ကားတစ်စီးကိုယူရိုငွေ ၄,၀၀၀ နဲ့ဆေးပေးနေတဲ့ စွန့်ဦးတီထွင်ဆယ်ကျော်သက်လုပ်ငန်းရှင်

ပျမ်းမျှပုံမှန်ဆယ်ကျော်သက်ဘဝတွေရဲ့ ၅ ပုံမှာ ၄ ပုံလောက်ဟာ ကျောင်းတက်မယ်၊ သူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းမယ်၊ ရည်းစားထားရင်း မိဘတွေနဲ့ ကလန်ကဆန်လုပ်၊ ဂိမ်းဆော့လိုက်၊ စာဖတ်လိုက်နဲ့ပဲ အချိန်ကုန်ဆုံးသွားတတ်ကြပါတယ်။

သို့ပေမယ့် တချို့တချို့သောဆယ်ကျော်သက်လူငယ်လေးတွေကတော့ အသက်ငယ်ငယ်လေးနဲ့ တစ်လကို ဒေါ်လာ ထောင်၊သောင်းနဲ့ချီဝင်နေတဲ့ ကိုယ့်ထူးကိုယ်ချွန်လုပ်ငန်းရှင်ပေါက်စတွေ၊ လူကြီးတွေနဲ့ရင်ဘောင်တန်းပြီး သိပ္ပံဆိုင်ရာလေ့လာချက်တွေကို လုပ်ဆောင်နေကြပါပြီ။ တကယ်တော့ အပြိုင်အဆိုင်တိုးတက်နေတဲ့ခေတ်ကြီးထဲ အရင်တုန်းကလို ကျောင်းလေးတက်လိုက်၊ စာတွေကျက်ပြီး စာမေးပွဲဖြေ၊ တစ်နှစ်တစ်တန်းအောင်၊ တက္ကသိုလ်တက်နေပြီး ဘဝကို အချိန်ကုန်ဖို့ဆိုတာ အရမ်းကို ခေတ်နောက်ကျတဲ့အလေ့အထတစ်ခု ဖြစ်လို့နေပါပြီ။

အသက် ၁၉ နှစ်တည်းနဲ့ နာရီပိုင်းအတွင်း အလုပ်လုပ်ရုံနဲ့ ယူရိုငွေ ၄,၀၀၀ လောက်ရနေတဲ့ Alex ကိုပဲကြည့်ပါ။ သူ့နာမည်ကတော့ Alex Chapman ဖြစ်ပြီး အသက်ကတော့ ၁၉ နှစ်ရှိနေပါပြီ။ အင်္ဂလန်ရဲ့အရှေ့တောင်ပိုင်း Essex မှာ နေထိုင်သူတစ်ဦးဖြစ်ပါတယ်။ ဦးစီးနေတဲ့လုပ်ငန်းကတော ကားသန့်စင်ရေးအတွက် ဝန်ဆောင်မှုပေးနေတဲ့ တစ်နိုင်တစ်ပိုင်လုပ်ငန်းလေးပါ။

SWNS

ဒီအလုပ်ကို Alex ၁၃ နှစ်သားလောက်ကတည်းက လုပ်နေခဲ့တာပါ။ အစကတော့ ကလေးပီပီ ရေပုံးလေးဝယ်ပြီး တစ်ကားကို ၆ယူရို ထဲယူပြီး သန့်ရှင်းရေးလုပ်ပေးခဲ့တာပါ။ အစကတော့ မုန့်ဖို့လေးရအောင်ဆိုပြီး လုပ်ခဲ့ပေမယ့် အသက် တဖြည်းဖြည်း ကြီးလာတဲ့အခါမှာတော့ YouTube က professional ကားဆေးပုံဆေးနည်း ဗီဒီယိုတွေကိုကြည့်ပြီး လိုက်သင်ယူရင်းနဲ့ လုပ်ငန်းတိုးချဲ့လာခဲ့ပါတယ်။

ငယ်ကတည်းက ကား service center လုပ်ငန်းကို စိတ်ဝင်စားပြီး သူ့ဘဝရဲ့ role model ဟာလည်း အဲဒီနယ်ပယ်မှာ အောင်မြင်နေသူတွေဖြစ်တာကြောင့် တစိုက်မတ်မတ် ကြိုးစားရင်း အောင်မြင်လာခဲ့တာပါ။

AWC Car Detailing ဆိုတဲ့နာမည်နဲ့ ဇိမ်ခံကားတွေကို အဓိကထားပြီး ကားဆေးခြင်း၊ ပေါလစ်တိုက်ပေးခြင်းနဲ့ ကားကိုယ်ထည်တွေကိုပြောင်လက်နေအောင်လုပ်ပေးတဲ့ treatment တွေကို ဝန်ဆေင်မှုပေးနေပါတယ်။ လောလောဆယ်မှာတော့ Alex အပြင် နောက်ထပ်ကျွမ်းကျင်အဆင့် ဝန်ထမ်းတစ်ဦးသာ ရှိပါသေးတယ်။ နောက်နှစ်ထဲမှာတော့ အလုပ်အတူတူတွဲလုပ်နိုင်မယ့် လူတစ်ယောက်ကို ထပ်ငှားရမ်းမယ့် အစီအစဉ်ရှိနေပါတယ်။

READ
ကျောင်းဆရာမတစ်ဦးက သူမရဲ့နာရေးလာမယ့်သူတွေအတွက် တောင်းဆိုခဲ့တဲ့နောက်ဆုံးဆန္ဒ
SWNS

အသက် ၈နှစ်လောက်ကတည်းက တရုတ်ဘက်က headphones တွေ နားကြပ်တွေကို လက်ကာဈေးနဲ့မှာယူကာ ကျောင်းမှာ လက်လီဈေးနဲ့ပြန်ရောင်းခဲ့သလို သကြားလုံးတွေကိုလည်း ပုံမှန်ရောင်းလေ့ရှိတဲ့သူပါ။ မိဘတွေရဲ့ သွန်သင်မှုကြောင့် ဝင်ငွေထွက်ငွေစာရင်းတွေကို အမြဲမှတ်ထားခဲ့တာ အခုအချိန်အထိပါပဲ။ ကိုယ့်ပိုက်ဆံကိုယ် ရိုးသားဖြူစင်စွာရှာသုံးတဲ့အရသာကို သိသွားပြီး နောက်ပိုင်းမှာလည်း ကျောင်းအားတိုင်း အလုပ်တစ်ခုမဟုတ်တစ်ခု ရှာလုပ်တတ်တဲ့ အကျင့်ရှိနေသူပါ။

 

ယောက်ျား၊ မိန်းမမှမဟုတ် ခွဲခြားဆက်ဆံတဲ့နေရာမှာ အသက်ငယ်နေရင် ဘယ်လိုပဲအရည်အချင်းရှိရှိ လူတွေက ပထမဆုံးတွေ့ဆုံမှုမှာတင် ဆုံးဖြတ်တတ်ကြပြီး အထင်အမြင်သေးတတ်ကြပါတယ်။ အသက် ၁၅ နှစ်၊ Alex အနေနဲ့ ဒီအလုပ်ကိုတစိုက်မတ်မတ်စလုပ်တုန်းကကြုံတွေ့ခဲ့ရတဲ့ ပထမဦးဆုံးဖောက်သည်ကတော့ တော်တော်ဆိုးဆိုးရွားရွားပါပဲ။ ကားဆေးဖို့ခေါ်တော့ Alex ကို ဖခင်ကိုယ်တိုင် အခြေအနေအကဲခတ်ရအောင်ဆိုပြီး လိုက်ပို့ခဲ့ပါတယ်။ ကားဆေးဖို့ခေါ်တဲ့အမျိုးသားကြီးက Alex ရဲ့ဖခင်ကို “မင်းကားနဲ့ပစ္စည်းတွေသယ်လာမယ်ထင်တာ” ဆိုပြီး လှမ်းပြောခဲ့တယ်။ Alex အဖေက “ကျွန်တော်လုပ်မှာမဟုတ်ဘူး၊ ဒီလုပ်ငန်းက ကျွန်တော့်သားလုပ်ငန်း၊ သူလုပ်မှာ” လို့ ပြန်ဖြေတဲ့အခါမှာတော့ အဲဒီအမျိုးသားဟာ နောက်နေတယ်ထင်ပြီး ဒီလောက်ငယ်ငယ်လေး ဘယ်လိုလုပ်မှာလဲလို့ပြန်ပြောခဲ့ပါတယ်။ ဒါကြောင့် Alex တို့စိတ်တူကိုယ်တူသားအဖဟာ ထိုအမျိုးသားကို ဝန်ဆောင်မှုမပေးဘဲ အလုပ်,လုပ်တာမကြည့်ရသေးခင် အသက်အရွယ်အပေါ် အမြင်နဲ့ဆုံးဖြတ်တာမို့ အထင်သေးကာ ဝန်ဆောင်မှုမပေးဘဲ ပြန်လာခဲ့ကြပါတယ်။

SWNS

တိုးတက်နေတဲ့ခေတ်ကြီးထဲ မိဘတွေဟာ သားသမီးတွေအပေါ်မှာ တယူသန်စိတ်မထားဖို့နဲ့ အရာရာလိုက်ပြီး လွှမ်းမိုးချုပ်ကိုင်ဖို့ မကြိုးစားဖို့ပါ။ ကလေးတစ်ယောက် ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်ခြင်း၊ ရင့်ကျက်ခြင်း၊ ကိုယ့်ခြေထောက်ပေါ်ရပ်တည်နိုင်ခြင်းတွေဟာ မိဘတွေရဲ့ ထိန်းကျောင်းမှုနဲ့ ပံ့ပိုးကူညီမှုတွေနဲ့ အများကြီးသက်ဆိုင်ပါတယ်။ သန္ဓေကောင်းတဲ့ကလေးရဲ့ ပင်ကိုဗီဇကိုက အကောင်းဘက်ကိုရောက်နေပေမယ့် အဲဒီကလေးဟာ ပိုတိုးတက်လာမလား၊ ဆုတ်ယုတ်သွားမလားဆိုတာ မိဘတွေရဲ့ အပြောအဆို၊ ဆက်ဆံပုံ၊ လမ်းကြောင်းတည့်မတ်ပုံတွေပေါ် မူတည်နေပါတယ်။

READ
မသန်စွမ်းအမျိုးသားကို ဆယ်ကျော်သက်က ထူးခြားစွာ ကူညီပေးခဲ့တဲ့ ကြည်နူးဖွယ်ဖြစ်ရပ်လေး

Alex ရဲ့ ဖခင် Mark ဟာ နည်းပညာကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေပြီး မိခင် Christine ကတော့ အချိန်ပိုင်းမူကြိုဆရာမအဖြစ် လုပ်ကိုင်နေပါတယ်။ မိဘတွေအနေဲ့ Alex ရဲ့ လိုအပ်ချက်တွေ၊ ဖြစ်ချင်တဲ့အိပ်မက်လမ်းကြောင်းတွေကို အမြဲတမ်းအချိန်ပေး ဂရုတစိုက်နားထောင်ပေးပြီး ငယ်စဉ်ကတည်းက ဆုံးမတာ၊ ဆရာလုပ်တာထက်စာရင် ဆွေးနွေးပေးလေ့ရှိကြပါတယ်။

SWNS

Alex ဟာ တစ်ဖက်မှာလည်း ကျောင်းတက်နေတဲ့အတွက်ကြောင့် ကျောင်းဖွင့်ရက်တွေမှာ လုပ်ငန်းကို တစ်ဦးတည်းရှိတဲ့ဝန်းထမ်းလက်ထဲ အပ်ထားရပြီး ကျောင်းအားချိန်များမှာတော့ သူကိုယ်တိုင်ကားဆေးလေ့ရှိပါတယ်။ Alex ဆီမှာ ကားဆေးဖို့လာအပ်သူများဟာ Ferraris, Lamborghinis, Rolls Royces နဲ့ Porsches တိုလို တန်ဖိုးကြီးကားတွေဖြစ်ပါတယ်။ ကျွမ်းကျင်တဲ့လက်ရာနဲ့ ဝန်ဆောင်မှုလည်း အရမ်းကောင်းတာမို့ Essex က ဇိမ်ခံကားလောကကြားထဲ Alex ရဲ့သတင်းဟာ တစ်ဆင့်စကားတစ်ဆင့်ကြားပြီး အခုဆို လန်ဒန်ကနေတောင် ကားလာဆေးတဲ့လူတွေ ရှိနေပါပြီတဲ့။

Car detailing specialist မှာ ကမ္ဘာ့နံပါတ်တစ်နေရာမှာပြေးနေတဲ့ Carpro ကနေတောင် အသိအမှတ်ပြုခြင်းခံထားရတဲ့ ကမ္ဘာ့အသက်အငယ်ဆုံး detailer တစ်ယောက်အဖြစ် Alex က ရပ်တည်နေပြီး Essex ရဲ့ ၂၀၁၈ ရဲ့ အထူးချွန်ဆုံး လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်အဖြစ်လည်း ရပ်တည်နေပါတယ်။

မွေးချင်း အစ်ကိုနဲ့ အစ်မဖြစ်သူတို့ကတော့ ဘွဲ့ရအောင်ကြိုးစားသင်ယူချင်သူတွေဆိုတော့ တက္ကသိုလ်ပြီးအောင် တက်ကြမှာဖြစ်ပြီး အသက် ၁၉ နှစ်နဲ့ business plan တွေကို ရေးဆွဲနေပြီဖြစ်တဲ့ Alex အနေနဲ့ကတော စီးပွားရေးကို ဇောက်ချလုပ်ကိုင်ရင်း စီးပွားရေးနဲ့ပတ်သက်တဲ့ဗဟုသုတတွေကို အပြင်ကရှာဖွေဦးမယ်လို့ပြောခဲ့ပါတယ်။

Source: Lad Bible

Penny

SHARE