အရက်သောက်ပြီး တန်းအိပ်တာက ကောင်းကောင်းအိပ်ပျော်မယ်လို့ သင်ထင်ပါသလား?

[email protected]

လူတော်တော်များများက အရက်သောက်ပြီး အိပ်လိုက်ရင် တော်တော်အိပ်လို့ကောင်းတယ်လို့ ထင်နေကြပါတယ်။ အရက်မူးနေတဲ့ လူတစ်ယောက်ကို ဘေးကကြည့်တဲ့ လူတစ်ယောက်အနေနဲ့တော့ အဲဒီလိုမှတ်ချက်ပေးတတ်ပါတယ်။ ဒါပေမယ့် တစ်ကယ့်လက်တွေ့မှာ အဲဒီလူဟာ အိပ်ပျော်ကောင်းအိပ်ပျော်နေပေမယ့် ကျန်းမာရေးရှု့ထောင့်က ကြည့်ရင်တော့ တော်တော်လေးကို အဆင်မပြေပါဘူး။ ဒါ့ကြောင့် အဲဒီလို အရက်သောက်ပြီး အိပ်ပျော်သွားတတ်တဲ့ လူတွေအတွက် ကျန်မာရေးဗဟုတရအောင် Insider သတင်းဌာနက ဖော်ပြဖူးတဲ့ သတင်းတစ်ပုဒ်ကို ကိုးကားပြီး တင်ဆက်ပေးလိုက်ရပါတယ်။

[email protected]

၁။ အရက်သောက်ပြီး အိပ်စက်ခြင်းက လူတစ်ယောက်အတွက်မကောင်းပါဘူး။ ညဖက်အိပ်တဲ့အချိန်ဆိုရင် ခန္ဓာကိုယ်မှာရှိတဲ့ လုပ်ငန်းစဉ်တော်တော်များများက အနားယူတာကိုတော့ တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ ဒါပေမယ့် ခန္ဓာကိုယ်လုပ်ငန်းစဉ်တွေက အနားယူခါနီး(အိပ်စက်ချိန်)အချိန်ကျမှ ခန္ဓာကိုယ်ထဲ ဝင်လာတဲ့ Alcohol ဓာတ်က Melatonin ဆိုတဲ့ ဟော်မုန်းဓာတ်တစ်မျိုးကို ထုတ်လွှတ်ပေးတတ်ပါတယ်။ အဲဒီဟော်မုန်းဓာတ်ဟာ ခန္ဓာကိုယ်အနှံ့မှရှိတဲ့ နာ့ဗ်ဆဲလ်တွေကို လှုံ့ဆော်ပေးတတ်ပါတယ်။ ဒါ့ကြောင့် ကိုယ်က အိပ်ပျော်သွားပေမယ့် ခန္ဓာကိုယ်ထဲက လုပ်ဆောင်ချက်တွေဟာ အနားမယူရပဲ Alcohol ဓာတ်ပြယ်တဲ့အထိ တောက်လျှောက်အလုပ်လုပ်နေရပါတယ်။

READ
ဆံပင်ကျွတ်ခြင်းကို ကာကွယ်ပေးမဲ့ နည်းလမ်း (၄)သွယ်

၂။ ပြီးတော့ မအိပ်ခင် အရက်သောက်ခြင်းက REM sleep ဖြစ်စဉ်ကို အရမ်းအနှောင့်အယှက်ဖြစ်စေပါတယ်။ REM sleep ဆိုတာကတော့ Rapid Eye Movement ပါ။ တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင်တော့ အိပ်ပျော်ခါနီးအချိန်မှာ ဖြစ်တတ်တဲ့ ဖြစ်စဉ်တစ်ခုပါပဲ။ တစ်နေ့တာဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက် ဒါမှမဟုတ် မအိပ်ခင် ခေါင်းထဲဝင်လာတတ်တဲ့ အကြောင်းအရာတွေကို စဉ်းစားတတ်တဲ့ အတွေးတွေပါ။ အဲဒီအတွေးတွေ တွေးဖို့အတွက် အဲဒီမှတ်ဥာဏ်က ဦးနှောက်ကို တိုက်ရိုက်သွားတတ်ပါတယ်။ အရက်သောက်ထားရင် အရက်ထဲမှာ ပါဝင်တဲ့ Alcohol ဓာတ်က အဲဒီဖြစ်စဉ်ကို အရမ်းနှေးကွေးစေပြီး ညသန်းခေါင်မှာ ရုတ်တရက် လန့်နိုးတတ်တာတွေ ဖြစ်စေပါတယ်။

[email protected]

၃။ အရက်အသောက်များတဲ့လူတွေဟာ အရက်ကို ညဖက်မှာ သောက်တာများပါတယ်။ အရက်ဟာ ခန္ဓာကိုယ်ထဲရောက်ပြီးနောက် ဆီးအဖြစ် ပြောင်းလသြွားတတ်ပါတယ်။ အရက်အလွန်အကျွံသောက်ပြီး အိပ်စက်တဲ့လူတွေကတော့ ရေရှည်မှာ ကျောက်ကပ်ထိတတ်ပါတယ်။ အပေါ်ကပြောသလိုပဲ ညဖက်အိပ်စက်တဲ့အချိန်မှာ ခန္ဓာကိုယ်တွင်းအစိတ်အပိုင်းတွေရဲ့ လုပ်ငန်းစဉ်တွေဟာ အနားယူနေကျအချိန် ဖြစ်ပါတယ်။ ဒါပေမယ့် အရက်သောက်ပြီး ဆီးဖြစ်သွားတဲ့အချိန်အထိ ကျောက်ကပ်ဟာ လုံးဝမနားရပါဘူး။ စစပိုင်းချင်းမှာတော့ သိပ်မသိသာပေမယ့် ရေရှည်မှာ ကျောက်ကပ်ပျက်ဆီးစေနိုင်ပါတယ်။

READ
ခန္ဓာကိုယ်တွင်းအဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်သော အစားအစာ(၅)မျိုး

၎။ နောက်ဆုံးအချက်ကတော့ အရက်သောက်ပြီး အိပ်တဲ့အချိန်မှာ အသက်ရှုတာက ပုံမှန်အိပ်စက်တဲ့ လူတစ်ယောက်နဲ့ တော်တော်ကွာပါတယ်။ အရက်သောက်ပြီး အိပ်စက်တဲ့လူတော်တော်များများရဲ့ အသက်ရှုစနစ်ဟာ မကောင်းပါဘူး။ အရက်ထဲက Alcohol ဓာတ်ကြောင့် အသက်ရှုလမ်းကြောင်းမှာရှိတဲ့ လေအိတ်တွေဟာ ကောင်းစွာအလုပ်မလုပ်ပဲ အသက်ရှုလမ်းကြောင်းမှာ ပိတ်နေတတ်ကြပါတယ်။ အဲဒါကြောင့် အရက်သောက်ပြီး အိပ်တဲ့လူတိုင်းလိုလိုဟာ သာမန်လူတွေထက် ပိုဟောက်တတ်ကြပြီး ဟောက်သံကလည်း တော်တော်လေးကို ကျယ်လွန်းပါတယ်။

Pyi Hein Kyaw

SHARE