လက်တွေ့ဘဝထဲက Beth Harmon လို့သမုတ်နေကြတဲ့ စစ်တုရင်ဘုရင်မလေး

instagram/missbotez

အင်စတာဂရမ် follower ၂၁၅,၀၀၀ ရှိတဲ့ စစ်တုရင်ကစားသူ အမျိုးသမီးတစ်ယောက်ကို Netflix ဒရမာစီးရီး The Queen’s Gambit ထဲက Beth Harmon နဲ့တူတယ်လို့ သမုတ်နေကြောင်း dailymail သတင်းအရ သိရပါတယ်။ သူမဟာ အသက် ၂၅နှစ်သာရှိသေးတဲ့ Alexandra Botez ဆိုသူပါ။ မိဘတွေက ရိုမေးနီးယန်းတွေဖြစ်ကာ သူမကို တက္ကဆက်ပြည်နယ်မှာမွေးဖွားပြီး ကနေဒါမှာကြီးပြင်းခဲ့ပါတယ်။

 

View this post on Instagram

 

A post shared by Alexandra Botez (@missbotez)

Botez ဟာ အသက်၆နှစ်အရွယ်ကတည်းက ဖခင်ဖြစ်သူရဲ့လေ့ကျင့်သင်ကြားမှုကြောင့် စစ်တုရင်နဲ့ ရင်းနှီးခဲ့တာပါ။ ငယ်ငယ်တုန်းက မိခင်ဖြစ်သူနဲ့ ကစားရပါတယ်။ နောက်ပိုင်း မိခင်ဖြစ်သူကို ဂိမ်းဆော့တိုင်းနိုင်တော့ Botez ရဲ့ဖခင်က သမီးဖြစ်သူကို စစ်တုရင်ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်စေခဲ့ပါတယ်။ ပထမဆုံးအမျိုးသားချန်ပီယံဆုကို သူမ အသက်၈နှစ်မှာဆွတ်ခူးခဲ့ပါတယ်။

 

View this post on Instagram

 

A post shared by Alexandra Botez (@missbotez)


အသက် ၁၈နှစ်အောက် အမေရိကန်အမျိုးသမီးချန်ပီယံဆုကိုတော့ အသက်၁၅နှစ်မှာ ဆွတ်ခူးခဲ့ပါတယ်။ သူမဟာ အထက်တန်းကျောင်းသူဘဝမှာလည်း စစ်တုရင်ကစားနည်းကို ဝါသနာထုံစွာကစားခဲ့ပါတယ်။ ဒါပေမဲ့ စစ်တုရင်ကစားရာမှာ အမျိုးသမီးတစ်ယောက်ဖြစ်တဲ့အတွက် ကျားမခွဲခြားမှုတွေတော့ Botez ဟာ ကြုံတွေ့ခဲ့ရပါတယ်။ သူမဟာ စုစုပေါင်း အမျိုးသားချန်ပီယံဆု ၆ဆုကိုဆွတ်ခူးနိုင်ခဲ့ပြီး International Chess Federation of Women ရဲ့ FIDE Master ဘွဲ့ကို ဆွတ်ခူးထားပါတယ်။

 

View this post on Instagram

 

A post shared by Alexandra Botez (@missbotez)

 

View this post on Instagram

 

A post shared by Alexandra Botez (@missbotez)

Botez ဟာ ၂၀၁၇ ခုနှစ်မှာ Stanford University ကနေ International Relations နဲ့ ဘွဲ့ရခဲ့ပါတယ်။ သူမဟာ တက္ကသိုလ်မှာလည်း Standford chess club ရဲ့ပထမဆုံး အမျိုးသမီးဥက္ကဌဖြစ်ခဲ့ပါတယ်။ သူမဟာ ကောလိပ်ကျောင်းသူဘဝမှာကတည်းက BotezLive ဆိုတဲ့အကောင့်အမည်နဲ့ gaming platform Twitch ပေါ်မှာ live-streaming နဲ့ စစ်တုရင်ကစားပြခဲ့ပါတယ်။ ၂၀၁၉ခုနှစ်မှာတော့ streaming chess အလုပ်နဲ့ပဲ အသက်မွေးဝမ်းကြောင်းပြုဖို့ သူမက ဆုံးဖြတ်ခဲ့ပါတယ်။ ၂၀၁၉မှာပဲ သူမဟာ နယူးယောက်စီးတီးကိုပြန်ပြောင်းလာခဲ့ပြီး streaming လုပ်တာ၊ chess.com အတွက် အလုပ်လုပ်ပေးတာနဲ့ သူမအသက်မွေးဝမ်းကြောင်းလုပ်ငန်းအတွက် ကြိုးစားခဲ့ပါတယ်။ ၂၀၂၀ခုနှစ် အစမှာတော့ Twitch ပေါ်မှာ ပရိသတ် ၆၁,၀၀၀ ရှိနေပြီး ကိုဗစ်ဖြစ်တဲ့အချိန်မှာတော့ ပရိသတ်အရေအတွက်က အများကြီးတိုးလာတာပါ။

 

View this post on Instagram

 

A post shared by Alexandra Botez (@missbotez)

ပြီးခဲ့တဲ့အောက်တိုဘာတုန်းက Netflix ကနေ The Queen’s Gambit  ပြသအပြီးမှတော့ Botez ဟာ ပရိသတ်တွေအများကြီးရလာခဲ့ပြီး အခုဆိုရင်တော့ သူမဟာ Twich ပေါ်မှာ follower ၄၆၉,၀၀၀ ရှိနေပါပြီ။ အသက်ငယ်ငယ်လေးထဲက စစ်တုရင်ဆော့လာခဲ့တဲ့အပြင် စစ်တုရင်ပညာမှာ ထူးချွန်လွန်းတဲ့ Botez ကိုတော့ The Queen’s Gambit ထဲက အဓိကဇာတ်ကောင် စစ်တုရင်စတား Beth နဲ့ ခိုင်းနှိုင်းနေကြတာပါ။ ပြီးခဲ့တဲ့လပိုင်းတုန်းက Botez ဟာ သူမရဲ့ live-stream တစ်ခုထဲ ဆံပင်နီအတုကြီးဝတ်ပြီး သူမလည်း Beth လိုပဲနေနေပြီဆိုပြီး ပို့်စ်တင်ခဲ့ပါသေးတယ်။

ShweMom

SHARE