ရိုက်ကွင်းမှာ ပင်ပန်းလွန်းတဲ့ ဒဏ်ကြောင့် ချက်ချင်းဆေးရုံတင်ခဲ့ရတဲ့ မင်းသမီး Alia Bhatt

[email protected] aliaabhatt

Bollywood ရုပ်ရှင်လောကရဲ့ နာမည်ကျော် မင်းသမီးတစ်ယောက်ဖြစ်တဲ့ Alia Bhatt ကိုတော့ ရုပ်ရှင်ပရိသတ်တော်တော်များများ သိရှိကြပြီး ဖြစ်မှာပါ။ Alia ဟာ Student of the Year, Raazi, Kalank, Highway အစရှိတဲ့ နာမည်ကျော် Bollyood ရုပ်ရှင်ဇာတ်ကားတွေနဲ့ နာမည်ကြီးလာခဲ့တဲ့ မင်းသမီးချောလေးတစ်ယောက် ဖြစ်ပါတယ်။ အခုလည်း  Alia ဟာ မကြာခင်ထွက်ရှိလာတော့မယ့် Gangubai Kathiawadi ဇာတ်ကားအတွက် ကြိုးစားပမ်းစားရိုက်ကူးနေရတာ တော်တော်များများ သိရှိကြမှာပါ။ အခုလည်း ရိုက်ကွင်းဒဏ်တွေကြောင့် Alia ဟာ ရှော့ခ်ရခဲ့ပြီး အရေးပေါ်ဆေးရုံတင်ခဲ့ရကြောင်း Pinkvilla သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

 

View this post on Instagram

 

A post shared by Alia Bhatt ☀️ (@aliaabhatt)

Gangubai Kathiawadi အမည်ရဇာတ်ကားဟာ မထွက်ရှိခင်ကတည်းက ပရိသတ်တွေကြားမှာ တော်တော်လေးကို ရေပန်းစားနေခဲ့တဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ တစ်ချိန်တုန်းက မွန်ဘိုင်းမြို့မှာ နာမည်ကြီးခဲ့တဲ့ လူဆိုးဂိုဏ်းခေါင်းဆောင် အမျိုးသမီးတစ်ဦးဖြစ်တဲ့ Gangubai Kathiawadi အသတ်ခံခဲ့ရတဲ့ အကြောင်းကို ပြန်ရိုက်ကူးထားတဲ့ Biographical ရုပ်ရှင်ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။ အဆိုပါ ဇာတ်ကားမှာ Alia ဟာ Gangubai Kathiawadi နေရာကနေ ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါ ဇာတ်ကားကလည်း COVID 19 ကပ်ရောဂါကြောင့် ဇာတ်ကားရိုက်ကူးချိန်တွေနဲ့ ထုတ်လုပ်ချိန် နောက်ကျနေခဲ့တာကြောင့် အသည်းအသန်ကို ရိုက်ကူးနေရတာပဲ ဖြစ်ပါတယ်။

READ
အမေထက်ပိုကောင်းတဲ့ အိုက်တင်နဲ့ သရုပ်ဆောင်ပြလိုက်တဲ့ စံထိပ်ထားဦး

 

 

View this post on Instagram

 

A post shared by Alia Bhatt ☀️ (@aliaabhatt)

Alia ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့(၁၇.၁.၂၀၂၁)တုန်းက တော်တော်လေးကို ပင်ပန်းနွမ်းနယ်ပြီး ရှော့ခ်ရခဲ့တာကြောင့် ချက်ချင်းအရေးပေါ်ဆေးရုံတင်ခဲ့ရတာ ဖြစ်ပါတယ်။ ကံကောင်းထောက်မစွာနဲ့ ဆရာဝန်တွေရဲ့ စစ်ဆေးချက်အရ ဘာရောဂါမှ မဟုတ်ပဲနဲ့ စိတ်ဖိစီးမှုတွေများပြီး တော်တော်လေးပင်ပန်းနေတာကြောင့် အခုလို ဖြစ်ခဲ့တာဖြစ်ကြောင်း သိရှိရပါတယ်။ အဲဒီနောက်မှာတော့ Alia ဟာလည်း အဲဒီနေ့မှာတင် ဆေးရုံမှာနားနေပြီး ညပိုင်းမှာ ဆေးရုံက ပြန်ဆင်းလာခဲ့ကြောင်း သိရှိရပါတယ်။

 

 

View this post on Instagram

 

A post shared by Alia Bhatt ☀️ (@aliaabhatt)

Pyi Hein Kyaw

SHARE