တော်ရုံလိုက်လုပ်ဖို့ မဖြစ်နိုင်တဲ့ Alicia Key ရဲ့ ၂၀၁၉ ဂရမ်မီဆုပေးပွဲ ဖျော်ဖြေမှု

၂၀၁၉ ခုနှစ်ရဲ့ လွှမ်းမိုးအနိုင်ဆုံး ဖျောဖြေမှုကိုပြပါဆိုရင် Alicia Keys ရဲ့ ဖျော်ဖြေမှုကို ညွှန်းရမှာပါပဲ။

Alicia Keys ဟာ သီချင်းဆိုရာမှာတင်မဟုတ်ဘဲ သီချင်းရေးရာမှာပါ ပါရမီကဲသူတစ်ဦးပါ။ Facebook မှာ လူပြောအများဆုံး အဆိုတော်အဖြစ် နေရာယူထားပြီး Billboard မှာဆိုရင်လည်း သူမသီချင်းတွေဟာ မပါမဖြစ်ပါပဲ။

၂၀၁၉ ခုနှစ်ရဲ့ ဂရမ်မီဆုပေးပွဲမှာတော့ Alicia Keys ဟာ host အဖြစ် တာဝန်ယူခဲ့ပါတယ်။

Instagram

Alicia Keys ဟာ အပေါ်အောက် အနက်ရောင်ဝတ်စုံကို လှလှပပ ဝတ်ဆင်ထားပြီး ဦးထုပ်ကိုလည်း ခပ်ငိုက်ငိုက်ဆောင်းခဲ့ပါတယ်။ သူမအသည်းကွဲတဲ့ အချိန်တိုင်း ခေါင်းထဲအရင်ဆုံး ပေါ်လာတဲ့သီချင်းဖြစ်တဲ့ Roberta Flack ရဲ့ Killing Me Softly ဆိုတဲ့ သီချင်းကို စစချင်းမှာတင်လှလှပပသီဆိုသွားခဲ့ပါတယ်။ နောက်မှာတော့ Juice WRLD ရဲ့ Lucid Dreams, Nat King Cole ရဲ့ Unforgettable တို့ကိုလည်း သူမရဲ့ကိုယ်ပိုင်ဟန်ဖြင့် သီဆိုသွားခဲ့ပါတယ်။ ဒီအပြင် Kings of Leon ရဲ့ သီချင်းကောင်းဖြစ်တဲ့ Use Somebody သီချင်းနဲ့ Drake ရဲ့ ၂၀၁၈ အတွင်း နာမည်အကြီးဆုံးဖြစ်တဲ့ In My Feelings တို့ကို လည်း ပြန်ဆိုသွားခဲ့ပါတယ်။

READ
ကိုယ်အင်္ဂါဖြတ်တောက်ခံရပြီး ပြည့်တန်ဆာအဖြစ်ကိုသွတ်သွင်းခြင်းခံရတဲ့ အမျိုးသမီး
Billboard

ပြီးတဲ့အခါမှာတော့ သူမစဖျော်ဖြေနေကတည်းက တီးနေတဲ့ စန္ဒယားအပြင် နောက်ကျောပေးထားတဲ့ စန္ဒယားကိုပါ တစ်ပြိုင်နက်တည်းတီးပြီး Lauren Hill ရဲ့ Doo-Wop (That Thing) သီချင်းကို သီဆိုသွားခဲ့ပါတယ်။ နောက်ဆုံးပိတ်အနေနဲ့ အားလုံးရဲ့ရင်ထဲမှာ စွဲထင်နေတဲ့ Empire State of Mind ကို သီဆိုကာ ဖျော်ဖြေမှုကို ရပ်ခဲ့ပါတယ်။

Billboard

ပရိတ်သတ်တွေအပြင် အနုပညာရှင်အချင်းချင်းရဲ့ ချီးကျူးမှုကိုပါ တစ်ပြိုင်နက်တည်း ခံခဲ့ရပြီး ပီယာနိုနှစ်လုံးဘယ်ညာညှပ်ပြီး ကျွမ်းကျင်စွာ တီးခတ်ပြသွားတာမို့ သူမရဲ့ပါရမီထူးကဲမှုကို အံ့အားသင့်ခဲ့ကြပါတယ်။

Billboard

Alicia Keys ဟာ နှစ်အဆက်ဆက် ဂရမ်မီကို (၂၉) ကြိမ်တိတိ လျာထားခြင်းခံခဲ့ရပြီး (၁၅) ဆုကိုတော့ အပိုင်သိမ်းနိုင်ခဲ့ပါတယ်။ ၂၀၀၁ ခုနှစ်တုန်းက ပထမဦးဆုံးအနေနဲ့ ဂရမ်မီဆုရရှိခဲ့တာဖြစ်ပြီး အဲဒီတစ်နှစ်တည်းမှာတင် ဆုပေါင်း (၅) ဆုကို ဆက်တိုက်ရရှိခဲ့တာပါ။ Best New Artist အတွက် (၁) ဆု၊ “Fallin” ဆိုတဲ့ သီချင်းအတွက် (၃) ဆုနဲ့ Songs in A Minor ဆိုတဲ့ album အတွက် အကောင်းဆုံး R&B Album (၁) ဆုတို့ ရရှိခဲ့ပါတယ်။

READ
ဂိမ်းပေးမဆော့လို့ မိခင်ရဲ့မျက်နှာကို လူရှေ့သူရှေ့မှာ ခြေထောက်နဲ့ကန်တဲ့သား

၂၀၀၄ ခုနှစ်မှာ (၄) ဆုနဲ့ ၂၀၀၇ ခုနှစ်မှာတော့ (၂) ဆုတို့ အသီးသီးရရှိခဲ့ပြီးနောက် ကြားထဲ ခေတ္တငြိမ်နေခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာတော့ Girl on Fire album နဲ့ အကောင်းဆုံး R&B album ဆုကို ရရှိခဲ့ပါတယ်။

YouTube

၂၀၁၉ ခုနှစ် Grammy Awards အတွက် host လုပ်ပေးရခြင်းဟာ Alicia Keys အတွက်တော့ သူများတွေထက်ပိုပြီး ထူးခြားဂုဏ်ယူဖွယ်ကောင်းလှပါတယ်။ အကြောင်းကတော့ Grammy ဆုပေးပွဲတွေမှာ အမျိုးသမီး host အဖြစ် တာဝန်ယူစေခဲ့တာ ၂၀၀၅ ခုနှစ်၊ Queen Latifah က နောက်ဆုံးဖြစ်ပါတယ်။ (၁၄) နှစ်အတွင်း ပထမဦးဆုံးအကြိမ် အမျိုးသမီး host အဖြစ် Alicia Keys မှ တာဝန်ယူဆောင်ရွက်ခဲ့ပါတယ်။

Source: Rolling Stone, Billboard, YouTube

Penny

SHARE