အင်တာနက်ဟာ လျှပ်စစ်ထက် ပိုအရေးပါနေကြောင်း ဂျက်မားပြောကြား

Foundations World Economic Forum [CC BY 2.0 (https://creativecommons.org/licenses/by/2.0)]

“…အခုခေတ်မှာ လူတွေကို အင်တာနက်သာ ပေးမသုံးဘူးဆိုရင် အရင်ခေတ် လျှပ်စစ်မီးမရှိတုန်းကထက် အခြေအနေပိုဆိုးသွားမယ်…” လို့ အလီဘာဘာအုပ်စု ကုမ္ပဏီရဲ့ ပူးတွဲတည်ထောင်သူလည်းဖြစ်၊ အလုပ်အမှုဆောင်ချုပ်လည်းဖြစ်တဲ့ ဂျက်မားက ဆိုပါတယ်။

ဂျက်မားဟာ ခေတ်လူတွေ အမြင်ကျယ်စေဖို့နဲ့ စီးပွားရေးအလုပ်အကိုင်တွေ ပွင့်လင်းစေဖို့ အင်တာနက်ဟာ မရှိမဖြစ်လိုအပ်နေပြီ ဖြစ်ကြောင်း တနင်္လာနေ့တုန်းက ဆွေးနွေးခဲ့တာပါ။ ဆွေးနွေးပွဲကို နယူးယောက်စီးတီးမှာကျင်းပခဲ့ပြီး ဂျက်မားနဲ့အတူ မိုက်ကရိုဆော့ဖ်ကုမ္ပဏီတည်ထောင်သူ ဘီလ်ဂိတ်ရဲ့ ဇနီးသည် မီလင်ဒါဂိတ်၊ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် အန်တိုနီယိုဂူတားတို့လည်း ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။

World Economic Forum at en.wikipedia [CC BY-SA 3.0 (https://creativecommons.org/licenses/by-sa/3.0)]
ဆွေးနွေးပွဲအတွင်းမှာတော့ ဂျက်မားက နည်းပညာခေတ်ကို အမှီလိုက်နိုင်ရန် လိုအပ်ကြောင်း၊ ဒီဂျစ်ခေတ်ဆိုတာဟာ အခုမှ အဦးအစအခြေအနေသာ ရှိနေသေးကြောင်း၊ လူတွေအနေနဲ့ နိုင်ငံတကာ သတင်းတွေနဲ့ စီးပွားရေးအချက်အလက်တွေကို အချိန်နဲ့တပြေးညီသိနိုင်မှသာ နောက်ကျမကျန်ခဲ့မှာဖြစ်ကြောင်း စသဖြင့် အင်တာနက်ရဲ့ အရေးပါပုံကို ပြောပြခဲ့ပါတယ်။

READ
မင်္ဂလာပွဲလာသူတွေရှေ့မှာချစ်တင်းနှောပြဖို့ ဖိအားပေးခံရတဲ့ အသစ်စက်စက်ဇနီးမောင်နှံ
“Jack Ma, Alibaba” (CC BY 2.0) by UNclimatechange

ယင်းဆွေးနွေးပွဲဟာ “The Age of Digital Interdependence” အမည်ရတဲ့ ကမ္ဘာ့ကုလသမဂ္ဂအစီရင်ခံစာအတွက် ကျင်းပခဲ့တာ ဖြစ်ပါတယ်။ အစီရင်ခံစာဟာ နည်းပညာနဲ့ လူသားတွေရဲ့ဘ၀တိုးတက်ကောင်းမွန်အောင် ဘာတွေလုပ်နိုင်မလဲဆိုတာ တင်ပြထားပါတယ်။ နည်းပညာကို အသုံးပြုပြီး အဆင့်မြင့်လူနေမှုစနစ်တွေ ဖြစ်ထွန်းဖို့အရေး နည်းပညာရှင်တွေ၊ အသိပညာ အတတ်ပညာပိုင်းဆိုင်ရာ ပုဂ္ဂိုလ်တွေနဲ့ အလှူရှင်တွေဟာ ဘက်ပေါင်းစုံကနေ ၀ိုင်းဝန်းဖေးမဖို့လိုအပ်တယ်ဆိုတာကိုပါ အစီရင်ခံစာထဲမှာ ထည့်သွင်းဖော်ပြထားပါတယ်။

By Kjetil Ree – Own work, CC BY-SA 3.0, https://commons.wikimedia.org/w/index.php?curid=6934215

ကမ္ဘာ့နိုင်ငံအချို့မှာ ဒီဂျစ်တယ်နည်းပညာတွေ တစ်ဟုန်ထိုးတိုးတက်ပြီး ခေတ်ရှေ့ပြေးနေပေမယ့် ကမ္ဘာ့လူဦးရေ ထက်ဝက်ကျော်လောက်ကတော့ ယခုထက်တိုင် တန်ဖိုးသင့်အင်တာနက်အသုံးပြုမှုစနစ်တွေ မရရှိသေးဘူးလို့ သိရပါတယ်။ မီလင်ဒါဂိတ်ကတော့ ယနေ့ခေတ် နိုင်ငံတစ်နိုင်ငံရဲ့ အခြေခံအဆောက်အအုံတွေဆိုတာ လမ်းတွေခင်း၊ ရေကောင်းရေသန့်နဲ့ လျှပ်စစ်မီးတွေ ရရှိအောင် ဆောင်ရွက်ပေးရုံတင်မကပဲ သတင်းအချက်အလက်ရယူသုံးစွဲပိုင်ခွင့်ပါ လုပ်ဆောင်ပေးဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။  “… အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးတာ၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှုတွေဟာ အစိုးရနဲ့ချည်း သက်ဆိုင်တာ မဟုတ်ပဲ နိုင်ငံသားတွေနဲ့ပါသက်ဆိုင်နေတယ်…” လို့ ဂျက်မားက ပြောကြားခဲ့ကြောင်းလည်း သိရှိရပါတယ်။

READ
အဆိပ်ပြင်းတဲ့ပင့်ကူတွေကို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးထားတဲ့အမျိုးသမီး

လင်းလင်း (ShweMom)

SHARE