ဆွဲဆောင်မှုကိုယ်စီရှိတဲ့ ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာ ညီအစ်မ

from Instagrams of Katharina and Alexandra Andresen

နော်ဝေနိုင်ငံသူ ညီအစ်မ နှစ်ယောက်ဟာ ဒီနေ့ ကမ္ဘာပေါ်မှာ အသက် အငယ်ဆုံး အမျိုးသမီး သန်းကြွယ် သူဌေးဖြစ်လာခဲ့ပြီး  ကိုယ်စီ အမေရိကန်ဒေါ်လာ ၁.၂ ဘီလီယံ ပိုင်ဆိုင်ထားကြပါတယ်။

Katharina နဲ့ Alexandra Andresen တို့ ညီအမ နှစ်ယောက်က အထက်တန်းကျောင်းတောင် ပြီးတာ မကြာကြသေးပါဘူး။ ၄င်းတို့ရဲ့ ဖခင် Johan F. Anresen ဟာ နော်ဝေနိုင်ငံရဲ့ Ferd ဆိုတဲ့  ဆေးရွက်ကြီး ကုမ္ပဏီကြီးကို ပိုင်ဆိုင်တဲ့သူဖြစ်ပါတယ်။ အဲ့ဒီထဲကမှ ကုမ္ပဏီတစ်ခုကို ဖခင်ဖြစ်သူက ညီအမတွေကို ဆက်ခံခွင့်ပေးခဲ့ပါတယ်။ Ferd ကုမ္ပဏီဟာ လက်ရှိမှာ စတော့ ရှယ်ယာတွေကိုင်ထားတယ်၊ အိမ်ခြံမြေလုပ်ငန်း၊ လုံခြုံစိတ်ချရတဲ့ မြှုပ်နှံမှုတွေနဲ့ hedge fund တွေကို လုပ်ကိုင်လျက်ရှိနေတယ်။

Ferd ကုမ္ပဏီရဲ့ ပိုင်ဆိုင်မှု အများစုကို ဖခင်က ကိုင်ထားပေမယ့် Andresen ညီအစ်မ နှစ်ယောက်ကတော့ တစ်ယောက်ကို ၄၂.၂ ရာခိုင်နှုန်းထိ ပိုင်ဆိုင်ထားပါတယ်။ ဒီလိုအနေအထားမှာ ရောက်နေကြတဲ့တိုင် Andresen ညီအစ်မနှစ်ယောက်ဟာ သာမန်နေထိုင်မှု ပုံစံနေပဲ နေထိုင်ကြပါတယ်။

Katharina က Amsterdam University College မှာ အခု social science မေဂျာကို စတင်တက်ရောက်မှာဖြစ်ပြီး အခု အသက် ၂၀ ရှိနေပြီ။

 

View this post on Instagram

 

A post shared by Katharina G. Andresen (@kgandresen) on

Alexandra ကတော့ ၁၉ နှစ်ပဲရှိသေးပြီး ဥရောပမှာ ထိပ်တန်း မြင်းစီးသမားတစ်ယောက်ဖြစ်တယ်။

 

View this post on Instagram

 

A post shared by Alexandra (@alexandraandresen) on

သူမက ၂၀၁၃ ခုနှစ် European Junior Riders Championship မှာ ကြေးတံဆိပ် ဆွတ်ခူးနိုင်ခဲ့တယ်။ ၂၀၁၄ ခုနှစ် European Junior Riders Championship မှာတော့ ငွေတံဆိပ် ရရှိခဲ့ပါတယ်။ Alexandra ဟာ အင်တာနက်ပေါ်မှာလည်း မကြာသေးခင်ကမှ အသက် ၁၉ နှစ်အရွယ် ကမ္ဘာ့အသက်အငယ်ဆုံး ဘီလျံနာတစ်ယောက်အဖြစ် သတ်မှတ်ခံထားရပါတယ်။ သူမဟာ စတိုင်လ်ကျ လှပသူလည်းဖြစ်ပြီး အစ်မပြီးရင် ဒုတိယ ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာပါ။

 

View this post on Instagram

 

A post shared by Alexandra (@alexandraandresen) on

ဘီလျံနာ ညီအမနှစ်ယောက်ဟာ ဆိုရှယ်မီဒီယာတွေပေါ်မှာဆိုလည်း ဟော့ဟော့ရမ်းရမ်းလုပ်နေတာတွေ မရှိဘူး။ အစ်မဖြစ်သူ Katharina Andresen ဆိုလည်း ဖက်ရှင်ကျတဲ့ ဖြစ်သလို အမိုက်စား ဆံပင်အတိုပုံစံကိုပါ ထားထားပါတယ်။

 

View this post on Instagram

 

A post shared by Katharina G. Andresen (@kgandresen) on

ညီမဖြစ်သူကတော့ အညိုရောင် ဆံပင် အကောက်အခွေတွေထားထားပြီး အစ်မနဲ့တော့ ဆန့်ကျင်ဘက်ပါပဲ။ Alexandra က ရှက်တတ်တယ်၊ ပြီးတော့ ပရော်ဖက်ရှင်နယ် မြင်းစီးသမားလည်း ဖြစ်တယ်။ သူမရဲ့ အင်စတာဂရမ်မှာအကောင့်မှာဆိုလည်း သူမမြင်းတွေနဲ့ အတူရိုက်ထားတဲ့ ပုံတွေကို တွေ့နိုင်တယ်။

READ
ဒရက်ကူလာမြို့စားနေထိုင်ခဲ့တယ်လို့ ယိုးစွပ်ကြတဲ့ ရိုမေးနီးယားက ရဲတိုက်အကြောင်း

အစ်မ အကြီးဖြစ်သူကတော့ အမေရိကန်ဒေါ်လာ ၁.၂ ဘီလီယံ အမွေရရှိပြီးတဲ့နောက် Forbes ရဲ့ ကမ္ဘာ့အချမ်းသာဆုံး စာရင်းထဲ ၁၄၇၆ မြောက်နေရာမှာ ဖော်ပြခံခဲ့ရပါတယ်။ ညီအစ်မ နှစ်ယောက်မှာဆို ညီမဖြစ်သူရဲ့ အကောင့်က အစ်မထက် ပိုပြီး ဆွဲဆောင်မှုရှိနေတာကို တွေ့ရတယ်။ သူမတို့ရဲ့ အထက်တန်းစား ဘ၀နေထိုင်မှု ပုံစံတွေကိုလည်း သိမြင်စေတယ်။

အစ်မဖြစ်သူကလည်း အမ်စတာဒမ် ယူနီဗာစတီ ကောလိပ်မှာ ပညာသင်ကြာနေပါတယ်။ ဒါတင်မကသေးပါဘူး ကမ္ဘာပတ် ခရီးသွားလာနေပုံတွေကိုပါ ဖော်ပြထားပါတယ်။ ညီအစ်မ နှစ်ယောက်လုံးက အင်္ဂလန်နိုင်ငံ Hampshire ပြည်နယ် Fordingbridge မြို့ရှိ Forres Sandle Manor မှာ ပညာသင်ကြားခဲ့ကြပါတယ်။ ကျောင်းစရိတ်ကလည်း တစ်နှစ် အမေရိကန် ဒေါ်လာ ၃၅၀၀၀ သွင်းရပါတယ်။

READ
အရပ်ရှည်ပြီးရင်းဆက်ရှည်နေတဲ့ ကမ္ဘာ့အရပ်ရှည်ဆုံး ဆယ်ကျော်သက်ကောင်လေး

သူမတို့ရဲ့ ဖခင်ဟာ သမီးတွေ သုံးဖြုန်းတဲ့နေရာမှာ တာဝန်သိတတ်အောင် သင်ပေးပြီး ကားကိုတောင်မှ တစ်ပတ်ရစ် ၀ယ်ခိုင်တယ်လို့ သိရပါတယ်။ လူတွေဟာလည်း ငွေကြောင့်နဲ့ လာပတ်သက်နေတာတွေရှိတာကြောင့် ဖခင်ဖြစ်သူက သူမကို ဘယ်လို ပြုမူ ဆက်ဆံသလဲဆိုတာကို သတိထားနေတယ်လို့  Kathrina က ပြောပြပါတယ်။

Matthew (ShweMOM)

 

SHARE