Star Wars ရုပ်ရှင်ထဲက ၀တ်စုံ ၀တ်ထားမိလို့ ရဲအရာရှိတွေရဲ့ မှားယွင်းဖမ်ဆီးခံရတဲ့ ကောင်မလေး

[email protected]

ကနေဒါနိုင်င်ငံ၊ Alberta မြို့ရှိ ရဲအရာရှိတစ်ချို့ဟာ Star Wars ဇာတ်ကားထဲက Stormtropper ဝတ်စုံဝတ်ထားတဲ့ ကောင်မလေးတစ်ယောက်ကို လမ်းမပေါ်မှာ အတင်းအဓ္ဓမဖမ်းချုပ်ခဲ့ကြောင်း National Post သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

[email protected]

ရဲတွေပြောပြချက်အရဆိုရင်တော့ သူတို့တွေ့တဲ့အချိန် အဆိုပါကောင်မလေးဟာ လက်ထဲမြှ သေနတ်ကြီးတကားတကားနဲ့ Coco Vanilla Galactic Cantina လို့အမည်ရတဲ့ စားသောက်ဆိုင်အေ၇ှ့ရှိ ကားပါကင်ဝင်းထဲမှာ လျှောက်သွားနေလို့ဖြစ်ကြောင်း သိရပါတယ်။ အမှန်တကယ်ကတော့ အဆိုပါကောင်မလေး စားသောက်ဆိုင်က ဝန်ထမ်းဖြစ်ပြီး အဲဒီလိုကရတဲ့အကြောင်အရင်းကလည်း မေလ (၄) ရက်နေ့ဟာ Star Wars နဲ့ ပတ်သတ်ပြီး အထိမ်းအမှတ်နေ့လို့ သတ်မှတ်ထားတာကြောင့် အခုလိုဆိုင်ရှေ့မှာ ကနေရတာဖြစ်ပါတယ်။ ပြီးတော့ ကောင်မလေးကိုင်ထားတယ်ဆိုတဲ့ သေနတ်ဟာလည်း ဝတ်စုံဝယ်ကတည်းက ပါတဲ့ ပလတ်စတစ်သေနတ်သာဖြစ်ကြောင်း သိရပါတယ်။

ရဲတွေဟာ ကောင်မလေးကို တွေ့တွေ့ချင်း ကားနှစ်စီးနဲ့ ဝိုင်းထားကာ သေနတ်တွေနဲ့ချိန်ပြီး မြေကြီးပေါ်မှာ ထိုင်ဖို့ အမိန့်ပေးခဲ့ပါတယ်။ ဒါပေမယ့် ဝတ်စုံကြီးဝတ်ထားတာဖြစ်တဲ့အတွက်ကြောင့် ကောင်မလေးဟာ တော်ရုံနဲ့ ထိုင်ဖို့ဆိုတာ မဖြစ်နိုင်ခဲ့ပါဘူး။ ဒီအချိန်မှာ ဆိုင်ရှင်က အစစအရာရာ ဝင်ရှင်းပြခဲ့ပေမယ့် ရဲတွေက ဆိုင်ရှင်ကို အနားမကပ်လာဖို့သာ လှမ်းပြောခဲ့ပါတယ်။ ဒီလိုနဲ့ အဆိုပါကောင်မလေးကလည်း တော်ရုံနဲ့ ထိုင်ဖို့ အဆင်မပြေတာကြောင့် ရဲမေတစ်ယောက်ဟာ အနားကပ်လာပြီး ကောင်မလေးကို ထိုးကြိတ်ခဲ့ရာမှ ကောင်မလေးတစ်ယောက် နှာခေါင်းသွေးလျှံခဲ့ပါတယ်။

READ
စွန့်ပစ်ထားသွားတဲ့ ချစ်သူရဲ့ အိမ်ခန်းကို မီးနဲ့ရှို့တဲ့ အမျိုးသမီး ထောင်ဒဏ်ချမှတ်ခံရ
[email protected]

ဒီအဖြစ်အပျက်ကိုတွေ့တဲ့ လမ်းသွားလမ်းလာတွေကလည်း ကောင်မလေးဖက်က ဝိုင်းပြောခဲ့ပေမယ့် နောက်ဆုံးမှာတော့ ရဲတွေဟာ အဆိုကောင်မလေးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရပါတယ်။

Pyi Hein Kyaw

SHARE