သင့်အတွက် မနက်စာကော်ဖီကို တစ်ခါတည်းဖျော်ပေးမယ့် ဘက်စုံရနှိုးစက်နာရီလေး

Instagram

ဆူဆူညံညံအသံနဲ့ သင့်မနက်ခင်းကို စိတ်ဘဝင်မကျစေတဲ့ သာမန်နှိုးစက်နာရီကို ရွေးမလား၊ နှိုးစက်လည်းမြည် စိတ်ကြည်လင်လန်းဆန်းစေမယ့် မနက်စာကော်ဖီကိုလည်းဖျော်ပေး၊ သင့်ဖုန်းကိုလည်း အားသွင်းပေးမယ့် စွယ်စုံရနှိုးစက်နာရီလေးကို ရွေးမလားဆိုတာ စဉ်းစားကြပါစို့။

Instagram

ဒီနှိုးစက်နာရီလေးကိုတော့ လန်ဒန်မှ ထုတ်ကုန်ဒီဇိုင်နာတစ်ဦးဖြစ်တဲ့ Joshua Renouf မှ စိတ်ကူးစိတ်သန်းကောင်းကောင်းနဲ့ တီထွင်ထားခဲ့တာပါ။ ၂၀၁၇ ခုနှစ်ရဲ့ စက်တင်ဘာလတုန်းက နှိုးစက်အဆန်းလေးကို မိတ်ဆက်ခဲ့ပါတယ်။ ဒီနှိုးစက်အဆန်းလေးဖြစ်မြောက်ရေး project အတွက် သုံးခဲ့တဲ့ ငွေပမာဏကတော ဒေါ်လာ ၅ သိန်းတောင်ရှိခဲ့ပါတယ်။

Instagram

နှိုးစက်ကို stainless steel နဲ့ အဓိကပြုလုပ်ထားပြီး မှန်နဲ့ ကြိတ်သားတို့ကိုလည်း သုံးပြုထားပါတယ်။ ကော်ဖီဖျော်စက်ရဲ့အောက်မှာတော့ ခွက်ကိုခံထားတဲ့ ဗန်းကိုတော့ ဖြုတ်ပြီးဆေးလို့ရအောင်အရှင်ထားထားပေးပါတယ်။

Instagram

နှိုးစက်မြည်တာနဲ့တပြိုင်နက် ကော်ဖီဖျော်ဖို့ကိုတော့ ညကတည်းက စက်ထဲကြိုထည့်ထားရမှာပါ။ ကဖိန်းအနံ့ကလူကိုတက်ကြွမှုပေးနိုင်တဲ့အတွက် အိပ်ယာထစမှာ စိတ်ကြည်ကြည်လင်လင်နဲ့ ထနိုင်ဖို့အတွက်လည်း အကျိုးပြုပါသေးတယ်။

Instagram

အားနည်းချက်ကတော့ ဈေးပါ။ ကော်ဖီဖျောစက်၊ ဖုန်းအားသွင်းတဲ့စနစ်တို့ အဓိကပါဝင်နေတဲ့အတွက် နှိုးစက်နာရီတစ်လုံးကို ဒေါ်လာ ၄၀၀ ပေးပြီး ဝယ်ရမှာဖြစ်ပါတယ်။

READ
ဘ၀ကို ကောင်းမွန်စွာ ဘယ်လိုအသက်ဆက်လက်ရှင်သန်ရမလဲ?????

Source: Thrillist

Penny

 

SHARE