Netflix မှာ လူကြိုက်များနေတဲ့ Alice In Borderland ရဲ့ စိတ်ဝင်စားဖွယ် အကြောင်းအရာများ

Netflix

Alice In Borderland ဆိုတဲ့ ရုပ်ရှင်ကို Netflix ကြည့်တဲ့သူတိုင်း မကြည့်ဖူးရင်တောင် ကြားဖူးမြင်ဖူးကြမယ်ထင်ပါတယ်။ ရှားရှားပါးပါး Netflix ရဲ့ ဂျပန် original series အဖြစ် ရိုက်ကူးထားခဲ့တာပါ။ Season 1 လည်း ပြီးသွားပြီဆိုတော့ လူကြည့်များမှ နောက်ထပ် season တွေ ဆက်ရိုက်လေ့ရှိတဲ့ Netflix အနေနဲ့ Alice in Borderland ကိုရော ဆက်ရိုက်ဦးမလား၊ နောက် ဒီဇာတ်လမ်းတွဲနဲ့ပတ်သက်ပြီး ဘယ်လို စိတ်ဝင်စားစရာ အကြောင်းအရာတွေ ရှိနေသလဲဆိုတာ ကြည့်လိုက်ရအောင်။

(၁) Alice in Borderland ဟာ အာရှမှာတင်မဟုတ်ဘဲနဲ့ တခြားသောနိုင်ငံတွေမှာပါတော်တော်လေးကို အောင်မြင်ခဲ့ပါတယ်။ အထူးသဖြင့် မလေးရှား၊ ဟောင်ကောင်၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ ထိုင်ဝမ်၊ ထိုင်းနဲ့ ဗီယူက်နမ်တို့ပါ။ အနောက်နိုင်ငံတွေဖြစ်တဲ့ ဂျာမနီ၊ ပြင်သစ်၊ ပေါ်တူဂီ၊ သြစတီးယားနဲ့ ဂရိတို့မှာလည်း ကြည့်ရှုနှုန်းမြင့်ခဲ့တယ်ဆိုပြီး Netflix ရဲ့စစ်တမ်းအရ သိရပါတယ်။ ဒီအတွက် Season 2 ကို ရိုက်ကူးဖို့ သေချာသွားပါပြီတဲ့။

(၂) ဒီဇာတ်လမ်းတွဲရဲ့ မူရင်းကတော့ Haro Aso ရဲ့ နာမည်ကြီးလူကြိုက်များတဲ့ manga ကို ဇာတ်လမ်း ပြန်တည်ထားခဲ့တာပါ။ Anime လည်း ထွက်ဖူးပါသေးတယ်။

Netflix

(၃) ဇာတ်လမ်းထဲမှာပါတဲ့ အဓိကဇာတ်ကောင်နှစ်ဦး Arisu နဲ့ Usagi တို့ရဲ့ ပုံစံတွေဟာ ဖန်တီးသူ Haro Aso ရဲ့ စိတ်နေစိတ်ထားနဲ့ အမူအကျင့်၊ ဝါသနာတို့အပေါ်မှာလိုက်ပြီး ဖန်တီးထားတာပါတဲ့။ 

Netflix

(၄) ဇာတ်လမ်းသွားတစ်ခုလုံးဟာ Shibuya မြို့ထဲမှာ ဇာတ်အိမ်တည်ထားပေမယ့်လို့ တစ်ချို့သော ရိုက်ကူးရေးတွေကိုတော့ Ashikaaga မြို့ပြင်တစ်နေရာမှာ ရိုက်ကွင်းဆက်တင် အကြီးကြီးတွေရှိတဲ့ နေရာကြီး တည်ဆောက်ပြီးတော့ ရိုက်ခဲ့တာပါတဲ့။ ဥပမာဆိုရရင် Shibuya မြို့ထဲ ပတ်ပြေးတဲ့အခန်းတွေပေါ့။

Netflix

(၅) ဇာတ်လမ်းထဲမှာပါတဲ့ ကျားတွေနဲ့ တခြားတိရိစ္ဆာန်တွေဟာ VFX နည်းပညာကို အသုံးပြုထားတာဖြစ်ပါတယ်တဲ့။ ဒီနည်းပညာနဲ့ Life of Pi ထဲက ကျားကြီးကိုလည်း ဖန်တီးထားခဲ့တာပါ။

Netflix

(၆) ဒီကားဟာ Netflix originals လို့ဆိုပေမယ့်လို့ Netflix ဟာ ရိုက်ကူးရေးပိုင်းတွေမှာ လုံးဝဝင်ပါခဲ့ခြင်းမရှိဘဲ ကုန်ကျစရိတ်ကိုသာပေးပြီး ဂျပန်မှထုတ်လုပ်ရေးအဖွဲ့ကို အလုံးစုံအပ်ခဲ့တာဖြစ်ပါတယ်။ Production ကာလမှပဲ ရိုက်ထားတာတွေကို ကြည့်ခဲ့တာပါ။

READ
ကလေးလေးတစ်ယောက်လို ဖြူဖြူစင်စင်အလှကို ပြသလိုက်တဲ့ နွယ်နွယ်ထွန်း

penny

SHARE