မဆလာမှုန့်ထင်ပြီး ဟင်းထဲထည့်ချက်မိလို့ တစ်အိမ်သားလုံး ဆေးရုံရောက်သွားရတဲ့ ဖြစ်ရပ်

[email protected]_kononenko

တစ်ခါတစ်လေကျရင် လောကမှာ ရယ်ရတဲ့ အမှားမျိုးတွေလဲ ရှိပါတယ်။ အခုလည်း အိန္ဒိယနိုင်ငံမှာရှိတဲ့ မိသားစုတစ်စုဟာ ဆေးခြောက်မှုန့်တွေ ထည့်ထားတဲ့ အိတ်လေးကို ဟင်းခပ်မဆလာတွေထင်ပြီး ဟင်းထဲထည့်ချက်မိရာမှ တစ်မိသားစုလုံး ဆေးရုံရောက်သွားရတဲ့ ဖြစ်ရပ်မျိုး ဟာသဆန်ဆန် ဖြစ်ပွားခဲ့ကြောင်း Storypick သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Pixabay-futurefilmworks

ဒီအဖြစ်အပျက်တွေရဲ့ အဓိကတရားခံကတော့ Naval Kishore လို့ ခေါ်တဲ့ အမျိုးသားတစ်ယောက်ကြောင့်ပါပဲ။ အိန္ဒိယနိုင်ငံ၊ Uttar Pradesh ပြည်နယ်၊ Kannauj မြို့မှာ နေထိုင်တဲ့ Naval ဟာ တစ်ရက်မှာ သူ့မိတ်ဆွေရဲ့ သားဖြစ်သူ Nitesh အား ဆေးခြောက်အမှုန့်ထုပ်ကို မဆလာအမှုန့်လို့ နောက်ပြောင် ကျီစယ်ပြီး ပေးခဲ့ပါတယ်။ ဒီလိုနဲ့ Nitesh တစ်ယောက် အိမ်ပြန်ရောက်တဲ့အချိန်မှာ သူ့ရဲ့ ခယ်မဖြစ်သူကို ဟင်းချက်ဖို့ မဆလာထုပ်ဆိုပြီး ပေးခဲ့ပါတယ်။

READ
အသင်းဖော်ရဲ့ အတွင်းခံဘောင်းဘီကို ဆွဲချွတ်ခဲ့လို့ ပွဲပယ်ခံလိုက်ရတဲ့ ကိုရီးယားစကိတ်ချန်ပီယံ
[email protected]_kononenko

အဲဒီအချိန်မှာ ခယ်မဖြစ်သူကလည်း အိမ်မှာ မဆလာကုန်နေတာနဲ့ အတော်ပဲဆိုပြီး ချက်နေတဲ့ အာလူးဟင်းထဲသို့ ဆေးခြောက်အမှုန့်တွေကို မဆာလထင်ပြီး တစ်ထုတ်လုံး ထည့်ချက်ခဲ့မိပါတယ်။ ဒီလိုနဲ့ သူတို့ မိသားစု (၆) ယောက်စလုံး ထမင်းစားပြီးတဲ့ အချိန်မှာတော့ အရမ်းကို ရီဝေဝေတွေဖြစ်ပြီး အိပ်ချင်နေခဲ့ပါတယ်။ ဒါနဲ့ အိမ်နီးချင်းတွေကို အကြောင်းကြားပြီး ဆေးရုံကားကို အသည်းအသန်ခေါ်ခိုင်းခဲ့ပါတော့မယ်။ ဒီလိုနဲ့ Nitesh တို့ တစ်မိသားစုလုံး ဆေးရုံရောက်သွားခဲ့တဲ့ အချိန်မှာတော့ ဆေးစစ်ချက်အရ တစ်မိသားစုလုံးရဲ့ သွေးထဲမှာ မူးယစ်ဆေးဓာတ်ကို ရှာတွေ့ခဲ့ပါတယ်။

ဒါ့ကြောင့် ဆေးရုံကနေပြီးတော့ ရဲစခန်းကို ဆက်သွယ်ခဲ့တဲ့အချိန်မှာတော့ ရဲတွေဆေးရုံကို ရောက်လာခဲ့ပါတယ်။ ဒီလိုနဲ့ သူတို့ အိမ်ကို သွားရောက်ရှာဖွေခဲ့တဲ့အချိန်မှာတော့ မီးဖိုဘေးမှာ ဆေးခြောက်အထုပ်ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒါနဲ့ ရဲတွေလည်း ဆေးရုံကို တစ်ခေါက်ပြန်ရောက်လာပြီး ဒီဆေးခြောက်အထုပ်ကြောင့် Nitesh တို့ မိသားစုအကုန်လုံး မူးဝေနေခဲ့တာဖြစ်ကြောင်း ရှင်းပြခဲ့ပြီး ဆေးခြောက်ထုပ်ရဲ့ ပိုင်ရှင်ကို မေးမြန်းခဲ့ပါတယ်။ နောက်ဆုံးမှာတော့ အဆိုပါဆေးခြောက်ထုပ်ပိုင်ရှင်ဟာ Naval မှန်းသိပြီး Naval ကို ဖမ်းဆီးကာ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ Naval ကတော့ ဒီအတိုင်း စနောက်လိုက်တာဖြစ်ပြီး ဒီလောက်အထိ ဖြစ်သွားမယ်မှန်းမသိကြောင်း ဝန်ခံပြောဆိုပြီး တောင်းပန်ခဲ့တယ်လို့ သိရပါတယ်။

READ
အွန်လိုင်းမှာဖျားယောင်းသွေးဆောင်ပြီး အပြင်မှာခေါ်တွေ့ကာအဓမ္မပြုကျင့်ခဲ့သူ ထောင်ဒဏ်၁၁နှစ်ကျ

Pyi Hein Kyaw

SHARE