ပေတစ်ရာအမြင့်ကရိုလာကိုစတာပေါ်မှာ ဇောက်ထိုးကြီးဖြစ်ခဲ့ကြရတဲ့လူတစ်စု

@amnaw,@TerryBpne/Twitter

အင်္ဂလန်က Alton Towers ရဲ့ ရိုလာကိုစတာဆိုရင် သိပ်ကိုနာမည်ကြီးတဲ့နေရာတစ်ခုပါ။ အကြောင်းကတော့ လွန်ခဲ့တဲ့ လေးနှစ်လောက်တုန်းက မတော်တဆမှုအကြီးအကျယ်ဖြစ်ခဲ့လို့ပါပဲ။ အဲဒီတုန်းကဆိုရင် ပျော်ရှာကြတဲ့ လူတစ်စုဟာ ရိုလာကိုစတာဘီးချော်မှုကြောင့် မြေပေါ်သို့ပစ်ကျခဲ့ပြီး လူပေါင်း ၁၆ ယောက်ကို ကြီးကြီးမားမားထိခိုက်ဒဏ်ရာရစေခဲ့ပါတော့တယ်။

အခုလည်း ဇူလိုင်လ ၂၃ ရက်နေ့က အဲဒီရိုလာကိုစတာမှာပဲ လူတစ်စုဟာ စက်ချို့ယွင်းမှုကြောင့်ဆိုပြီး လမ်းကြောင်းပေါ်မှာ ရပ်နေခဲ့လို့ အောက်ဆင်းမရ၊ ထမရနဲ့အတော်ဒုက္ခရောက်ခဲ့ရကြရှာပါတယ်။ ညနေ ၆ နာရီလောက်မှာ ရိုလာကိုစတာစီးနေရင်းရုတ်တရက်ဆိုသလို ထောင်တက်သွားတဲ့လမ်းကြောင်းနေရာမှာ ရပ်သွားခဲ့တာဖြစ်ပြီး မြေပြင်နဲ့ဆိုရင် ပေ၁၀၀တောင်မြင့်နေပါတယ်။

 

 

စုစုပေါင်းကြာချိန် မိနစ် ၂၀ လောက်ကြာခဲ့ပြီးနောက်မှာတော့ ကယ်ဆယ်ရေးတွေရောက်လာခဲ့ပြီး တစ်ယောက်ချင်းစီအလိုက် ကယ်တင်ခဲ့ပါတော့တယ်။ ဒီတစ်ခေါက်မှာတော့ ထိခိုက်ဒဏ်ရာမရသွားခဲ့ဘဲ ချောချောမွေ့မွေ့ပြီးသွားခဲ့ပေမယ့်လည်း ပထမတစ်ခေါက်တုန်းကဆိုရင် ဒုက္ခိတဖြစ်သူကဖြစ်၊ တစ်သက်လုံး စိတ်ဒဏ်ရာရသွားသူက ရသွားခဲ့ကြတာပါ။

READ
သံတိုင်တွေကြားမှာ စစ်မှန်တဲ့ဘဝကို ရှာတွေ့သွားခဲ့တဲ့ ကြေးစားကွင်းဆက်လူသတ်သမား

သူမကတော့ Leah Washington ပဲဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်တုန်းကဖြစ်ခဲ့တဲ့ မတော်တဆမှုရဲ့ အကြီးမားဆုံးခံစားခဲ့ရသူထဲက တစ်ယောက်ပါ။ အဲဒီနေ့တုန်းက Leah နဲ့ သူမရဲ့ ချစ်သူ Joe Pugh တို့ နှစ်ယောက် ပထမဆုံးသေသေချာချာချိန်းတွေ့တဲ့နေ့ဖြစ်ပြီး အမှတ်တရဖြစ်အောင်ဆိုကာ နာမည်အကြီးဆုံးရိုလာကိုစတာကို စီးခဲ့ကြပါတယ်။ မထင်မှတ်ထားဘဲ ကံဆိုးမှုကြီးနဲ့ကြုံတွေ့ကာ လမ်းချော်ပြီး အောက်ဖက်ကို သွားဆောင့်ကျတဲ့အခါမှာတော့ ဘယ်သူမှကိုယ်ကိုယ်ကိုထိခိုက်ဒဏ်ရာမရအောင် ကာကွယ်နိုင်စွမ်းဆိုတာ မရှိခဲ့ပါဘူး။ Leah အပါအဝင် နောက်ထပ် လူငယ်တစ်ယောက်ဟာလည်း ခြေထောက်တစ်ဖက်စီ ဆုံးရှုံးခဲ့ရပြီး Leah ရဲ့ ချစ်သူ Joe ဟာလည်း ဒူးအရွတ်ကို နှစ်ဖက်စလုံးခွဲကာ အစားထိုးခဲ့ရပါတယ်။ Leah ကတော့ သူမရဲ့ ဆုံးရှုံးသွားတဲ့ခြေထောက်ကြောင့် တစ်နှစ်ကိုဒေါ်လာ သိန်းနဲ့ချီကုန်ကျနေဆဲပါပဲ။

 

 

View this post on Instagram

 

Christmas tree shopping ❄️🎄

A post shared by Leah Washington (@leahwashy) on

Penny

READ
ရဲတပ်ဖွဲ့ကိုရာဇ၀တ်မှုကျူးလွန်နေကြောင်း နောက်ပြောင်ဖုန်းခေါ်ရာမှလူသေဆုံးမှုဖြစ်ပွား

Ref : DailyMail, Mirror

SHARE