PPE ဝတ်စုံဝတ်ပြီး ပွဲတက် ပရိသတ်တွေကို ဧည့်ခံခဲ့တဲ့ အိန္ဒိယနိုင်ငံက မင်္ဂလာပွဲ

[email protected]_IndiaToday Pixabay-Matryx

လက်ရှိအချိန်ဟာ COVID 19 ကပ်ရောဂါဖြစ်ပွားနေတဲ့ အချိန်ဖြစ်နေသေးတာကြောင့် လူတိုင်းအားလုံး အပြင်ထွက်တာနဲ့ Face mask တွေတပ်ပြီး လူထူထပ်တဲ့နေရာတွေကို ရှောင်ရှားသွားလာရအုံးမယ့် အခြေအနေပါပဲ။ ကပ်ရောဂါ စဖြစ်ခါစ အချိန်လောက်တော့ ရောဂါဖြစ်ပွားမှုနှုန်းတွေ မရှိတော့ပေမယ့် COVID 19 ကပ်ရောဂါဟာ အရှင်းကြီး မပျောက်သေးတာတစ်ကြောင်း၊ ရောဂါကာကွယ်ဆေး မပေါ်သေးတာကတစ်ကြောင်း အစရှိတဲ့ အကြောင်းကြောင်းကြောင့် လူတိုင်း အစစအရာရာ သတိထားနေရအုံးမယ့်အချိန်ပါပဲ။ အခုလည်း အိန္ဒိယနိုင်ငံရှိ ရွာတစ်ရွာမှာ ပြုလုပ်တဲ့ ညစာမင်္ဂလာစားပွဲမှာ ရှိသမျှ စားပွဲထိုးတွေအကုန်လုံး PPE ဝတ်စုံတွေဝတ်ပြီး စားပွဲထိုးနေတဲ့ ဗီဒီယိုဖိုင်ဟာ ဆိုရှယ်မီဒီယာမှာ အလွန်ခေတ်စားနေကြောင်း Indiatoday သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

[email protected]_IndiaToday

ပုံထဲမှာ တွေ့ရတဲ့ ညစာစားပွဲဟာ အိန္ဒိယနိုင်ငံ၊ Krishna ပြည်နယ်ရှိ Gudivada ရွာမှာ ပြုလုပ်တဲ့ မင်္ဂလာ ညစာစားပွဲပဲ ဖြစ်ပါတယ်။ အဆိုပါညစာစားပွဲကို မင်္ဂလာ ဧည့်ပရိသတ် အယောက် ၁၅၀ ကနေ ၂၀၀ ကြား တက်ရောက်ခဲ့သလို ဧည့်ပရိသတ်တော်တော်များများကလည်း ဒီလိုလူစုလူဝေးနဲ့ ညစာပွဲမလုပ်ခင်မှာ COVID 19 ကပ်ရောဂါ ဖြစ်ပွားနေတဲ့ ကာလဖြစ်တာကြောင့် ညစာစားပွဲကို သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ကျင်းပပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

READ
ဆိုရှယ်မီဒီယာပေါ်မှာ နာမည်ကြီးနေတဲ့ အိန္ဒိယပြည်နယ်ဝန်ကြီးချုပ်ရဲ့ဂစ်တာလက်စွမ်း
[email protected]_IndiaToday

ဒါ့ကြောင့် မင်္ဂလာသတို့သားနဲ့ သတို့သမီးတို့ဟာ လာသမျှ ဧည့်ပရိသတ်တွေ တစ်ဦးနဲ့ တစ်ဦး ခပ်ခွာခွာနေကြဖို့၊ ခန်းမထဲမဝင်ခင် လာသမျှ ဧည့်ပရိသတ်အကုန်လုံးကို ကိုယ်အပူချိန်စစ်ပေးဖို့၊ လက်သန့်ဆေးရည်တွေ ထားထားပေးဖို့ အစရှိတဲ့ ကိစ္စတွေကို သေသေချာချာစီစဉ်ပေးခဲ့ပါတယ်။ ဒါ့အပြင် စားပွဲတွေအားလုံးကိုစားသောက်ဖွယ်ရာတွေ လိုက်ချပေးနေရတဲ့ စားပွဲထိုးတွေအတွက်ပါ PPE ဝတ်စုံတွေပါ စီစဉ်ပေးခဲ့တဲ့အတွက်ကြောင့် မင်္ဂလာညစာစားပွဲကို တက်ရောက်လာတဲ့ ဧည့်သည်မှန်သမျှ စိတ်ချမ်းသာမှုအပြည့်အဝ ရရှိခဲ့တဲ့အပြင် စားပွဲထိုးတွေ PPE ဝတ်စုံဝတ်ပြီး စားပွဲထိုးနေတဲ့ ဗီဒီယိုဖိုင်ဟာလည်း ဆိုရှယ်မီဒီယာပေါ်မှာ လူကြိုက်များခဲ့ကြောင်း သိရပါတယ်။

Pyi Hein Kyaw

SHARE