တမူထူးဆန်းတဲ့ အားသာဖြေနည်းတွေကြောင့် နှစ်စဉ် ဂျာမန်အမျိုးသား (၁၀၀)နီးပါးသေဆုံး

shutterstock/By Lolostock

စိတ်ပိုင်းဆိုင်ရာ ဒေါက်တာတွေကတော့ Masturbation လို့ခေါ်တဲ့ တစ်ကိုယ်ရေအာသာဖြေခြင်းဟာ လူတိုင်းနဲ့ သင့်တော်ပြီး စိတ်ပိုင်းဆိုင်ရာ ဖိအားတွေကို ပျောက်ကင်းစေနိုင်ကြောင်း၊ ကင်ဆာနဲ့ အခြားရောဂါတွေကို ကာကွယ်ပေးနိုင်ကြောင်း ထောက်ခံခဲ့ကြပါတယ်။ ဒါပေမယ့် မည်သည့်ကိစ္စမဆို တန်ဆေး လွန်ဘေးဆိုတဲ့အတိုင်း တစ်ချို့တစ်တွေဟာ စိတ်ဓာတ်ပြင်းထန်လွန်ပြီး အလွန်အကျွံပြုမူတတ်ကြပါတယ်။

shutterstock/By Good Luck Photo

တစ်ချို့တစ်တွေက စိတ်တ္တဇဇာတ်ကားတွေထဲကလို ပြုမူကြရင်း သေဆုံးကြရတာလို့ ဆိုပါတယ်။ လေ့လာမှုတွေအရ အမျိုးသားတစ်ယောက်ဟာ သူ့ခန္ဓာကိုယ်ပေါ်မှာ Cheese အပြားတွေကို အရည်ပျော်အောင် Heater အနီးမှာ အပူငွေလှုံရင်း အာသာဖြေနေစဉ် သေဆုံးခဲ့ကြောင်း ဆိုပါတယ်။

နောက်ထပ် အမျိုးသားတစ်ဦးကတော့ အာသာဖြေနေစဉ် ခရစ်စမတ်သစ်ပင်မှာ တပ်ဆင်တဲ့ မီးလုံးတွေကို သူရဲ့ ရင်သားတွေပေါ်မှာ ကပ်ချည်ပြီး သေဆုံးနေတာကို တွေ့ရသလို၊ ဒီလို အာသာဖြေနေစဉ် ထူးဆန်းတဲ့ သေဆုံးသူဟာ ဂျာမနီမှာ နှစ်စဉ် (၁၀၀)ခန့်ရှိပြီး အမျိုးသားအများစု ပါဝင်တယ်လို့ သိရပါတယ်။

အခြားအမျိုးသားတစ်ဦးကတော့ အမျိုးသမီးတွေဝတ်ဆင်တဲ့ Pantyhose နဲ့ ကုတ်အင်္ကျီဝတ်ဆင်ထားပြီး၊ အမျိုးသမီးရေကူးဝတ်စုံကိုလည်း အတွင်းမှာ ဝတ်ဆင်ထားပါသေးတယ်။ မျက်နှာပေါ်ကို ပလက်စတစ်အိတ် အုပ်လျှက်အာသာဖြေနေတယ်လို့ ယူဆရပြီး၊ ဟမ်းဘတ်မြို့မှာ သေဆုံးနေခဲ့ပါတယ်။

READ
(၁၅)ပေ အမြင့်ကနေ လက်လွတ်ပြီး ပြုတ်ကျသွားခဲ့တဲ့ ဆပ်ကပ်မယ်ကလေး
shutterstock/By Pormezz

ဒါတွေဟာ သက်ဆိုင်ရာက တရားဝင်သိရတဲ့ အကြောင်းအရာတွေထဲက တစ်ချို့ဖြစ်ပြီး၊ ဒီနည်းနဲ့သေဆုံးသူတွေဟာ နှစ်စဉ် အနည်းဆုံး(၁၀၀)ခန့် ရှိနိုင်ကြောင်း သုတေသနပညာရှင် Harald Voß  က ဆိုပါတယ်။ သေဆုံးသူအများစုဟာ အသက်ရှုလမ်းကြောင်း ပိတ်ဆို့ကာ သေဆုံးကြတာလို့ သိရပါတယ်။

သူရဲ့လေ့လာမှုထဲမှာ အမျိုးသား (၈၀)မှ (၁၀၀)အတွင်း ဒီလို လွန်ကဲတဲ့တစ်ကိုယ်ရေ အာသာဖြေမှုတွေအတွင်းမှာ သေဆုံးကြရတာလို့ ဆိုပါတယ်။ အများအားဖြင့် ထူးဆန်းတဲ့ ပစ္စည်းကိရိယာတွေအကူအညီနဲ့ အာသာဖြေကြတာဖြစ်ပြီး၊ ဥပမာအားဖြင့် မကြာသေးခင်လပိုင်းက အမျိုးသားတစ်ဦးဟာ သံချိန်းကြိုးနဲ့ သူ့ခန္ဓာကိုယ်တစ်ခုလုံးနဲ့ လည်ပင်းကို ရစ်ပတ်ရင်း သေဆုံးနေတယ်လို့ သိရပါတယ်။

တစ်ချို့ကိစ္စရပ်တွေမှာ ကျန်ရစ်သူမိသားစုဝင်တွေက ရှက်ပြီး သက်ဆိုင်ရာကို သတင်းမပို့ဘဲ သာမန်သေတဲ့ပုံစံမျိုး ပြုမူတာတွေရှိလို့ သေဆုံးသူအတိအကျကိုတော့ ရယူနိုင်မှာမဟုတ်ဘူးလို့ Voß က ဆိုပါတယ်။ ဟမ်းဘတ်မှာတည်ရှိတဲ့ Legal Medicine ရဲ့ မှတ်တမ်းတစ်ခုတည်းမှာတင် (၁၉၈၃)ခုနှစ်နဲ့ (၂၀၀၃)ခုနှစ်အတွင်းမှာ ဒီလိုထူးဆန်းတဲ့ အာသာဖြေနည်းတွေနဲ့ လူပေါင်း (၄၀) သေဆုံးသွားပြီလို့ သိရပါတယ်။

READ
မင်္ဂလာဆောင်အသွား ကားတိုက်ခံခဲ့ရတဲ့ အမျိုးသားရဲ့ ကြေကွဲဖွယ်အဖြစ်
shutterstock/By Andrey_Popov

သေဆုံးသူတွေရဲ့ အသက်မှာ (၁၃)နှစ်မှ (၇၉)နှစ်ကြား အမျိုးသားများဖြစ်ကြောင်း၊ အမျိုးသမီးတွေကတော့ ဒီလို အဖြစ်ဆိုးနဲ့ သေတာမျိုး သူ့အနေနဲ့ မကြုံဖူးသေးကြောင်း Voß က ဆိုပါတယ်။ မည်သည့်ကိစ္စပင် ဖြစ်စေ၊ ဖြစ်သင့်တာထက်၊ ရှိသင့်တာထက်၊ ပြုမူသင့်တာထက် ပိုလွန်သွားရင် ဘေးအန္တရာယ်ရှိနိုင်ပါတယ်။

နတ်စည်တော် (Shwemom)

source : dailymail.co.uk

SHARE