ပရိသတ်တွေအတွက် Online ပေါ်ကနေ Harry Potter စာအုပ်ဖတ်ပြခဲ့တဲ့ Alia Bhatt

[email protected]

အိန္ဒိယမင်းသမီးချောလေး Alia Bhatt ကိုတော့ Bollywood ပရိသတ်တော်တော်များများ သိကြမှာပါ။ Student Of The Year, Kalank, Raazi အစရှိတဲ့ Bollywood နာမည်ကြီးဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးလေးတစ်ဦးပဲ ဖြစ်ပါတယ်။ Alia ဟာ မကြာသေးခင်အချိန်ကပဲ သူမရဲ့ Instagram အကောင့်ကနေပြီးတော့ Harry Porter At Home ဆိုတဲ့ နာမည်ကြီးစာအုပ်တစ်အုပ်ကို ဖတ်ပြခဲ့ကြောင်း Hindustantimes သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

View this post on Instagram

💗

A post shared by Alia Bhatt ☀️ (@aliaabhatt) on

Alia ဟာ လွန်ခဲ့တဲ့ နှစ်လလောက်ကတည်းက Harry Porter ရယ်၊ Hogwarts ကျောင်းတော်ကြီးရယ်နဲ့ မှော်ပညာရှင်အကြောင်းဟာ သူမစိတ်ထဲကို ဝင်ရောက်နေပြီး Harry Porter ဇာတ်ကားတွေလည်း အိမ်မှာနေရင်း အစအဆုံးပြန်ကြည့်ဖြစ်နေကြောင်း ပြောကြားခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် မင်းသားကြီး Alec Baldwin ရဲ့ Harry Porter အကြောင်းဖတ်ပြတဲ့ ဗီဒီယိုတွေကို တွေ့ခဲ့ပြီး သူမကိုယ်တိုင်လည်း Harry Porter ဇာတ်လမ်းတစ်ခန်းကို ဝင်ရောက်ဖတ်ပြပြီး Alec Baldwin နဲ့ ပူးပေါင်းခဲ့တာဖြစ်ပါတယ်။

“အိမ်မှာနေတဲ့ ကာလတစ်လျှောက်လုံး ဇာတ်ကားတွေကြည့်တာနဲ့တင် အချိန်ကုန်ပြီး ပျင်းနေတာ။ အဲဒီမှာ Alec Baldwin ရဲ့ Harry Porter စာအုပ်ဖတ်ပြတဲ့ ဗီဒီယိုဖိုင်ကြည့်ပြီး ကျွန်မလည်း အဲဒီလို ဖတ်ပြပြီး တစ်ထောင့်တစ်နေရာကနေ ပါဝင်ကူညီဖို့ ဆုံးဖြတ်ခဲ့တာပါ။ အရင်တုန်းက ဖတ်လေ့ဖတ်ထမရှိလို့ အမှားပါသွားရင်လည်း စိတ်မဆိုးကြပါနဲ့နော်” လို့ Alia က Hindustantimes သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Pyi Hein Kyaw

SHARE