Alan Rickman ကိုတော့ မသိတဲ့လူမရှိသလောက်ပါပဲ။ သူ့ရဲ့ အထင်ကရ ဇာတ်ကောင်တစ်ခုကို ပြောပါဆိုရင် Harry Potter ထဲက Professor Snape လို့ပြောလိုက်တာနဲ့ အာလုံးရင်းနှီးကြမယ်ထင်ပါတယ်။ Variety ရဲ့ဖော်ပြချက်အရ အခုဆိုရင် Alan Rickman ရဲ့ အနုပညာမှတ်တိုင်တစ်ခုကို ကိုယ်တိုင်ကိုယ်ကျ ခံစားဖတ်ရှုရတော့မယ့် အခွင့်အရေးတစ်ခုကို ကြုံတွေ့ရတော့မှာပါတဲ့။

အဲဒါကတော့ Alan Rickman ဟာ သူ့ရဲ့ အနုပညာသက်တမ်း ကာလတစ်ခုမှာ ရေးထားတဲ့ ဒိုင်ယာရီကို ပုံနှိပ်ထုတ်ဝေတော့မှာပဲဖြစ်ပါတယ်။ Harry Potter ဇာတ်လမ်းတွဲတွေထဲ ၂၀၀၁ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိ ၁၀ နှစ်တာကာလအတွင်း ရခဲ့တဲ့ ရိုက်ကွင်းအတွေ့အကြုံတွေကိုလည်း ဒီစာအုပ်ထဲ ထည့်သွင်းရေးထားတဲ့အပြင်ကိုမှ Alan Rickman ရဲ့ အပြင်လောကက မိတ်ဆွေအကြောင်းတွေအပြင် နိုင်ငံရေးအမြင်တွေကိုပါ စာအုပ်ထဲမှာ တစ်စေ့တစ်စောင်းတွေ့ရမှာဖြစ်ပါတယ်။
View this post on Instagram
Alan Rickman အနေနဲ့ ဒိုင်ယာရီကို စရေးခဲ့တာဟာ ၉၀ ခုနှစ် နောက်ပိုင်းနှစ်တွေကတည်းက ဖြစ်ပြီးတော့ အခုဆိုရင် ၂၇ နှစ်တောင်ရှိနေခဲ့ပါပြီတဲ့။ ၂၇ နှစ်အတွင်း Alan Rickman ရဲ့ ဘဝအကြောင်းအပြင် သူ့ရဲ့ အတွေးအမြင်တွေနဲ့ ခံစားချက်တွေကို အတိုင်းသား သိမြင်ရမှဆိုတော့ တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။ သူဟာ ဒိုင်ယာရီကို စရေးကတည်းကိုက တစ်ချိန်ကျရင် ပုံနှိပ်ထုတ်ဝေဖို့ဆိုပြီး ရည်ရွယ်ကာ ရေးခဲ့တာဖြစ်တဲ့အတွက်ကြောင့်လည်း နှစ်ပေါင်း ၃၀ နီးပါးကြာအောင် အလုပ်တစ်ခုအတွက် မြှုပ်နှံထားတယ်ဆိုတာကိုလည်း မချီးကျူးဘဲ မနေနိုင်ပါဘူး။
View this post on Instagram
Alan Rickman ရဲ့ Professor Snape ဖြစ်ခဲ့တဲ့တစ်လျှောက် ရေးခဲ့တဲ့ဒိုင်ယာရီကိုတော့ လာမယ့် ၂၀၂၀ ဆောင်းဦးပိုင်းကာလမှာ ထုတ်လုပ်တော့မှာပါ။ ဒီအပြင် ဒိုင်ယာရီတစ်အုပ်ကို ဖတ်နေရသည့်အလား သူ့ရဲ့မူရင်း လက်ရေးအရေးအသားအတိုင်းပဲ ထုတ်ဝေမှာကလည်း ထူးဆန်းတဲ့ အချက်တစ်ခုပါပဲ။
View this post on Instagram
penny