အကယ်ဒမီ အဖွဲ့ဝင်သစ်အဖြစ် ဖိတ်ခေါ်ခံခဲ့ရတဲ့ Alia Bhatt နဲ့ Hrithik Roshan

Image:IG/Alia Bhatt & Hrithik Roshan

ဘောလိဝုဒ်ရဲ့ Academy of Motion Picture Arts and Sciences က နေ Alia Bhatt နဲ့ Hrithik Ros han  တို့ ကို အဖွဲ့ ၀င် သစ် အဖြစ် ပါဝင် ပေးဖို့ ဖိတ် ခေါ် ခဲ့ပါတယ်။အခုလို ဖိတ် ခေါ် ခံခဲ့ရတဲ့ အတွက် အရမ်း ပျော် ရွှင် ၀မ်းသာမိတယ်လို့ Alia Bhatt က သူမရဲ့ IG မှာ  Post တင်ခဲ့ပါတယ်။ဒီလို ဖိတ် ခေါ် မှု ကို ရတာ ဟာ သူ မ အ တွက် တော့ တကယ့်ကို ဂုဏ်ယူ ၀မ်း မြောက် စရာ ကိစ္စ ပါ လို့ ပြော ခဲ့ပါတယ်။ဆွေ မျိုးတွေ ကြီးစိုး နေတဲ့ ဘော လိဝုဒ် လောက လို့ ဝေဖန် သံ  တွေ ထွက်ပေါ် နေတဲ့ ကြားကပဲ ဒီလို ဖိတ် ခေါ် ခံရတဲ့ ကိစ္စ ပေါ် လာခဲ့ တာပါ။ဒီ အ ကြောင်းကိုတော့ hindustantimes မှာ ဖော်ပြထားပါတယ်။

Alia က “The Academy of Motion Picture Arts and Sciences  ကို ကျမ ကို ခုလို အဖွဲ့ ၀င် သစ် တစ် ယောက် အဖြစ်  ဖိတ် ခေါ် တဲ့ အတွက် ကျေးဇူးတင်ပါတယ်။တကယ့်ကို ဂုဏ်ယူ ၀မ်း မြောက် ရပါတယ်။ အိန္ဒိယ ရုပ် ရှင် ရုံ တွေ ဟာ ကမ္ဘာ့ စင်မြင့် အတွက် တကယ်ကို ကောင်းတဲ့ ပလတ် ဖောင်း တစ်ခု ပါ လို့  ပြောခဲ့ပါတယ်။အိန္ဒိယရဲ့ ရုပ်ရှင် အဆင့်ကို ကမ္ဘာ ကလည်း အသိအမှတ်ပြု ထားတဲ့ အပေါ် ပျော်ရွှင်မိ ကြောင်း နဲ့  အကယ်ဒမီနဲ့ အိန္ဒိယ ရုပ်ရှု ရုံ တွေ က အသိအမှတ်ပြု ခံရတဲ့ သရုပ်ဆောင်တွေ၊ဒါရိုက်တာ တွေ၊ technician တွေ က ကမ္ဘာ တစ်ဝန်းက အသိအ မှတ်ပြု တရတဲ့ သူတွေဖြစ်လာ စေ ချင်တဲ့ အ ကြောင်းကိုလည်း ပြော ခဲ့ပါတယ်။

ရုပ်ရှင် ရုံ တွေ ကိုလည်း ချီးကျူး ဂုဏ် ပြု စကား ဆိုခဲ့ပါတယ်။ဆိုရှယ်မီဒီယာ က လူတွေ ကို ဆက်သွယ်ပြီး နောက် ဆုံးမှာ  ကွဲ စေ ပေမယ့်လည်း ရုပ်ရှင် ရုံ တွေ က တော့ လူတွေ ကို ချည် နှောင် ပေးတယ်လို့ လည်း ပြောခဲ့ပါတယ်။ Alia အပြင်  Hrithik Roshan ၊costume designer Neeta Lulla  တို့ လည်း ဖိတ် ခေါ် ခံရတဲ့ အနုပညာရှင်  တွေ ထဲမှာ ပါပါတယ်။ သူတို့ အပြင် ဒါရိုက်တာ  Nandini Shrikent, documentary filmmakers Nishtha Jain, Shirley Abraham, Amit Madheshiya, visual effects supervisors Vishal Anand နဲ့  Sandeep Kamal တို့ ကိုလည်း ဖိတ် ခေါ် ခဲ့ပါတယ်။နိုင်ငံ ပေါင်း (၆၈)နိုင်ငံက အနုပညာရှင်တွေ လည်း အဖွဲ့ ၀င်တွေ အဖြစ် ဖိတ်  ခေါ် ထားပါတယ်။Aligarh’ နဲ့ ‘City Lights’  ဇာတ်ကားတွေကိုရိုက်တဲ့ ဒါရိုက်တာ Hansal Mehta  က တော့ ဆွေမျိုး ကောင်းစားရေး အကယ်ဒမီ ဆိုပြီး သူ့ရဲ့ တွစ်တာ မှာ ဝေဖန် ထားပါတယ်။

READ
မြမြ အကြောင်း ရုပ်ရှင်ရိုက်မယ်လို့ ပြောလိုက်တဲ့ ညိုမင်းလွင်
Image:twitter/Hansal Mehta

#SHWEMOM

SHARE