Alibaba က ဖွင့်လှစ်လိုက်တဲ့ စက်ရုပ်တွေ ဝန်ဆောင်မှုပေးမယ့် ဟိုတယ်အကြောင်း

တရုတ်နိုင်ငံရဲ့ နာမည်ကျော် လုပ်ငန်းစုကြီးဖြစ်တဲ့ Alibaba Group Holding ဟာ အခုဆို ခေတ်ရှေ့ပြေး ဟိုတယ်တစ်လုံးဖြစ်တဲ့ FlyZoo ဟိုတယ်ကို ဖွင့်လှစ်လိုက်ပါတယ်။

ဟိုတယ်ကနေ ဝန်ဆောင်မှု ပေးမယ့်လုပ်သားတွေကတော့ လူတွေကို အစားထိုးထားတဲ့ စက်ရုပ်တွေ ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ လူသား ဝန်ထမ်းတွေရဲ့ ကုန်ကျစရိတ်ကို လျှော့ချဖို့နဲ့ လာရောက်တည်းခိုတဲ့ ဧည့်သည်တွေ အခြားလူတွေနဲ့ ညှိနှိုင်းပြောဆိုဆက်ဆံစရာ မလိုတော့အောင် အခုလို စက်ရုပ်လုပ်သားတွေ ခန့်ထားရခြင်း ဖြစ်ပါတယ်။

Caixin Global

Flyzoo ဟိုတယ်ကိုတော့ ၂၀၁၈ ဒီဇင်ဘာတုန်းက စဖွင့်လှစ်ခဲ့ပါတယ်။ စက်ရုပ်ဝန်ထမ်းတွေသာမက အခြားအလိုအလေလျာက်စနစ်များစွာပါ ပါဝင်တဲ့ အခန်း ၂၉၀ ပါ Flyzoo ဟိုတယ်ကတော့ အာရှရဲ့ ဟိုတယ်နဲ့ ဝန်ဆောင်မှု လောကကို တစ်ခေတ်ဆန်းသွားစေတာလည်း ဖြစ်ပါတယ်။

The Straits Times

“တစ်ဘက်လူရဲ့ တုံ့ပြန်မှုကြောင့် စက်ရုပ်တွေရဲ့ အရည်အသွေး ကျဆင်းသွားခြင်းဖြစ်မှာမျိုး မရှိတဲ့အတွက် ပြည့်စုံတဲ့ ဝန်ဆောင်မှုတွေကို ပုံမှန်ပေးနေနိုင်မှာဖြစ်ပါတယ်” လို့ Alibaba ဟိုတယ်လုပ်ငန်းစုရဲ့ စီအီးအို Andy Wang က ဆိုပါတယ်။

READ
Microsoft ရဲ့ စွမ်းအားအမြင့်မားဆုံးဖြစ်တဲ့ Xbox One X

ဟိုတယ်အတွင်းပိုင်းအကြောင်း ပြောရမယ်ဆိုရင်တော့ ဟောလိဝုဒ်ရုပ်ရှင်တွေထဲက အာကသယာဉ်ခန်းတွေကို သတိရသွားစေမယ့် မီးရောင်မှိန်မှိန်နဲ့ နံရံအဖြူတွေကို တွေ့ရမှာပါ။ Check-in ဝင်ဖို့အတွက် ဧည့်သည်ရဲ့ မျက်နှာနဲ့ ပတ်စ်ပို့ သို့မဟုတ် id တစ်ခုခုကို စကန်ဖတ်ပေးမှာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံသားတွေဆိုရင် မိမိတို့ရဲ့ စမတ်ဖုန်းနဲ့ ကြိုတင် စကန်ဖတ်ထားလို့ပါ ရပါတယ်။

NDTV.com

ဓာတ်လှေကားဝင်ခွင့်တွေ၊ အခန်းတံခါးတွေ အကုန်လုံးမှာလည်း မျက်နှာစကန်ဖတ်ပြီး ဝင်ရောက်ဖို့အတွက် စီစဉ်ထားပါတယ်။ “မြန်ဆန်ပြီး လုံခြုံစိတ်ချရမှုလည်း အပြည့်ပါပဲ။ အခန်းထဲကို တစ်မိနစ်တည်းနဲ့ ရောက်သွားနိုင်ပါတယ်” လို့ ဧည့်သည်တစ်ယောက်ဖြစ်တဲ့ Tracy Li က မှတ်ချက်ပေးခဲ့ပါတယ်။

အခန်းတွင်းမှာဆိုရင် Alibaba အသံထိန်းချုပ်မှုစနစ်ကို သုံးပြီး အခန်းအပူချိန်အတိုးအလျှော့၊ လိုက်ကာ အဖွင့်အပိတ်၊ အလင်းအမှောင်၊ room service အော်ဒါမှာခြင်း စတာတွေကို စကားနဲ့ ပြောရုံနဲ့ ပြုလုပ်နိုင်မှာပါ။ ဟိုတယ်ရဲ့ စားသောက်ဆိုင်မှာဆိုရင်လည်း FlyZoo app ကို အသုံးပြုကာ အစားအသောက်တွေ မှာကြားနိုင်ပြီး စားပွဲထိုး စက်ရုပ်တွေက ဝန်ဆောင်မှု ပေးမှာပါ။

READ
ညစ်ညမ်းရုပ်ရှင်များကိုဖုန်းပေါ်မှာကြည့်တတ်သူများ FacebookကိုLog outလုပ်ထားသင့်
Global Times

Check-out ထွက်ဖို့ကိုတော့ ဧည့်သည်က FlyZoo app ထဲက button တစ်ခုကို နှိပ်လိုက်ရမှာ ဖြစ်ပြီး check-out လုပ်ပြီးတာနဲ့ အခန်းတံခါးတွေ လော့ခ်ကျသွားကာ ဧည့်သည်ရဲ့ Alibaba’s online wallet ထဲကနေ ကျသင့်ငွေကို ဖြတ်သွားမှာ ဖြစ်ပါတယ်။ ငွေရှင်းပြီးတာနဲ့ Alibaba ရဲ့ system ထဲမှာလည်း ဧည့်သည်ရဲ့ မျက်နှာစကန် အချက်အလက်တွေကို ဖျက်လိုက်မှာ ဖြစ်ပါတယ်။

Alibaba ကနေ အလိုအလျောက်စနစ်တွေ အသုံးပြုကာ ဖွင့်လှစ်ထားတဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေက ဒီဟိုတယ်မတိုင်ခင်ကတည်းက ရှိခဲ့ပါတယ်။ စာအုပ်ဆိုင်နဲ့ စူပါမားကတ်တို့မှာလည်း နည်းပညာသုံး အလိုအလျောက် ဝန်ဆောင်မှုတွေ ပေးလျက်ရှိပြီး လုပ်ငန်းစုက ပိုင်တဲ့ စူပါမားကတ်လုပ်ငန်း Hema ဆိုရင်လည်း တရုတ်နိုင်ငံတဝှမ်းမှာ ဆိုင်ခွဲပေါင်း ၁၀၀ ကျော် ရှိနေပါပြီ။

Ref: SCMP , The Straits Times

SHARE