(၂)လကျော် ကြာအောင် နေရောင်ပျောက်ပြီး အမှောင်လွှမ်းနေမယ့် အမေရိကန်မြို့လေး

ယခင်အခေါ် ဘယ်ရယ်မြို့ အခုတော့ အကားဗစ်ခ်လို့သိကြတဲ့ အမေရိကန် အလက်စကာပြည်နယ် မြောက်ပိုင်းက မြို့လေးတစ်မြို့ဟာ ညဇီးကွက်တွေအတွက်တော့ အကြိုက်တွေ့စရာပါ။ အကားဗစ်ခ်မြို့လေးဟာ ပြီးခဲ့တဲ့ တနင်္ဂနွေတုန်းက နောက်ဆုံး နေ၀င်သွားပြီးတဲ့နောက် ဆောင်းတွင်း (၂) လာတိုင်တိုင် နေရောင်ကို လုံးဝမြင်ရတော့မှာ မဟုတ်ပါဘူး။

၎င်းမြို့လေးမှာ လူဦးရေ(၄,၀၀၀) ခန့်ရှိပါတယ်။ ရက်ပေါင်း(၆၅) ရက်တိုင်တိုင် အမှောင်ထုဖုံးလွှမ်းမယ့် Polar night ဖြစ်စဉ်ဟာ အကားဗစ်ခ်မှာ အခုစတင်နေပြီ ဖြစ်ပါတယ်။ နေရောင်လုံးဝမမြင်ရတဲ့ ဖြစ်ရပ်ကို Polar night သို့မဟုတ် ၀င်ရိုးစွန်းညလို့ သုံးနှုန်းကြပါတယ်။ များသောအားဖြင့် (၂၄) နာရီကျော်ကြာ နေရောင်မတွေ့ရတဲ့ အရပ်ဒေသတွေမှာ ထိုအခေါ်ကို အသုံးပြုကြပါတယ်။

Roadtrippers

CNN ရဲ့ မိုးလေ၀ပညာရှင် ဂျက်ဒ်ဆန်ဂျုံးစ်ကတော့ “ဒါမျိုးက နှစ်တိုင်းဖြစ်တာဗျ။ တကယ်လို့ ခင်ဗျားက အာတိတ်စက်ဝိုင်းအပေါ်မှာ နေထိုင်သူဆိုရင် ဆောင်းတွင်းတစ်တွင်းလုံး နေလုံးဝမတွေ့ရတဲ့ရက်ကိုတော့ ကြုံရလိမ့်မယ်။ နွေရာသီပြန်ရောက်လာတဲ့ အချိန်ကျရင်လည်း ရက်ပေါင်းများစွာကြာအောင် နေ၀င်တော့မှာ မဟုတ်ဘူးဗျ။” လို့ ပြောပြခဲ့ပါတယ်။

READ
ကမ္ဘာ့အထူးဆန်းဆုံးကလေး(၅)ယောက်
KEPR
အလက်စကာပြည်နယ်ရဲ့ သုံးပုံတစ်ပုံဟာ အာတိတ်စက်ဝိုင်းအထက်မှာ ရှိပါတယ်။ အကားဗစ်ခ်မြို့လေးအနေနဲ့ ၀င်ရိုးစွန်းညတွေကို ကြုံရတာ သူတစ်မြို့တည်းတော့ မဟုတ်ပါဘူး။ ကတ်တိုးဗစ်ခ်၊ ပွိုင့်ဟုပ်နဲ့ အာနက်တူဗက်ခ်ပက်စ်မြို့ အသီးသီးမှာ နေထိုင်သူတွေဟာလည်း တစ်လကနေ နှစ်လအတွင်း နေရောင်လုံးဝမတွေ့ရပဲ နေကြရမှာ ဖြစ်ပါတယ်။ မြို့တွေရဲ့ နောက်အကျဆုံး နေ၀င်ချိန်ဟာ နိုဝင်ဘာနောက်ဆုံးအပတ် သို့မဟုတ် ဒီဇင်ဘာ ပထမဆုံးအပတ်ဖြစ်ပြီး ထိုကနေ နေရောင်လုံးဝ ကွယ်ပျောက်သွားမှာ ဖြစ်ပါတယ်။ အကားဗစ်ခ်မြို့လေးအဖို့တော့ လာမယ့်(၂၀၁၉) ဇန်န၀ါရီ(၂၃) ရက်လောက်မှ နေရောင်ကို ပြန်မြင်ရမှာ ဖြစ်ကြောင်း သိရပါတယ်။
လင်းလင်း (ShweMom)
Ref: CNN
SHARE