အအိပ်မက်သူတွေကို အခကြေးငွေပေးပြီး ငှားရမ်းနေတဲ့ အိန္ဒိယကုမ္ပဏီ

unsplash/bruce mars

အိန္ဒိယနိုင်ငံက ကုမ္ပဏီတစ်ခုဟာ များများအိပ်နိုင်တဲ့သူတွေကို အလုပ်သင်အစီအစဉ်တစ်ခုအတွက် ခေါ်ယူငှားရမ်းနေကြောင်း unilad သတင်းအရ သိရပါတယ်။ Wakefit အမည်ရတဲ့ ၄င်းကုမ္ပဏီဟာ ခေါင်းချလိုက်တာနဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်သူတွေကို ရှာဖွေနေတာ ဖြစ်ပါတယ်။ Wakefit ရဲ့ ပူးတွဲတည်ထောင်သူလည်း ဖြစ်၊ ဒါရိုက်တာလည်း ဖြစ်တဲ့ ချိုင်တန်ယာကတော့ ကုမ္ပဏီဟာ သူတို့ဘ၀မှာ အိပ်စက်ခြင်းသာ အဓိကဆိုတဲ့ အအိပ်မက်လွန်းသူ ကာလနဂါးတွေကိုသာ အလုပ်ခန့်အပ်ချင်တယ်လို့ ဆိုလိုက်ပါတယ်။

အင်တာဗျူးအောင်မြင်သူတွေကတော့ ရက်ပေါင်း (၁၀၀) တိုင်တိုင် တစ်နေ့ကို (၉) နာရီအိပ်စက်ပေးရမှာ ဖြစ်ပါတယ်။ အလုပ်လျှောက်မယ့် သူတွေကတော့ အောက်ပါအချက်တွေနဲ့ ကိုက်ညီရမှာပါ။ လစာအနေနဲ့ကတော့ တစ်လကို ပေါင်(၁၀၀၀)၀န်းကျင် (မြန်မာငွေ ကျပ်သိန်း ၂၀ ခန့်) ရရှိသွားမှာ ဖြစ်ပါတယ်။

READ
မအိုဆေး,စားထားလေသလား ထင်ရလောက်တဲ့ တရုတ်အမျိုးသမီး အစီအစဉ်ကြေညာသူ
unsplash/twinsfisch

လျှောက်ထားသူဟာ ဘွဲ့တစ်ခုခုရရှိရမှာဖြစ်ပြီး စာသင်ခန်းထဲမှာ အိပ်ငိုက်တတ်တဲ့အကျင့်ရှိသူတွေဆိုရင် ပိုကောင်းပါတယ်။ အိပ်ရာပေါ်မှာ အနည်းဆုံး (၈) နာရီလောက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တတ်သူ ဖြစ်ရပါမယ်။ ခေါင်းအုံးပေါ် ခေါင်းချလိုက်တာနဲ့ (၁၀-၂၀) မိနစ်အတွင်း အိပ်ပျော်နိုင်သူ ဖြစ်ရပါမယ်။ အိပ်ရာဝင်ပစ္စည်းတွေနဲ့ ပတ်သက်ပြီး ကောင်းကောင်းမွန်မွန် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ဖို့အရေး ဘယ်အချက်တွေကို လိုက်နာရမလဲဆိုတဲ့ ဗဟုသုတရှိသူ ဖြစ်ရပါမယ်။

အသံဘယ်လောက်ဆူဆူ၊ အလင်းထဲမှာပဲ ဖြစ်ဖြစ်၊ အမှောင်ထဲမှာပဲ ဖြစ်ဖြစ် ဘယ်နေရာမျိုးမဆို အိပ်တတ်သူ ဖြစ်ရပါမယ်။ ဆိုရှယ်မီဒီယာအကောင့်မှာလည်း အိပ်ပျော်သွားတာနဲ့ ပတ်သက်တဲ့ အကြောင်းတွေကို တင်ဖူးသူ ဖြစ်ရပါမယ်။ ဖော်ပြပါ အချက်အလက်တွေကတော့ Wakefit ကပြောထားတဲ့ အခြေခံအချက်အလက်တွေဖြစ်ပါတယ်။ ဒါပေမယ့် အိပ်ရင်းနဲ့ ဟောက်တာမျိုးကို လက်မခံမယ့်အပြင် ဆိုရှယ်မီဒီယာ မကြိုက်သူ၊ နှိုးစက်အချိန်ပေးထားရင်တောင်မှ ဆက်အိပ်နိုင်သူတွေ၊ သီချင်းသီဆိုနိုင်သူတွေကိုတော့ ပိုသဘောကျကြောင်းလည်း သိရပါတယ်။

READ
ထမ့်လုံဂူထဲက နောက်ဆုံးကျန်တဲ့ (၅)ယောက်ကို ဒီနေ့ အပြီးကယ်မယ်

လင်းလင်း (ShweMom)

SHARE