ချမ်းသာပေမယ့်လည်း ပိုက်ဆံကို အပိုမဖြုန်းပဲ စနစ်တကျ သုံးစွဲတဲ့ Alia Bhatt

Image:IG/Alia Bhatt

Alia Bhatt ကတော့ ဘောလိဝုဒ်ရဲ့ နာမည်ကြီး မင်းသမီးပါ။သူမ ကတော့ အိန္ဒိယ အဆိုတော် မင်းသမီး ဖြစ်ပြီး ဗြိတိန် နိုင်ငံ သားကတ်ကို ကိုင်ဆောင်ထားသူပါ။အာရှရဲ့  အလှ ဆုံး မင်းသမီးတွေ ထဲက တစ်ယောက် အဖြစ် အသိအမှတ်ပြု ခံထားရသူပါ။ပြီးခဲ့တဲ့ ရက်က Economic Times နဲ့ အင်တာဗျူး လုပ်ခဲ့ပါတယ်။အဲ့ဒီအင်တာဗျူးမှာ ပိုက်ဆံ ကို သူမဘယ်လို မျိုးသုံးစွဲ လဲဆိုတာကို ဝေမျှ ပေးခဲ့ပါတယ်။လန်ဒန်နဲ့ မွန်ဘိုင်းမြို့ တို့မှာ အိမ် တွေ အများကြီး ပိုင်ဆိုင်ထားပေမယ့်လည်း ငွေ ကြေးကို သေချာ စနစ်တကျ နဲ့ သုံးစွဲ တဲ့ အချက်ကတော့ တကယ့်ကို လေးစားစရာ ကောင်းလွန်းပါတယ်။

Image:IG/Alia Bhatt

ဝင်ငွေ ထွက်ငွေ ကို ကန့်သတ်ပြီး သုံးစွဲ တယ်လို့ သူမက ဆိုပါတယ်။ပိုက်ဆံကို ဘတ်ဂျက် သတ်မှတ်ပြီး သုံးကာ ကျန်တာတွေ ကိုတော့ ရင်းနှီးမြှုပ်နှံတာ ၊ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေ အဖြစ် ထားတယ် လို့ ဆိုပါတယ်။အသုံစရိတ်ကို ကန့်သတ် သတ်မှတ်သုံးတာ ကောင်းတယ်လို့ အခုလို ပြောခဲ့ပါတယ်။” ကျ မကိုယ်တိုင်လည်း အသုံးစရိတ်ကို သတ်မှတ်ထားပြီး သေချာ သုံးတယ်။အပို မသုံးဘူ။ကျမရဲ့ စာရင်းကိုင် ကတောင်မှ ဘာလို့ ဒီလောက်ပဲ သုံးတာလဲ ပို သုံးပါလား ဆိုပြီး ကျမ ကို ပြောတယ်..”ဆိုပြီး ပြောခဲ့ပါတယ်။အခုမှ ပိုက်ဆံ ကို ချွေတာ သုံးတာ မဟုတ်ပါဘူး။ဆယ်ကျော် သက် ဘ၀တည်းက ချွေ သုံးပါတယ်။

READ
မော်ဒယ်မလေး ခင်အင်ကြင်းကျော်ရဲ့ အလန်းဆုံးဓာတ်ပုံများ
Image:IG/Alia Bhatt

သူမဟာ မကြာခဏ ဆိုသလို Primark ဆိုင်(UK မှာဆိုရင်တော့ ဘတ်ဂျက်ဆိုင်) ကို  သွားတတ်ပြီး (၅  ပေါင် ကနေ ၆ ပေါင်)ကြား ပစ္စည်းတွေကို ၀ယ်လေ့ရှိပါတယ်။သူမရဲ့ ညအိပ် ၀တ် စုံကိုဆိုရင် အခုထိ အဲ့ဆိုင်မှာပဲ ၀ယ်နေတုန်းပါ။” ညအိပ်ဝတ်စုံကို ကျမ အခုထိ Primark ကနေ ပဲ ၀ယ်နေတုန်း။အဲ့ တော့ ဘာဖြစ်လဲ.။အကုန်လုံးက ညအိပ် ၀တ်စုံပဲလေ။ဘာ တွေ များ ကွာကြ မှာ မို့လဲ..” ဆိုပြီး ပြောခဲ့ပါတယ်။တစ်ချို့ မင်းသား မင်းသမီး တွေ က ကမ္ဘာေ ကျာ် Brand ညအိပ် ၀တ်စုံတွေကို ၀တ်ကြ ပေမယ့် သူမက တော့ ဈေး ပေါ တဲ့ဆိုင်က ညအိပ် ၀တ်စုံကိုပဲ ၀ယ် ၀တ်တာပါ။

Image:IG/Alia Bhatt

ပိုက်ဆံ တွေ ကို အပို လျှောက် မသုံးပဲ ရင်းနှီးမြှုပ် နှံ တဲ့ နေရာမှာပဲ သုံးတယ်ဆိုပေမယ့် သူမကိုယ်တိုင်လည်း ရင်နှီးမြှုပ် နှံ မှု အကြောင်းကို  နားမလည် ကြောင်း၊ပို နားလည် အောင်လည်း ကြိုးစား နေကြောင်း၊မွန်ဘိုင်းက အိမ် ကတော့ သူမ ပထမဆုံး ၀ယ်တဲ့ အိမ် လို့ ပြောခဲ့ပါတယ်။ဆယ်ကျော် သက်ဘ၀ တုန်းက သူမရဲ့ ၀င်ငွေ နဲ့ ၀ယ်ခဲ့ဖူးတဲ့ ဈေး အကြီး ဆုံး ပစ္စည်း ကတော့ LV အိတ်လို့ ပြောခဲ့ပါတယ်။အိတ်ကိုတော့ ကိုယ်တိုင်လည်း ကြိုက်တာမို့ အိတ် တော့ ၀ယ်ဖြစ်တယ်လို့ ဆိုပါတယ်။နောက်တစ်ခု သူမ ကြိုက်တာ ကတော့ Gym အ၀တ်အစားတွေပါ။

READ
ကောက်ကြောင်းလှလှလေးကို ထုတ်ပြလိုက်ပြန်တဲ့ Demi Rose
Image:IG/Alia Bhatt

အားလပ် ရက် တွေ မှာ အနားယူရတာကို ကြိုက်ကြောင်းနဲ့ ခရီးသွားရတာနဲ့ ဟိုတယ်မှာ နားနေရတာကို ကြိုက် ပေမယ့် Shopping ထွက် ရတာကိုတော့ မကြိုက်ဘူးလို့  ပြောခဲ့ပါတယ်။တောင် တန်းတွေ မှာ အိမ် တစ်လုံးနဲ့ ကိုယ်ပိုင် ဂျက် လေယာဉ် ကိုတော့ လိုချင်တဲ့ အကြောင်းကိုလည်း ပြောခဲ့ပါတယ်။လန်ဒန်မှာ အိမ်ဝယ်ချင်တဲ့ အိမ် မက် သူမမှာ ရှိခဲ့ဖူးပြီး (၂၁၀၈)မှာတော့ တကယ်ဝယ်နိုင်ခဲ့ပါတယ်။အခုတစ်ခါ မှာတော့ တောင်ပေါ်မှာ အိမ် တစ်လုံး ၀ယ်ချင်နေပြီး အဲ့ဒီ ဆန္ဒကိုလည်း ပြည့်အောင် လုပ်သွားမယ်လို့ ပြောခဲ့ပါတယ်။

 

View this post on Instagram

 

🖤

A post shared by Alia ☀️ (@aliaabhatt) on

Source:hindustantimes

SHARE