ရဲတင်းလွန်းတဲ့ ယောဂကျင့်ဟန်အနေအထားတွေနဲ့ တွေ့ရတဲ့ သူတို့စုံတွဲ

မီဂန်မာကယ်နဲ့ မင်းသားဟယ်ရီတို့ဟာ လာမယ့် ရက်သတ္တပတ်အနည်းငယ်အတွင်းမှာပဲ မိဘတွေ ဖြစ်လာတော့မှာပါ။ အခြားမိဘတွေလိုပဲ မီဂန်တို့စုံတွဲဟာ ရောက်လာတော့မယ့် မိသားစုဝင်သစ်ကလေးအတွက် အကောင်းဆုံး ပြင်ဆင်နေကြပါတယ်။ ဓာတ်ပုံဆရာမတစ်ဦးဖြစ်တဲ့ အဲလစ်စင်ဂျက်ခ်ဆန်ကတော့ မိဘတွေဖြစ်ဖို့ စိတ်လှုပ်ရှားစွာနဲ့ စောင့်ဆိုင်းနေတဲ့ မီဂန်နဲ့ ဟယ်ရီတို့ကို မြင်ယောင်ပြီး တကယ်တမ်းလက်တွေ့မှာ သူတို့ကို ဓာတ်ပုံရိုက်ကူးရင် ဘယ်လိုများနေမလဲဆိုပြီး အတွေးရခဲ့ပါတယ်။ အဲလစ်စင်ဟာ အကြံရပြီး ဟယ်ရီတို့ ဇနီးမောင်နှံကဲ့သို့ အယောင်ဆောင်နိုင်တဲ့ အမျိုးသားနဲ့ အမျိုးသမီးကို ခေါ်ယူကာ အခုလို ဓာတ်ပုံရိုက်ခဲ့ပါတယ်။

(Image: Alison Jackson)

မီဂန်ဟာ ယောဂလေ့ကျင့်ခန်းကို အလွန်စိတ်ဝင်စားသူတစ်ယောက် ဖြစ်ပါတယ်။ ဒါကြောင့် အဲလစ်စင်ဟာ ဟယ်ရီနဲ့ မီဂန် အဖြစ် သရုပ်ဆောင်ထားတဲ့စုံတွဲကို ထူးခြားပြီး ရဲတင်းလွန်းတဲ့ ယောဂအနေအထားတွေနဲ့ သရုပ်ဆောင်စေခဲ့ပါတယ်။ ပုံထဲမှာ မြင်တွေ့ရတာတွေကတော့ အမှတ်တမဲ့ကြည့်လိုက်ရင် သရုပ်ဆောင်ထားတဲ့ သူနှစ်ဦးဟာ ဟယ်ရီနဲ့ မီဂန်အတိုင်းပါပဲ။ မီဂန်အဖြစ် သရုပ်ဆောင်ထားတဲ့ အမျိုးသမီးကတော့ ဗိုက်ကြီးပါ လုံးထွက်နေတာမို့ ခန္ဓာကိုယ် ကွေးချည်ဆန့်ချည်နဲ့ တွေ့ရတာ အသဲယားစရာပါပဲ။

READ
ပေါင်ကြားကို အကြိမ်ပေါင်းများစွာ အကန်ခံနိုင်တဲ့ ကွန်ဖူးဆရာ
(Image: Alison Jackson)
(Image: Alison Jackson)

ဓာတ်ပုံတွေထဲမှာ ယောဂကျင့်နေတဲ့ပုံစံ အမျိုးမျိုး၊ ကလေးနာမည်ရွေးနေတဲ့ဓာတ်ပုံ၊ ကလေးအ၀တ်အစား ရွေးနေတဲ့ဓာတ်ပုံနဲ့ မီဂန်ရဲ့ ဗိုက်ကို ဟယ်ရီက ပေကြိုးနဲ့တိုင်းတာနေတဲ့သဏ္ဍာန် ဓာတ်ပုံတွေအပြင် မီဂန်ရဲ့ ဗိုက်ကို နားကြပ်နဲ့ နားထောင်နေတဲ့ ဟယ်ရီကဲ့သို့ သရုပ်ဆောင်ထားတဲ့ ဓာတ်ပုံတွေကိုလည်း အခုလို တွေ့ရမှာ ဖြစ်ပါတယ်။

(Image: Alison Jackson)
(Image: Alison Jackson)

မီဂန်ရဲ့ ကလေးမီးဖွားမယ့် ရက်အတိအကျကိုတော့ မသိရပေမယ့် ဧပြီလလောက်မှာ မွေးဖို့များတယ်လို့ သိရပါတယ်။ ကလေးမမွေးခင်မှာ မီဂန်နဲ့ ဟယ်ရီတို့ဟာ ကန်စင်တန်နန်းတော်ကနေ ၀င်ဆာမှာရှိတဲ့ ဖရော့ခ်မိုးရ် တစ်ထပ်တိုက်ကို ပြောင်းရွှေ့မယ်လို့ သိရပါတယ်။ ဒါ့အပြင် ဟယ်ရီတို့စုံတွဲဟာ ကလေးရဲ့ အခန်းကို ကျားမအလွယ်တကူခွဲခြားလို့ မရနိုင်တဲ့ အရောင်တွေနဲ့ ပြင်ဆင်ထားတာကြောင့် မိန်းကလေးမွေးမလား၊ ယောက်ျားလေးမွေးမလားဆိုတာတော့ မသိရသေးပါဘူး။

(Image: Alison Jackson)
(Image: Alison Jackson)

လင်းလင်း (ShweMom)

Ref: mirror

SHARE