မသန်စွမ်းသခင်ကို လေယာဉ်ပေါ်မှာ ပရိုကျကျ လိုက်စောင့်ရှောက်ခဲ့တဲ့ ခွေးလေးရဲ့ ဗီဒီယိုဖိုင်

ခွေးလေးတွေက သစ္စာရှိပြီး အရမ်းသိနားလည်တတ်တဲ့ သတ္တဝါလေးတွေ ဖြစ်ပါတယ်။ တချို့ခွေးလေးတွေဆိုရင် သခင်ကို စောင့်ရှောက်ဖို့ဆို မြင်နေကျနဲ့တောင် မတူ၊ အရမ်းကို တော်လွန်းပါတယ်။ အခုဖော်ပြမယ့် ခွေးလေးတစ်ကောင်လည်း အဲ့ဒီလိုပါပဲ။

ယခုဖြစ်ရပ်လေးကိုတော့ ၂၀၁၉ ဇန်နဝါရီ ၂၄ ရက်နေ့တုန်းက China Southern Airlines လေကြောင်းလိုင်းရဲ့ လေယာဉ်တစ်စင်းပေါ်မှာ တွေ့ခဲ့ရတာပါ။ ဗီဒီယိုထဲမှာတော့ Alaskan Malamute ခွေးလေးတစ်ကောင်က လေယာဉ်ထိုင်ခုံပေါ်မှာ ငြိမ်ငြိမ်လေးလိုက်လာခဲ့တာပါ။ သူ့ရဲ့ မသန်စွမ်းဖြစ်နေတဲ့ သခင်ကို လိုက်စောင့်ရှောက်တာ ဖြစ်ပါတယ်တဲ့။ 

Twitter

အဆိုပါခွေးလေးက အမှုထမ်းခွေးလေးဖြစ်ပြီး လေကြောင်းလိုင်းခွင့်ပြုချက်နဲ့ လူနာကို လိုက်စောင့်ရှောက်ဖို့ လေယာဉ်ပေါ် ပါလာခဲ့တာပါ။ ခွေးလေးအကြောင်း အသေးစိတ်တော့ သေချာမသိရပေမယ့် တခြားခရီးသည်တစ်ဦး ရိုက်ကူးထားတဲ့ သူ့ရဲ့ ဗီဒီယိုကတော့ အွန်လိုင်းပေါ် နာမည်ကြီးသွားခဲ့ပါတယ်။

Twitter

ခွေးလေးက ထိုင်ခုံပေါ်မှာ ငြိမ်ငြိမ်လေး ထိုင်နေခဲ့ပြီး ဘေးပတ်ဝန်းကျင်ကို ကြည့်ပြီးတော့လည်း ပျော်ရွှင်နေခဲ့ပုံပါပဲ။ လေယာဉ်စီးရမှာ ကြောက်တတ်တဲ့ သခင်အတွက်လည်း ဘေးကနေ အဖော်ပြုပေးနေခဲ့ပါတယ်။ အခြားခရီးသည်တွေကတော့ သူ့ကို အရမ်းသဘောကျနေခဲ့ကြပြီး လိမ္မာလိုက်တဲ့ ခရီးသည်လေးလို့လည်း မှတ်ချက်ဝိုင်းပေးခဲ့ကြပါတယ်။

Ref: Unilad

SHARE