ဆန်းချက်ဇ်ကို ပေါင် 128 သန်းဖြင့် ကမ်းလှမ်းဖို့ အဆင်သင့်ရှိနေတဲ့ အင်တာမီလန်

အာဆင်နယ်အသင်းဟာ အခုအခါမှာတော့ အသင်းရဲ့တိုက်စစ်မှူး ဆန်းချက်ဇ်ကို ဆုံးရှုံးရဖို့ အလားအလာတွေ ပိုများလာခဲ့ပြီ ဖြစ်ပါတယ်။ အကြောင်းကောတ့ အီတလီအခြေစိုက် သတင်းစာတွေက အင်တာမီလန်အသင်းအနေဖြင့် ဆန်းချက်ဇ်
ကို ပေါင် 128 သန်းနဲ့ ကမ်းလှမ်းဖို့ အဆင်သင့်ဖြစ်နေပြီလို့ ရေးသားခဲ့ကြပါတယ်။

အင်တာအသင်းဟာ ဆန်းချက်ဇ်ကို ယခုအပြောင်းအရွှေ့ရာသီမှာ ခေါ်ယူဖို့ ကြိုးစားဖွယ် ရှိနေပါတယ်။ အာဆင်နယ်အ
သင်းကလည်း ဒီလောက်များပြားတဲ့ ငွေကြေးပမာဏနဲ့ဆိုရင် ရောင်းချဖို့ရှိနေပြီး၊ ဒီလို လုပ်မှလည်း ၎င်းတို့ရဲ့ ပရီမီယား
လိဂ်ပြိုင်ဘက်တွေဆီကို အဆိုပါ ကစားသမား ရောက်သွားခြင်းမှလည်း ကာကွယ်နိုင်မယ့် သဘောဖြစ်နေပါတယ်။

Corriere dello Sport သတင်းစာက အင်တာကိုပိုင်ဆိုင်တဲ့ တရုတ်ကုမ္မဏီ Suning Holdings Group သူဌေးတွေကလည်း အင်တာအသင်းနည်းပြ Stefano Pioli ကို ယခုနှစ်အပြောင်းအရွှေ့ရာသီအတွက် ငွေကြေးမြောက်များစွာ ထုတ်ပေးဖို့ရှိတယ်လို့ ရေးသားထားပါတယ်။ ဒါကြောင့် အာဆင်နယ်အသင်းအနေနဲ့လည်း ၎င်းတို့ ကစားသမားကို ထိန်းသိမ်းဖို့ ခက်
ခဲနိုင်ကြောင်း ရေသားခဲ့ပါတယ်။

READ
(၃၁-၃-၁၈)အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

အင်တာအသင်းဟာ စီးရီအေး အမျတ်ပေးဇယားမှာ အဆင့် 7 မှာ ရပ်တည်နေပြီး ရလာဒ်ပိုင်း မတည်ငြိမ်မှုနဲ့ ရင်ဆိုင်နေရပါတယ်။ ဂျူဗင်က ၎င်းတို့ကို 12 မှတ်အထိ ဖြတ်ထားပြီး၊ အခြေအနေဆိုးကနေ ရုန်းထွက်လိုနေကြပါတယ်။ ဆန်းချက်ဇ်
ဟာ အာဆင်နယ်အသင်းမှာ 2018 အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးပေမယ့် တစ်ပတ်လုပ်စာ ပေါင် 2 သိန်းအထိ တိုးမြင့် တောင်းထားလို့ အာဆင်နယ်ဘုတ်အဖွဲ့အတွက်တော့ ခေါင်းခဲစရာ ကိစ္စဖြစ်နေပါတယ်။

ညီလင်းထက် (Shwemom)

source : metro.co.uk

SHARE