သင်မသိသေးတဲ့ လာဗန်ဒါပန်းလေးတွေရဲ့အကြောင်း

လာဗန်ဒါဆိုရင် ပန်းကြိုက်တဲ့ မိန်းကလေးတိုင်း ရင်ခုန်ရတဲ့ ခရမ်းရောင်ပန်းလေးတွေလို့ သိကြမှာပါ။ အရောင်အဆင်းနဲ့ ပုံစံလေးကြောင့်တင် မဟုတ်ဘဲ အလှအပရေးရာမှာပါ ကျော်ကြားလို့ နာမည်ကြီးတဲ့ လာဗန်ဒါပန်းလေးတွေဟာ ရှေးခေတ်အခါတည်းက ရေပန်းစားခဲ့ပါတယ်။ Lavender ဆိုတဲ့ စကားလုံးလေးဟာ Lavare ဆိုတဲ့ လက်တင်စကားလုံးကနေ ဆင်းသက်လာတာဖြစ်ပြီး အဓိပ္ပာယ်ကတော့ “ရေချိုးရန်”လို့ ဖွင့်ဆိုနိုင်ပါတယ်။ အကြောင်းကတော့ သူ့ရဲ့လန်းဆန်းမွှေးပျံ့တဲ့ သင်းရနံ့လေးကြောင့် ရှေးခေတ် ဂရိနဲ့ ရိုမန်လူမျိုးတွေက ရေချိုးသန့်စင်ရာမှာ စတင်သုံးစွဲခဲ့ကြတယ်လို့ သိရပါတယ်။

လာဗန်ဒါရဲ့အသုံးဝင်ပုံများ

လာဗန်ဒါအဆီကို ခေါင်းကိုက်နေတဲ့အခါ ပရုတ်ဆီလိုမျိုး သုံးလို့ရပါတယ်။ လာဗန်ဒါအဆီ၊ ပျားဖယောင်းနဲ့ ဆီအနည်းငယ်ကိုရောပြီး နားထင်မှာ အသာအယာ သုတ်လိမ်းပေးလိုက်ရုံနဲ့ ခေါင်းတစ်ခြမ်းကိုက်တာနဲ့ သာမန်ခေါင်းကိုက်တာတွေကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။ ညဘက်အိပ်မပျော်တဲ့အခါ လာဗန်ဒါပန်း (ဒါမှမဟုတ်) ပန်းအခြောက်ကို ခေါင်းအုံးအောက်မှာ ထားအိပ်ခြင်းအားဖြင့် တစ်ညလုံး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေမှာပါ။ ညဘက်အိပ်မပျော်တဲ့သူတွေအနေနဲ့ အိပ်မက်လှလှလေးတွေမက်ဖို့ ဒီနည်းလေးကို အသုံးပြုသင့်ပါတယ်။ ဒါ့အပြင် ပြင်းထန်တဲ့ အနံ့ဆိုးတွေမရဘဲ အင်းဆက်နဲ့ ပိုးမွှားတွေကို နှိမ်နင်းချင်တဲ့အခါ လာဗန်ဒါပန်းကို အသုံးပြုနိုင်ပါသေးတယ်။

READ
မိုးအေးအေးမှာ ရှုးရှုးရှဲရှဲ ခံတွင်းတွေ့စေမယ့် ငါးနှပ်ကြာရိုးဟင်းခါး
အသားအရေအတွက် အကျိုးကျေးဇူးများ

လာဗန်ဒါပန်းကလေးတွေကို အသားအရေအတွက်လည်း အသုံးပြုနိုင်ပါသေးတယ်။ လာဗန်ဒါပန်းလေးတွေကို ရေထဲမှာစိမ်ပြီး ရလာတဲ့အရည်ကို ပျက်စီးထိခိုက်နေတဲ့ အသားအရေ၊ ၀က်ခြံတွေဖြစ်နေတဲ့ အသားအရေပေါ်မှာ လိမ်းကျံပေးနိုင်ပါတယ်။ သဘာဝအရ အသားအရေကို စိုပြည်နူးညံ့စေတဲ့ အစွမ်းသတ္တိရှိစေတာကြောင့် အရေပြားကို ပြန်လည်လန်းဆန်းလှပလာစေနိုင်ပါတယ်။ လာဗန်ဒါပန်းကို ရေစိမ်ထားတဲ့ဘူးကို ရေခဲသေတ္တာထဲမှာ ထည့်ထားပြီး ထိခိုက်ရှနာဖြစ်တဲ့အခါနဲ့ ပွန်းပဲ့ဒဏ်ရာရတဲ့အခါ ဒဏ်ရာပေါ်ကို ဖြန်းပေးခြင်းအားဖြင့် နာကျင်မှုဝေဒနာကို သက်သာစေနိုင်ပါတယ်။

လန်းဆန်းမွှေးပျံ့နေစေမယ့် လာဗန်ဒါ

ရှေးခေတ်ကတည်းက လာဗန်ဒါပန်းတွေကို ရေချိုးရာမှာ အသုံးပြုခဲ့တာဟာ သူ့ရဲ့လန်းဆန်းမွှေးပျံ့စေတဲ့ အာနိသင်အစွမ်းကြောင့်ပါပဲ။ လာဗန်ဒါပန်းတွေနဲ့ ရေချိုးတဲ့အခါ ခန္ဓာကိုယ်က ကြွက်သားတွေကို အကြောအချဉ်ပြေကာ ပင်ပန်းမှုသက်သာစေရုံသာမက စိတ်ကိုလည်း လန်းဆန်းကြည်လင်ကာ တက်ကြွစေပါတယ်။ နှစ်ပေါင်းများစွာ သုံးစွဲလာတဲ့ လာဗန်ဒါပန်းလေးတွေရဲ့အစွမ်းကို သဘောကျမိပေမယ့် အလွယ်တကူ ရှာတွေ့မှာ မဟုတ်ဘူးလို့တော့ စိတ်မညစ်လိုက်ပါနဲ့။ အခုဆိုရင် မိန်းကလေးတွေ အသည်းစွဲ သုံးစွဲနေကြတဲ့ LUX ရေချိုးဆပ်ပြာရည်က ပြင်သစ်လာဗန်ဒါပန်းနဲ့ သံပုရာသီးတို့ ရောစပ်ပါဝင် ထုတ်လုပ်ထားတဲ့ Lavender Lush ရေချိုးဆပ်ပြာရည်အသစ်ကို ထုတ်လုပ်လိုက်ပါပြီ။ ပြင်သစ်လာဗန်ဒါပန်းတွေရဲ့ အစွမ်းကြောင့် လန်းဆန်းပြီး သင်းပျံ့ တဲ့မွှေးရနံ့ကို ပေးစွမ်းနိုင်တာကြောင့် တစ်နေကုန် ပင်ပန်းလာပြီဆို ဒါလေးကို သုံးပြီး ရေကိုသာ စိမ်ပြေနပြေ ချိုးလိုက်ပါ။ စိတ်ပင်ပန်း၊ လူပင်ပန်းတာတွေအားလုံး ပျောက်ကွယ်သွားပြီး လန်းဆန်းတက်ကြွကာ အားသစ်တွေ ရရှိလာပါလိမ့်မယ်။ လာဗန်ဒါရဲ့အစွမ်းနဲ့ သင့်ရဲ့နေ့ရက်တွေမှာ လန်းဆန်းကြည်လင်နေမယ်လို့ မျှော်လင့်ပါတယ်နော်။

READ
Selfie လှလှလေး တစ်ပုံရဖို့ အရေးကြီးတဲ့ အချက်(၅)ချက်

Sponsored by LUX

SHARE