ဖခင်ဖြစ်သူကို သိန်း(၁၀၀)နီးပါးတန်ဖိုးရှိတဲ့ ဂိမ်းစက်ကြီးဝယ်ပေးခဲ့တဲ့ နာမည်ကြီး cosplayer

[email protected]

ပြီးခဲ့တဲ့ ဇွန်လ (၂၁) ရက်နေ့ကတော့ အဖေများနေ့ဆိုတာ တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လူအများစုကတော့ ဒီလို COVID 19 ဖြစ်ပွားနေတဲ့ ကပ်ကာလအတွင်း အိမ်မှာနေပြီး အဖေဖြစ်သူနဲ့ အဖေများနေ့ကို ကောင်းကောင်းဖြတ်သန်းခဲ့ကြမှာပါ။ အခုလည်း ဖိလစ်ပိုင်ရဲ့ နာမည်ကြီး cosplayer ၊ စူပါမော်ဒယ်တစ်ဦးဖြစ်သလို ဂိမ်မာတစ်ဦးအဖြစ်လည်း လူသိများတဲ့ Alodia Gosiengfiao ကတော့ အဖေများနေ့မှာ Sim-racing rig ဂိမ်းစက်ကြီးနဲ့ ဖခင်ဖြစ်သူကို အံ့သြသင့်အောင်လုပ်ခဲ့ကြောင်း Top Gear သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

အသက် (၃၁) နှစ်အရွယ်ရှိပြီဖြစ်တဲ့ Alodia ဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ ကြေးအမြင့်ဆုံး စူပါမော်ဒယ်တစ်ဦးဖြစ်ပြီး ဆိုရှယ်မီဒီယာတွေပေါ်မှာလည်း follower သန်းချီ ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ ဒါပေမယ့် သူမရဲ့ အလုပ်အကိုင်ကတော့ မော်ဒယ်အလုပ် တစ်ခုတည်းတင် မဟုတ်ပါဘူး။ Cosplayer, အစီအစဉ်တင်ဆက်သူ၊ Gamer, သရုပ်ဆောင်မင်းသမီး အစရှိတာတွေအကုန်လုံးကိုလည်း လုပ်ကိုင်တဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။

Alodia ကို လူတော်တော်များများ စတင် သတိထားခဲ့မိတာကတော့ ABS-CBN က စီစဉ်တင်ဆက်တဲ့ prank show တွေမှာပါ။ အဲဒီနောက်ပိုင်း The Reunion ဇာတ်ကားမှာ Enrique Gil ဇာတ်ကောင်နေရာက သရုပ်ဆောင်ခဲ့ပါတယ်။ သူမကို အဓိက လူသိများလာတာကတော့ Cosplayer တစ်ယောက်အနေနဲ့ပါ။ ဒါ့အပြင် Alodia ဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ အချမ်းသာဆုံး မော်ဒယ်တစ်ဦးဖြစ်လာခဲ့ပါတယ်။

READ
အစပ်ဆုံးငရုတ်သီးနှစ်တောင့်ကို တပြိုင်တည်းစားမိလို့ဆေးရုံရောက်သွားတဲ့ YouTuber

 

 

View this post on Instagram

 

If you were stuck on an island, what would you do? :@ashlili PP:yours truly

A post shared by Alodia Gosiengfiao (@alodia) on

“အဖေရဲ့ ဝါသနာက ငယ်ငယ်လေးကတည်းက ကားမောင်းပြိုင်ရတာပါပဲ။ အဖေက ကားမောင်းတာ တော်တော်လေးလည်းတော်တယ်။ ဒါ့ကြောင့် အဖေများနေ့မှာ အဖေကို Sim-raing rig နဲ့ surprise လုပ်ခဲ့တာပါ။ အဖေကတော့ တော်တော်ပျော်နေတယ်။ ဘာလို့လဲဆိုတော့ အဲဒီဂိမ်းစက်က ကိုယ်တစ်ကယ် အပြင်မှာ ကားမောင်းနေရတဲ့အတိုင်းတစ်ထပ်တည်း ခံစားနေရလို့ပါပဲ။ ဝယ်ပေးချင်တာကတော့ တော်တော်ကြာပါပြီ။ ဒါပေမယ့် အဖေများနေ့မှာ ဒီလိုလေး surprise လုပ်ပေးလိုက်တော့ အဖေ့အတွက်တော၊ ကျွန်မအတွက်တေကာ အဓိပ္ပာယ်ပိုရှိသွားတာပေါ့” လို့ Alodia က ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw

SHARE