
ဂျာမနီနိုင်ငံရဲ့ နာမည်ကြီး တင်းနစ်ကစားသမားတစ်ဦးဖြစ်တဲ့ Alexander Zverev ကိုတော့ တင်းနစ်ပရိသတ်တော်တော်များများ သိရှိကြပြီး ဖြစ်မှာပါ။ Alexander ဟာ လက်ရှိအချိန်မှာ ကမ္ဘာ့ တတိယမြောက် အကောင်းဆုံး တင်းနစ်ကစားသမားတစ်ယောက်အဖြစ် မှတ်တမ်းဝင်နေတဲ့ တင်းနစ်ချိန်ပီယံတစ်ယောက်ဖြစ်သလို ၂၀၁၇ ခုနှစ်ကတည်းက ကမ္ဘာ့အကောင်းဆုံး တင်းနစ်ကစားသမား ၁၀ ဦးထဲမှာ အမြဲလိုလို ပါဝင်နေတဲ့ ကစားသမားတစ်ယောက် ဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ Alexander ဟာ မကြာသေးခင်အချိန်တုန်းက ပြတ်သွားတဲ့ ရည်းစားဟောင်းရဲ့ တရားစွဲဆိုခြင်းကို ခံခဲ့ရသလို အဲဒီရည်စားမတိုင်ခင် အရင်ရည်းစားဖြစ်သူနဲ့ ရရှိခဲ့တဲ့ ကလေးအုပ်ထိန်းခွင့်နဲ့ ပတ်သတ်ပြီးလည်း တရားရုံးမှာ အမှုရင်ဆိုင်နေရသေးကြောင်း news.com.au သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။
Alexander ရဲ့ အရင်ရည်စားဖြစ်သူ Olga Sharapova အမည်ရ အမျိုးသမီးဟာ လက်ရှိမှာတော့ Alexander ကို ကိုယ်ထိလက်ရောက်စော်ကားမှုတွေနဲ့ အမှုဖွင့်ထားခဲ့တာဖြစ်ပါတယ်။ Olga ရဲ့ ပြောပြချက်အရဆိုရင်တော့ Alexander ဟာ သူမကို အမြဲလိုလို ကိုယ်ထိလက်ရောက် စော်ကားရိုက်နှက်မှုတွေကို ပြုလုပ်ခဲ့ောကာင်း၊ သူ့အနေနဲ့ Alexander ကို တစ်ကယ်ချစ်တာကြောင့် ဒီအကြောင်းကို ဘယ်သူမှမပြောပဲ ရေငုံနှုတ်ပိတ်နေခဲ့ပေမယ့်လည်း နောက်ဆုံးမှာတော့ Alexander ကို သူ့ကို တစ်ဖက်သတ်လမ်းခွဲခဲ့တာကြောင့် အခုလို တရားဆွဲခဲ့ရတာဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။ ဒါ့အပြင် Alexander ဟာ ရရှားနာမည်ကြီး မော်ဒယ် Brenda Patea နဲ့ တွဲခဲ့တဲ့ အချိန်တုန်းကလည်း Brenda နဲ့ ကိုယ်ဝန်ရရှိခဲ့ပြီး လမ်းခွဲခဲ့ပါတယ်။ မကြာသေးခင်အချိန်က Alexander ဟာ Brenda နဲ့ သူနဲ့ ရရှိခဲ့တဲ့ ကလေးရဲ့ အုပ်ထိန်းခွင့်ကို လိုချင်တာကြောင့် တရားရုံးမှာ ဦးတိုက်လျှောက်ထားခဲ့ပါသေးတယ်။
View this post on Instagram
Ich warte geduldig, dass der Regen verschwindet… aber so lange mache ich es mir gemütlich.
ဒါပေမယ့် Brenda က ကလေးအုပ်ထိန်းခွင့်ကို လုံးဝမပေးပဲ Alexander ရဲ့ တစ်ကိုယ်ကောင်းဆန်မှုတွေနဲ့ မကြာခဏ သူမကို အနိုင်ကျင့်တဲ့အကြောင်းတွေကို တရားရုံးမှာ ဖွင့်ပြောခဲ့တာကြောင့် Alexander တစ်ယောက် ဝေဖန်မှုတွေ တော်တော်ခံခဲ့ရပါသေးတယ်။ “ကျွန်တော့်အနေနဲ့ကတော့ လက်ရှိအချိန်မှာ ဘာမှ မပြောလိုပါဘူး။ အချိန်တန်ရင် အဖြေမှန်က ပေါ်လာမှာပါ။ သူတို့တွေ ကျွန်တော့်ကို ဘယ်လိုပဲ ပုတ်ခတ်ပုတ်ခတ် ကျွန်တော်အပြုံးမပျက်ပါဘူး။ ပရိသတ်တွေကိုတော့ စိတ်အနှောင့်အယှက်ဖြစ်စေရလို့ တစ်ကယ်တောင်းပန်ပါတယ်”လို့ Alexander က ပြောကြားခဲ့ပါတယ်။
Pyi Hein Kyaw