ခေတ်သစ်ကွန်ပြူတာသိပံ္ပဘာသာရဲ့ဖခင်လို့ တင်စားကြရတဲ့ Alan Turing အကြောင်း

US Navy Cryptanalytic Bombe/Wiki, Alan Turing Aged 16/Wiki

Alan Turing ဟာ ယနေ့ဘာသာရပ်တစ်ခု၊ အသက်မွေးဝမ်းကျောင်းတစ်ခုအနေနဲ့ ရပ်တည်နေတဲ့ ကွန်ပြုတာသိပံ္ပနဲ့ cryptology တို့ကို မွေးထုတ်ပေးခဲ့တဲ့ ဖခင်ကြီးလို့ တင်စားခံနေရတဲ့ ပုဂ္ဂိုလ်တစ်ဦးပါ။ ဒီလိုသမိုင်းတွင်စေဖို့အတွက် အရာအားလုံးကတော့ ဒုတိယကမ္ဘာစစ်ကာလမှာ အစပြုခဲ့ပါတယ်။ ဒီလိုကမ္ဘာကျော်ပုဂ္ဂိုလ်တစ်ယောက်အကြောင်း သိထားသင့်တဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

Alan Turing ရဲ့ ငယ်ဘဝ

လန်ဒန်သားတစ်ဦးဖြစ်ပြီး ၁၉၁၂ ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။ အရွယ်ရောက်ကာမှ လေ့လာအားထုတ်မှု ကောင်းလွန်းလို့ ထိပ်တန်းရောက်ရှိသွားတာမျိုးမဟုတ်ဘဲ ကျောင်းနေအရွယ်ငယ်စဉ်ကတည်းကိုက ကျောင်းစာတွေထဲ မသင်ရသေးတဲ့ ခက်ခဲနက်နဲလှတဲ့ပုစ္ဆာတွေကို အလွယ်တကူပဲ ဖြေရှင်းနိုင်ခဲ့တာကြောင့် ဆရာဆရာမတွေရဲ့ အံ့အားသင့်ချီးကျူးခြင်းကို ခံခဲ့ရတာပါ။ သို့ပေမယ့်လည်း Alan Turing ရဲ့ ငယ်ဘဝဟာ ကလေးချင်းအနိုင်ကျင့်တာတွေကြောင့် သိပ်တော့ ပျော်စရာမကောင်းခဲ့ပါဘူး။ အလယ်တန်းကျောင်းတက်စဉ် ကျောင်းအုပ်က Alan Turing ရဲ့ ပါရမီကို တွေ့သွားခဲ့ပြီး မိဘတွေဆီကို ဒီလိုကျောင်းတွေမှာ ဆက်မထားဘဲ Alan Turing စိတ်ဝင်စားတဲ့ သိပ္ပံပညာရပ်ကို လေ့လာဆည်းပူးနိုင်အောင် ပံ့ပိုးပေးသင့်တယ်လို့ စာပို့အကြံပေးရတဲ့အထိကို ထူးချွန်ခဲ့တာပါ။

ကွန်ပြူတာရဲ့အစကို မွေးထုတ်ပေးခဲ့တဲ့ Alan Turing

၁၉၃၆ ခုနှစ်မှာတော့ Alan Turing ဟာ ပထမဆုံးကွန်ပြူတာရဲ့ နမူနာပုံစံတစ်ခုကို တီထွင်နိုင်ခဲ့ပြီး အဲဒီစက်ကို Turing Machine လို့ နာမည်ပေးထားခဲ့ပါတယ်။ ဒီစက်ကိုအခြေခံပြီးတော့ပဲ ယနေ့ခေတ်ကျွန်တော်တို့ အသုံးပြုနေတဲ့ ကွန်ပြူတာတွေကို ဆင့်ပွားတည်ထွင်ခဲ့ကြတာပဲဖြစ်ပါတယ်။

Alan Turing Aged 16/Wiki

ဂျာမန်တွေကိုထောက်လှမ်းဖို့အတွက် Enigma Code ဖော်ပေးခဲ့ခြင်း

ဒုတိယကမ္ဘာစစ်အတွင်း ဂျာမန်တွေရဲ့ Enigma Code ကို ဖော်လိုက်တာဟာ Turing အတွက်တော့ သမိုင်းတွင်စေမယ့် လုပ်ရပ်တစ်ခုကို လုပ်လိုက်သလိုပါပဲ။ Enigma Code ဆိုတာဟာ ဂျာမန်တွေရဲ့ ရေငုတ်သင်္ဘောလိုမျိုးမှာ အချင်းချင်းလျှို့ဝှက်စွာဆက်သွယ်နိုင်ဖို့ အသုံးတဲ့အချက်ပြစနစ်တစ်ခုပါ။ ၁၉၃၉ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့မှာ စလုပ်ဆောင်ခဲ့ပြီး Enigma Code က စာတွေကို အတိအကျပြန်ဖော်ပြနိုင်မယ့် စက်တစ်ခုကို တည်ထွင်ခဲ့တာပါ။ ဒါကြောင့်လည်း ဒုတိယကမ္ဘာစစ်ကြီးကို ပိုစောစောပြီးသွားစေခဲ့တယ်လို့ ယူဆရပြီး သေချာတာတော့ ဂျာမန်တွေလက်ထဲကနေ ထောင်ချီတဲ့အသက်တွေကို ကယ်တင်ပေးခဲ့တာပဲဖြစ်ပါတယ်။

READ
ကြေကွဲဖွယ်ဖြစ်ရပ်နဲ့ သေဆုံးခဲ့ရတဲ့ ကမ္ဘာ့အရပ်ရှည်ဆုံးလူသားရဲ့ ရှားပါး ဗွီဒီယိုဖိုင်

ဒါပေမဲ့လည်း Enigma Code နဲ့ Alan Turing အကြောင်းကို ဆက်စပ်ပြီးတော့ အပြင်ကိုအသိမခံခဲ့ပါဘူး။ ဗြိတိန်ရဲ့နိုင်ငံရဲ့အတွင်းရေးနဲ့ပတ်သက်တဲ့ အမှုတွဲတွေကို နှစ်ပေါင်း ၂၀ တော်တော်လေးကျော်ကြာမှ ပြန်ဖော်ခွင့်ရှိတယ်ဆိုတဲ့ ဥပဒေအရ လွန်ခဲ့တဲ့ နှစ်ပိုင်းလောက်တုန်းကမှ Enigma Code အကြောင်းနဲ့ Alan Turing ရဲ့ပါရမီထူးတွေကို အများပြည်သူသိခွင့်ရခဲ့တာပါ။ အဲဒီအချိန်မှာတော့ Alan Turing တစ်ယောက် လူ့လောကထဲ မရှိတော့ပါဘူး။

US Navy Cryptanalytic Bombe/Wiki

LGBTQ တစ်ယောက်ဖြစ်ခဲ့သူ

Alan Turing အကြောင်း ပြောမယ်ဆိုရင် သူ့ရဲ့ လိင်တူချစ်စိတ်ရှိတယ်ဆိုတာကိုလည်း ဖယ်ထုတ်ထားလို့ မရပါဘူး။ Alan Turing ရဲ့ အချစ်ဦးဟာ Christopher Morcom ဆိုတဲ့ အမျိုးသားတစ်ယောက်ပါ။ Sherborne ကျောင်းတက်စဉ်မျာပဲ Alan Turing နဲ့ Christopher Morcom  တို့နှစ်ယောက် စတင်ရင်းနှီးခဲ့ကြပါတယ်။ နှစ်ယောက်စလုံး ပေါ်ပေါ်တင်တင်မတွဲခဲ့ကြပေမယ့် သံယောဇဉ်ရှိခဲ့ကြပြီး ဒီကိစ္စကို Christopher Morcom ရဲ့ မိခင်ဖြစ်သူကလည်း သိထားခဲ့ပါတယ်။ ဒါပေမဲ့လည်း ကံဆိုးစွာနဲ့Christopher Morcom ဟာ ပိုးရှိတဲ့နွားနို့သောက်မိပြီး တီဘီရောဂါတစ်မျိုးဖြစ်ကာ ၁၉၃၀ မှာပဲ အသက်ဆုံးရှုံးခဲ့ရပါတယ်။ Christopher Morcom သေဆုံးပြီး နှစ်အတော်ကြာတဲ့အထိ မိခင်ကြီးနဲ့ Alan Turing တို့ အဆက်မသွယ်မပြတ်ရှိနေခဲ့ကြပါတယ်။ ၁၉၄၁ ခုနှစ်မှာတော့ Alan Turing ဟာ Joan Clarke နဲ့ စေ့စပ်ခဲ့ပေမယ့် လက်တော့မထပ်ခဲ့ကြပါဘူး။

READ
တိုက်တန်းနစ်အပါအဝင် သင်္ဘောပျက်ကပ်ကြီးနှစ်ခုလုံးမှာ အသက်ရှင်ခဲ့တဲ့အမျိုးသား

လိင်တူစိတ်ဝင်စားမှုကြောင့် လူ့လောကထဲကထွက်သွားခဲ့ရတဲ့ Alan Turing

ဗြိတိန်မှာက ၁၉၆၇ ခုနှစ်အထိ လိင်တူခြင်းချစ်ကြိုက်မှုကို ၉၉% အထိ လက်မခံနိုင်ကြသေးတဲ့အချိန်ပါ။ ဥပဒေအရမှာလည်း လိင်တူချစ်ကြိုက်မှုတွေနဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန်တားမြစ်ထားသလိုပဲ အစိုးရကတောင် ဘယ်လောက်တော်ပြီး ဘယ်လိုအဆင့်အတန်းနဲ့ ချမ်းသာနေနေ အထင်အမြင်သေးတဲ့ ခေတ်ကြီးတစ်ခုပါ။ ဒီလို LGBTQ တွေအတွက် အဖိနှိပ်ခံရတဲ့ ခေတ်မှာ Alan Turing လိုလူတော်တစ်ယောက်တောင် ဓားစားခံဖြစ်ခဲ့ရရှာပါတယ်။

Flickr

Alan Truing ဟာ သူ့ရဲ့ဖုံးကွယ်လို့တဲ့ အပြုအမူတွေကြောင့်ပဲ လိင်တူချစ်ကြိုက်သူမှန်း အလုပ်ထဲကလူတွေ သိသွားခဲ့ကြပြီး သတင်းပြန့်ကုန်ကာ အရွယ်ရောက်ပြီးသား လူအချင်းချင်းတောင်မှပဲ ခွဲခြားဆက်ဆံမှုတွေနဲ့ အနိုင်ကျင့်တာတွေလုပ်ခဲ့ကြပြီး အလုပ်ထုတ်ပစ်ခဲ့ပါတယ်။ အသက် ၄၁ နှစ်အရွယ် ၁၉၅၄ ခုနှစ် ဇွန်လ ၇ ရက်နေ့မှာတော့ သေဆုံးသွားခဲ့ရပြီး သေဆုံးစဉ် သူ့ရုပ်အလောင်းဘေးမှာ တစ်ဝက်လောက်နီးနီးစားထားတဲ့ ပန်းသီးတစ်လုံးကို တွေ့ခဲ့ရပါတယ်။ ရင်ခွဲစစ်ကြည့်တဲ့အခါမှာတော့ အစာအိမ်ထဲ ဆိုင်ယာနိုက်အဆိပ်ကို တွေ့ခဲ့ရတာကြောင့် ကိုယ့်ကိုကိုယ်သတ်သေဖို့အတွက် ပန်းသီးမှာ အဆိပ်ရည်သုတ်စားခဲ့တယ်လို့ ယူဆခဲ့ကြပါတယ်။ ဒါပေမဲ့လည်း တချို့ကျတော့လည်း Alan Turing ဟာ အစိုးရအဖွဲ့အစည်းမှာ အလုပ်လုပ်နေသူဖြစ်ပြီး လိင်တူချစ်ကြိုက်သူအဖြစ် သေချာသွားတာကြောင့် အရှက်စေမှာဖြစ်လို့ သတ်ပစ်လိုက်ကြတယ်လို့လည်း ထင်ကြေးတွေရှိနေခဲ့ပါတယ်။

Enigma နဲ့ Alan Turing အကြောင်း ထွက်ပေါ်ခဲ့ပြီး ၂၀၀၉ ခုနှစ်မှာတော့ ဗြိတိန်အစိုးရဖက်မှ နိုင်ငံရတနာတစ်ပါးသဖွယ် အဖိုးတန်လွန်းတဲ့လူတစ်ယောက်ကို အတိတ်မှာ အမြင်မကျယ်မှုတွေကြောင့် အလုပ်ထုတ်ပစ်လိုက်တဲ့အပေါ် စိတ်မကောင်းစွာနဲ့တောင်းပန်ကြောင်း ပြောကြားခဲ့ပြီး သေဆုံးပြီး ၅၉ နှစ်အကြာ၊ ၂၀၁၃ ခုနှစ်ရောက်ကာမှ ဘုရင်မကြီးအလစ်ဇဘတ် ၂ ရဲ့ တရားဝင်အသိအမှတ်ပြုခြင်းကို ခံခဲ့ရပါတယ်။

Penny

 

SHARE