လူနောက်လိုက်ပြီး ဘီယာအသယ်အပို့ လုပ်ပေးနိုင်မယ့် ဘီယာတင့်ကား

ဆော့ဖ်ဝဲလ်တီထွင်ဖန်တီးသူ Balázs Simon ဆိုသူဟာတင့်ကားလေးတစ်စီးကို တီထွင်ခဲ့ပါတယ်။ အဆိုပါတင့်ကားဟာ အဝေးထိန်းစက်နဲ့မောင်းနှင်နိုင်တဲ့ အရုပ်တင့်ကားလေးဖြစ်ပါတယ်။ ထူးခြားတာက ထိုတင့်ကားလေးဟာ ဘီယာအေးအေးကို ယူလာပေးနိုင်ပါတယ်။ ဘီယာပုလင်းက ပဲ့ထိန်းစနစ်နဲ့လွှတ်တင်တဲ့ ဒုံးကျည်လေးတစ်ခုလိုပဲ အပေါ်ကိုထိုးထွက်လာနိုင်တာ ဖြစ်ပါတယ်။

BALÁZS SIMON

နောက်တစ်ခုကတော့ တင့်ကားမှာ follow me mode ရှိပါတယ်။ တင့်ကားဟာ ကိုယ့်နောက်ကနေလိုက်ပြီး ကိုယ့်ကိုဘီယာလိုက်ပေးနိုင်ပါတယ်။ သတ်မှတ်ထားတဲ့နေရာ ရောက်တာနဲ့ တင့်ကားထဲကနေ ဘီယာပုလင်းထွက်လာပြီး ဘီယာယူနိုင်နေပြီဖြစ်ပါတယ်။ တင့်ကားမှာ Walabot 3D sensor ပါဝင်ပြီး မျက်လုံးတွေအလုပ်လုပ်သလို လုပ်နိုင်ပါတယ်။ Raspberry Pi ကွန်ပြူတာပါဝင်ပြီး နံရံတွေကိုပါ ဖောက်မြင်နိုင်ပါတယ်။ အခုဆိုရင် Simon က ယင်း အာစီတင့်ကားလေးကိုဆောက်လုပ်ပုံ ဆောက်လုပ်နည်းကိုပါ ထုတ်ဝေခဲ့ပြီးဖြစ်ပါတယ်။

READ
ကင်ဆာရောဂါကို မချိမဆန့်ခံစားနေရတဲ့ သမီးငယ်လေးရဲ့ ရင်နင့်ဖွယ်ရာ ဓာတ်ပုံများ
BALÁZS SIMON

လင်းလင်း (ShweMom)

Source: TheSun

SHARE