ဆိုလာပြားကရှိသမျှ နေရောင်ကို စုပ်သွားမှာစိုးပြီး Solar System အသုံးပြုဖို့ ငြင်းခဲ့တဲ့မြို့

Twitter/RaleighDurham

Solar System ဆိုတာ (၂၀၁၅)ခုနှစ်နောက်ပိုင်း ကမ္ဘာ့နိုင်ငံတော်တော်များများမှာ အသုံးပြုလာတဲ့ systemတစ်ခုဆိုလဲ မမှားပါဘူး။ အထူးသဖြင့် လျှပ်စစ်မီးမရရှိတဲ့ဒေသတွေမှာ ဒီလိုမျိုး Solar system ကို အသုံးပြုကြတာများပါတယ်။ Solar system ဆိုတာ နေ့ဘက်နေအလင်းရောင်ရတဲ့အချိန်မှာ ဆိုလာပြားတွေကနေ နေအလင်းရောင်ကိုစုပ်သိမ်းထားပြီး ညဘက်မှာ လျှပ်စစ်ဓာတ်ကို န်ြလည်ထုတ်လွှတ်ပေးတဲ့ စက်တစ်မျိုးပါ။ ဒီလောက်ကောင်းတဲ့ System တစ်ခုကို အမေရိကန်နိုင်ငံရှိ မြို့တစ်မြို့မှ အသုံးပြုဖို့ ငြင်းဆန်ခဲ့ပါတယ်။ အကြောင်းအရင်းကတော့ ဆိုလာပြားတွေဟာ ရှိသမျှနေရောင်ခြည်တွေ အကုန်လုံးကို စုပ်ယူသွားပြီး သူတို့နေရောင်မရရှိတော့မှာကို စိုးရိမ်လို့ပဲ ဖြစ်ပါတယ်။ ဒီအဖြစ်အပျက်ဟာ (၂၀၁၅)ခုနှစ်တုန်းက အမေရိကန်နိုင်ငံမှာ အမှန်တကယ် ဖြစ်ပျက်ခဲ့တာပါ။

Twitter/WoodlandCounty

Sydney Morning Herald သတင်းဌာနက ဖော်ပြချက်အရ အမေရိကန်နိုင်ငံ၊ North Carolina ပြည်နယ်ရှိ Woodland လို့ အမည်ရတဲ့ မြို့ကလူတွေဟာ  Solar system ကို အသုံးပြုဖို့ ငြင်းဆန်ခဲ့ပါတယ်။ သူတို့စိတ်ထဲမှာ ဒီဆိုလာပြားတွေဟာ နေရောင်ခြည်တွေကို အကုန်စုပ်ယူသွားခဲ့ရင် သူတို့စိုက်ခင်းထဲက အပင်တွေဟာ နေရောင်ခြည်လုံလုံလောက်လောက် မရရှိတော့မှာကို စိုးရိမ်နေကြပါတယ်။ ဒါ့အပြင် ဆိုလာပြားတွေဟာ နေရောင်ခြည်ကိုသာမက အနီးအနားက အခြား စွမ်းအင်အရင်းအမြစ်တွေကိုပါ စုပ်ယူသွားမှာပဲလို့ ထင်နေကြပါတယ်။

READ
တပ်ထဲဝင်ချင်လို့ ၇ လအတွင်း ပေါင် ၁၀၀ ကျော်ကို အံ့သြဖွယ်အမြန်နှုန်းနဲ့ချပြခဲ့သူ
City-Date.Com

Solar system အသုံးပြုဖို့ Woodland မြို့တော်ခန်းမထဲမှာ ပြုလုပ်တဲ့ အစည်းအဝေးပွဲတွင် ထိုမြို့မှ အနားယူသွားပြီဖြစ်တဲ့ သိပ္ပံဆရာမတစ်ဦးဖြစ်တဲ့ Jane Mann ကိုယ်တိုင်က ဆိုလာပြားတွေ သုံးမယ်ဆိုရင် စိုက်ခင်းထဲက အပင်တွေ အကုန်သေနိုင်ကြောင်း၊ ဆိုလာပြားတွေဟာ နေရောင်ဖြည်ကို စုပ်ယူတာကြောင့် အပင်တွေအတါက် လိုအပ်တဲ့အစာအဟာရလုံလောက်စွာ ရရှိတော့မှာ မဟုတ်ကြောင်း ၀င်ရောက်ဆွေးနွေးခဲ့ပါတယ်။

Twitter/Escapist

 

“ဒီဆိုလာပြားတွေက လူတွေကို ကင်ဆာပါဖြစ်စေနိုင်ပါတယ်။ ဒီအတွက် ကျွန်မမှာလုံလောက်တဲ့ သတင်းအချက်အလက်တွေရှိပါတယ်။ မြို့တော်အတွက်အကျိုးအမြတ်ရှိပေမယ့် လူသားတွေအတွက်တော့ အန္တရာယ်တစ်ခုပါပဲ” လို့ Jane က Roanoke-Chowan News Herald သတင်းဌာနကို ပြောပြခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ဆိုလာပြားတွေကို Woodland မြို့ရှိ စိုက်ခင်းတွေမှာ မတပ်ဆင်တော့ကြောင်း ဆုံးဖြတ်ချက်နဲ့ပဲ အစည်းအဝေးကို ရပ်နားခဲ့ကြောင်း သိရပါတယ်။

READ
ဂျက်လေယာဉ် ၊ ပြိုင်ကား ၊ တန်ဖိုးကြီးကားနဲ့ ဆိုင်ကယ်တို့ ဘယ်သူအမြန်ဆုံးလဲ ပြိုင်ကြတဲ့အခါ...

Pyi Hein Kyaw

SHARE