အသက်အငယ်ဆုံး လွှတ်တော်ကိုယ်စားလှယ်ရဲ့ တက္ကသိုလ်တုန်းက ဗီဒီယိုတစ်ခုထွက်ပေါ်

အသက် (၂၉) နှစ်ရွယ် Alexandria Ocasio-Cortez ဟာ အမေရိကန်ရဲ့ အသက်အငယ်ဆုံး အမျိုးသမီးလွှတ်တော်အမတ်ဖြစ်ပါတယ်။

Twitter

၂၀၁၈ ခုနှစ် ဇွန်လ (၂၆) ရက်နေ့မှာ Alexandria Ocasio-Cortez ဟာ New York’s 14th congressional ဒေသအတွက် အမေရိကန်ကိုယ်စားပြု၊ ဒီမိုကရက်တစ်ပါတီရဲ့ လွှတ်တော်အမတ်နေရာသို့ ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့ရာ  ၂၀၁၉ ဇန်နဝါရီလ (၃) ရက်နေ့မှာတော့ တရားဝင်အလုပ်ဆင်းခဲ့ပါတယ်။

Alexandria Ocasio-Cortez ဟာ ပညာရေးနယ်ပယ်မှာ နည်းပြအဖြစ် လုပ်ကိုင်ခဲ့ပြီး အခြားသောပညာရေးလှုပ်ရှားမှုများမျာလည်း အားတက်သရောဝင်ပါခဲ့သူပဲဖြစ်ပါတယ်။ ဘော်စတွန်တက္ကသိုလ်မှာ နိုင်ငံတကာဆက်ဆံရေးပညာဘွဲ့အပြင် စီးပွားရေးဘွဲ့တစ်ခုကိုပါ ရရှိခဲ့ပါတယ်။

Instagram

အမတ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရာမှာလည်း ထူးထူးခြားခြား ငယ်ရွယ်သူဖြစ်တဲ့အတွက် လူအများက စိတ်ဝင်စားခဲ့ကြပြီး သူမရဲ့ဆုံးဖြတ်ချက်တွေကို အများပြည်သူတို့ နှစ်သက်သဘောကျခဲ့ကြပါတယ်။ တရားဝင်လွှတ်တော်အမတ်အဖြစ် အနိုင်ရပြီး တာဝန်ယူနေရတာ ရက်ပိုင်းပဲ ရှိသေးတာကြောင့် သူအပေါ် လူစိတ်ဝင်စားမှုများလည်း မြင့်တက်နေဆဲ ဖြစ်ပါတယ်။

ဒီလိုအချိန်ကိုမှ ကိုက်ပြီးတော့ တက္ကသိုလ်တုန်းကရိုက်ကူးခဲ့တဲ့ ဗီဒီယိုတစ်ခုပေါ်ထွက်ခဲ့ပါတယ်။

READ
နွေရာသီအပြောင်းအရွှေ့ကာလမှာ အသင်းပြောင်းဖို့ သေချာသလောက်ရှိနေတဲ့ ဆန်းချက်ဇ်
LiveLeak

ဗီဒီယိုထဲမှ Alexandria Ocasio-Cortez ကို သွက်သွက်လက်လက်ချက်ချက်ချာချာပုံစံမျိုးနဲ့မြင်တွေ့ရမှာဖြစ်ပြီး တက္ကသိုလ်တက်နေစဉ်ရိုက်ကူးထားတာဖြစ်တဲ့အတွက် အသက် (၂၀) ပတ်ဝန်းကျင်သာ ရှိဦးမှာပါ။ လွှတ်တော်မှာ တရားဝင်အလုပ်ဆင်းမယ့်ရက်မှာပဲ Twitter မှာ ဒီဗီဒီယိုဟာ တက်လာခဲ့တာပဲဖြစ်ပါတယ်။ မိနစ်ပိုင်းအတွင်းမှာတင် ကြည့်ရှုသူနှုန်းမြင့်တက်ကာ လူအများကြား တော်တော်လေးကို ပျံ့နှံ့ခဲ့ပါတယ်။

သူမဟာ Boston University စာတန်းပါ တီရှပ်နှင့် စကပ်အရှည်တို့ကို လုံလုံခြုံခြုံဝတ်ထားကာ ၁၉၈၅ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ The Breakfast Club ဆိုတဲ့ရုပ်ရှင်ကို ပြန်လည်ပုံဖော်ကာ choreography အဖြစ် ကခဲ့တာဖြစ်ပါတယ်။

အကဟာ ကလက်တက်တက်အကမျိုးမဟုတ်ဘဲ ကလေးငယ်လေးတစ်ယောက်လို ခုန်ပေါက်ကာ ကထားပြီး တချို့နေရာမှာဆိုရင်တော့ ရယ်စရာကောင်းတဲ့ကကွက်လေးမျိုးတွေပါ ပါနေပါတယ်။

ဒီဗီဒီယိုကိုတင်လိုက်သူဟာ ဘယ်သူဘယ်ဝါမှန်းမသိပေမယ့် သူမကိုတိုက်ခိုက်ချင်လို့ လုပ်တယ်ဆိုတာသိသာနေပါတယ်။ သို့ပေမယ့် ဗီဒီယိုကိုကြည့်ရှုပြီးတဲ့လူတိုင်းဟာ Alexandria Ocasio-Cortez ကို အထင်အမြင်သေးတာ ရှုံ့ချဖို့နေနေသာသာ လွတ်လပ်ပွင့်လင်းပြီး ပျော်ပျော်နေတတ်သူလေးလို့ဆိုကာ အချစ်ပိုခဲ့ကြပါတယ်။

Instagram

သူမကိုနဂိုကတည်းကထောက်ခံသူတွေအပြင် နောက်ထပ်ထောက်ခံသူတွေပါ ထပ်မံပေါ်ပေါက်ခဲ့ပါတယ်။ Alexandria Ocasio-Cortez ဟာအရင်ကတည်းက Instagram မှာ live လွှင့်ပြီး သူမအား ထောက်ခံသူတွေကို ဟင်းချက်ရင်း သီချင်းတွေလိုက်ဆိုကာ ပျော်ပျော်ရွှင်ရွှင်နဲ့ မေးသမျှမေးခွန်းတွေကို ဂရုတစိုက်ဖြေဆိုခဲ့ဖူးပါသေးတယ်။

READ
မွေးခန်းကိုသွားတဲ့ ဓာတ်လှေကားထဲမှာပင် မီးဖွားခဲ့တဲ့ အမျိုးသမီး

ဒီလိုဗီဒီယိုထွက်ပေါ်လာတဲ့အပေါ်သူမဖက်မှ Twitter မှာ လူသိရှင်ကြားပြန်လည်တုန့်ပြန်ခဲ့ပါတယ်။ ဒါကတော့ လွှတ်တော်ထဲက အမျိုးသမီးအမတ်တွေကိုပါ ကအောင်လုပ်ပြမယ်ဆိုပြီး ပျော်ပျော်ရွှင်ရွှင်နဲ့လွှတ်တော်ထဲ ကပြနေတဲ့ ဗီဒီယိုလေးကို ပြန်တင်ထားခဲ့တာပါ။ ပြန်လည်ချေပထားတဲ့ ဒီဗီဒီယိုကြောင့်လည်း သူမကို ချစ်ခင်သူတွေပိုများလာခဲ့ပါတယ်။

 

Penny

Ref : USAToday , DailyMail

 

SHARE