လူတွေကသူ့ကို သန့်ရှင်းရေးဝန်ထမ်းနဲ့ မှားခဲ့ဖူးတယ်ဆိုတဲ့ Alibaba ရဲ့ ဥက္ကဌသစ်

SCMP/YouTube

Alibaba ကုမ္ပဏီအုပ်စုကြီးရဲ့ တည်ထောင်သူ ဂျက်မားကတော့ ဥက္ကဌရာထူးကနေပြီး အနားယူနုတ်ထွက်သွားခဲ့ပြီပဲဖြစ်ပါတယ်။ ၁၉၉၉ ခုနှစ်တုန်းက တိုက်ခန်းကျဥ်းလေးထဲ ၁၀ ယောက်တောင်မပြည့်ဘဲတည်ထောင်လာခဲ့တဲ့ စီးပွားရေးလုပ်ငန်းစုကြီးကနေ အနားယူတော့မယ့်အခါ ဒီစီးပွားရေးကို ဆက်လက်တိုးတက်ဖို့အတွက် စိတ်ချရတဲ့သူတစ်ယောက်ကိုတော့ ဥက္ကဌအဖြစ် ရွေးချယ်ခဲ့ပါတယ်။ သူ့နာမည်ကတော့ Daniel Zhang ပါ။

@AlibabaGroup/Twitter

Daniel Zhang ဟာ အသက် ၄၇ နှစ်အရွယ်ရှိနေပြီဖြစ်ပြီး Alibaba အုပ်စုရဲ့ ဥက္ကဌ (executive chairman) အသစ်အဖြစ် အင်္ဂါနေ့တုန်းက တရားဝင်ခန့်အပ်ခံခဲ့ရပါပြီ။ အဲဒီနေ့က ကုမ္ပဏီရဲ့ နှစ် ၂၀ ပြည့်အထိမ်းအမှတ်ပွဲဖြစ်ပြီး ဂျက်များရဲ့ ၅၅ နှစ်ပြည့်မွေးနေ့ကိုရော၊ staff party ကိုရော ပူးပေါင်းပြီး ပျော်ပျော်ရွှင်ရွှင်ကျင်းပခဲ့ပါတယ်။ ဥက္ကဌသစ်ဖြစ်တဲ့ Danial Zhang ဟာ ၂၀၁၅ ခုနှစ်တုန်းကတည်းက ဂျက်မားရဲ့လက်အောက်မှာ CEO အဖြစ် တာဝန်ပေးယူထားခဲ့သူတစ်ဦးပါ။

 

Danial Zhang ဟာ ရှန်ဟိုင်းမှာမွေးဖွားခဲ့သူတစ်ဦးဖြစ်ပါတယ်။ ဖခင်ဖြစ်သူဟာ စာရင်းကိုင်ဖြစ်တဲ့အတွက်ကြောင့် စီးပွားရေးအတွက်အချက်ကောင်းတဲ့ အမွေကို လက်ဆင့်ကမ်းလာခဲ့သူဆိုရင်လည်း မမှားပါဘူး။ ဒါကြောင့်ပဲ ရှန်ဟိုင်းတက္ကသိုလ်ကနေပြီး ဘဏ္ဍာရေးစီမံခန့်ခွဲမှုဘာသာရပ်နဲ့ ဘွဲ့ရရှိခဲ့ပြီး လုပ်ငန်းခွင်ထဲကိုလည်း စာရင်းကိုင်အဖြစ်ပဲ ဝင်ရောက်လာခဲ့ပါတယ်။ ၂၀၀၂ ခုနှစ်နဲ့ ၂၀၀၅ ခုနှစ်အထိ PricewaterhouseCoopers’ ဆိုတဲ့ ဘဏ္ဍာရေးစီမံမှုနဲ့ စီးပွားရေးအကြံပေးကုမ္ပဏီရဲ့ ရှန်ဟိုင်းရုံးခွဲမှာ စီနီယာမန်နေဂျာအဖြစ် တာဝန်ယူခဲ့ကာ အလုပ်ထွက်ခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်မှာတော့ Shanda Interactive Entertainment Limited အတွက် CFO (Chief Financial Officer) အဖြစ် ၂ နှစ်တာ အလုပ်ဝင်လုပ်ခဲ့ပြီးမှ Alibaba ကို အလုပ်ထပ်ပြောင်းခဲ့တာပဲဖြစ်ပါတယ်။ Alibaba ကို ဝင်ရောက်ဖြစ်ခဲ့ပုံကတော့ Danial Zhang ဟာ ၂၀၀၇ ခုနှစ်တုန်းက ဒုဥက္ကဌ Joseph Tsai နဲ့ တွေ့ဆုံခဲ့ပြီး အလုပ်ကမ်းလှမ်းခဲ့တဲ့အတွက်ကြောင့်ပါ။ အခုလည်း Joseph Tsai ဟာ Danial Zhang ဟာ စီးပွားရေးကို တကယ်နားလည်ပြီး အကျွမ်းတဝင်ရှိလှသူတစ်ယောက်ဖြစ်တယ်လို့ ချီးကျူးစကားဆိုခဲ့ပါသေးတယ်။

READ
နွားတွေကို ဘီယာတိုက်ပြီးမွေးမြူကာ ကမ္ဘာ့စံချိန်တင်ဈေးနဲ့ ရောင်းစားနေတဲ့ ဂျပန်ကြီး
@AlibabaGroup/Twitter

စစချင်း COO (Chief Operating Officer) အနေနဲ့ ၂၀၁၃ ခုနှစ် စက်တင်ဘာမှ မေ ၂၀၁၅ အထိ တာဝန်ယူခဲ့ပြီးနောက်မှ CEO အဖြစ် တစ်ဆင့်ချင်းရာထူးအတိုးခံခဲ့ရတာပါ။ ဂျက်မားဟာ အရင်တုန်းကတော့ Jonathan Lu ကို CEO ခန့်အပ်ဖို့ စဉ်းစားခဲ့သေးပေမယ့်လို့ ခေတ်နဲ့လည်းမပြတ်တဲ့သူ၊ အသက်အရွယ်အရလည်း ရင့်ကျက်တဲ့အတွေးတွေကို တွေးခေါ်နိုင်မယ့် ၁၉၇၀ ခုနှစ်နောက်ပိုင်းဖွားတွေကိုပဲ ခန့်သင့်တယ်လို့ ပြန်ယူဆမိခဲ့တာကြောင့် အခုလို ၁၉၇၂ ခုနှစ်ဖွား Danial Zhang ကို CEO အဖြစ် အမျှော်အမြင်ကြီးစွာ ရွေးချယ်ခဲ့တာပဲဖြစ်ပါတယ်တဲ့။ သူ CEO အဖြစ် တာဝန်ယူပြီးကာမှ Alibaba ရဲ့ လုပ်ငန်းခွဲ ၁၃ ခုဟာ တမဟုန်ချင်း တိုးတက်လာခဲ့တာကို မျက်ဝါးထင်ထင်မြင်တွေ့ခဲ့ရပါသေးတယ်။

ဒီလိုမျိုး ထူးချွန်သူတစ်ယောက်ဖြစ်ပေမယ့်လည်း Danial Zhang ဟာ ထင်ထင်ပေါ်ပေါ်နေလိုတဲ့ဆန္ဒမရှိဘဲ အမြဲတမ်း ကုတ်ကုတ်ကုတ်ကုတ်နေတယ်၊ စကားပြောရင်လည်း နူးနူးညံ့ညံ့လေးနဲ့ဆိုတော့ တစ်ခါကုမ္ပဏီကိုအလုပ်လာတက်တုန်းက လက်အောက်ကဝန်ထမ်းတွေက သူ့ကို အသစ်ရောက်လာတဲ့သန့်ရှင်းရေးဝန်ထမ်းနဲ့ မှားခဲ့ဖူးတယ်လို့လည်း ပွဲမှာရယ်ကျဲကျဲနဲ့ထုတ်ပြောခဲ့ပါသေးတယ်။ အခု Danial Zhang လက်ထဲရောက်သွားခဲ့တဲ့ Alibaba လုပ်ငန်းစုကြီးရဲ့တန်ကြေးငွေဟာ အမေရိကန်ဒေါ်လာတန်ကြေး ၄၆၀ ဘီလီယံရှိနေခဲ့ပါပြီ။

READ
နှစ် ၂၀ ကျော်ကျွေးမွေပြုစုပြီးကာမှ သားတွေရဲ့သရုပ်မှန်ကိုသိသွားခဲ့တဲ့ဖခင်ရဲ့အဖြစ်ဆိုး

Penny

SHARE