(၂၀၂၀)အိုလံပစ်အတွက် Training ပြန်ဆင်းနေပြီဖြစ်တဲ့ ကမ္ဘာ့အလှဆုံးပြေးခုန်ပစ်မယ်

[email protected]

အသက် ၂၁ နှစ်အရွယ်ပဲ ရှိသေးတဲ့ ဂျာမနီလက်ရွေးစင် အမျိုးသမီးအပြေးချန်ပီယံ Alica Schmidt ကိုတော့ လူတော်တော်များများ သိကြမှာပါ။ အားကစားနယ်ပယ်မှာလည်း အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်မှုရရှိနေသလို သူမရဲ့အလှတရားဟာလည်း တစ်ခြားသူတွေနဲပမတူအောင် တော်တော်လှပလွန်းတဲ့ အမျိုးသမီး ဖြစ်ပါတယ်။ ဒါ့အပြင် Alica ဟာ ကမ္ဘာ့အလှဆုံး အမျိုးသမီးအားကစားသမားတစ်ယောက်အဖြစ် သတ်မှတ်ခံထားရကြောင်း news.com.au သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Alica ဟာ လာမယ့်နှစ် ဂျပန်နိုင်ငံ Tokyo မြို့မှာ ကျင်းပမယ့် ၂၀၂၀ အိုလံပစ်ပြိုင်ပွဲမှာ မီတာ ၄၀၀ အပြေးပြိုင်ပွဲမှာ ဂျာမနီနိုင်ငံ ကိုယ်စားပြုအဖြစ် ပါဝင်ယှဉ်ပြိုင်မှာပဲ ဖြစ်ပါတယ်။ Alica ဟာ သူမရဲ့ အပြေးသမားဘဝကို အသက် ၁၈ ကတည်းက စတင်ခဲ့တာဖြစ်ပြီး ပထမဆုံး စပြိုင်ခဲ့တဲ့ ၂၀၁၇ European Athletics Under 20 Championships အပြေးပြိုင်ပွဲမှာ ငွေတံဆိပ်ဆု စတင်ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ အဲဒီအချိန်ကတည်းကစပြီး လူတော်တော်များများဟာ Alica ကို စသတိထားလာခဲ့မိပြီး သူမရဲ့ Instagram အကောင့်မှာလည်း Follower ၇ သိန်းကျော် ရှိလာခဲ့ပါတယ်။

READ
သက်ရှိအရုပ်အဖြစ်အသွင်ပြောင်းပြီးနောက် ကိုယ့်ကိုယ်ကိုယ်ပိုချစ်တယ်လို့ဆိုလာသူ

https://www.instagram.com/p/B-chR__FfyN/

https://www.instagram.com/p/BifBER-nVYI/

သြဇီသတင်းဌာနတစ်ခုကနေပြီးတော့ Alica ကို “ကမ္ဘာ့အလှဆုံးနဲ့ ဆွဲဆောင်မှုအရှိဆုံးအမျိုးသမီးအားကစားသမား”လို့ ခေါင်းစဉ်တပ်ပြီး သူမအကြောင်း ဆောင်းပါးတစ်ပုဒ်ရေးခဲ့ပါတယ်။ Alica ကတော့ သူမဟာ အားကစားကိုသာ စိတ်ဝင်စားကြောင်းနဲ့ ပြင်ပလောကက အခြားအရာတွေကို စိတ်မဝင်စားကြောင်း ပြောခဲ့ပါတယ်။ Playboy မဂ္ဂဇင်းကတောင် သူမကို အဖော်အချွတ်ပုံတွေ ဓာတ်ပုံရိုက်ဖို့ ကမ်းလှမ်းခဲ့တဲ့ အချိန်တုန်းကတောင် Alica တစ်ယောက် ပြတ်ပြတ်သားသား ငြင်းဆိုခဲ့ပါတယ်။

https://www.instagram.com/p/Bi7c_uYHcwc/

“ မကြာခင် မှာ Tokyo မှာ ကျင်းပမယ့် အိုလံပစ်ပွဲအတွက် Training တွေပြန်ဆင်းနေပါပြီ။ အိမ်မှာ အကြာကြီးအနားယူပြီး အခုလို အားကစားပြန်လုပ်ရတာ တော်တော်နေလို့ကောင်းပါတယ်။ အိုလံပစ်ပွဲအတွက်လည်း အကောင်းဆုံးပြင်ဆင်မှုတွေ လုပ်နေပါတယ်။ ကျွန်မပရိသတ်တွေကို စိတ်မပျက်စေရပါဘူး” လို့ Alica က ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw

SHARE