရိုက်တာတွေရဲ့ မျက်စိကျခြင်းကို အနည်းနဲ့အများခံရမှာဖြစ်ပြီး ရုပ်ရှင်ရိုက်ဖို့အတွက် ကမ်းလှမ်းတာမျိုး audition ဝင်ခိုင်းတာမျိုးတွေအထိ ဖြစ်လာဖို့ အခွင့်အရေးတွေ အများကြီးပိုင်ဆိုင်သွားခဲ့ပါပြီ။

ဒါပေမဲ့လည် ကျွန်တော်တို့ရဲ့ Mena Massoud ကတော့ Aladdin ထွက်ခဲ့တဲ့ ၂၀၁၉ ခုနှစ် မေလ ၈ ရက်နေ့ကတည်းက အခုအချိန်အထိ သူ့ဆီကို ဘယ်လိုကမ်းလှမ်းမှုမျိုးမှ မရခဲ့ပါဘူးတဲ့။ ဒီအကြောင်းကို မီဒီယာတွေကတစ်ဆင့် ရင်ဖွင့်ပြောပြလာခဲ့တာကိုကြည့်မယ်ဆိုရင် သူ့အနေနဲ့ အတော်လေးကို စိတ်ထိခိုက်နေပုံပါပဲ။ နောက် “Aladdin တောင် ၁ ဘီလီယံရသွားတယ်လေဗျာ၊ ကျွန်တော်ရုပ်ရှင်ရိုက်ဖို့ audition လေးလောက်တော့ လာခေါ်သင့်ပါတယ်” ဆိုပြီး ပြောလာခဲ့ပါတယ်။

Penny

SHARE