အထီးကျန်နေသူတွေကို စာနာဖို့ အပြုအမူနဲ့ ပြောပြခဲ့တဲ့ လူငယ်လေး

အမေရိကန် အလယ်ဘားမားပြည်နယ်နေ အသက်(၂၃) နှစ်အရွယ် လူငယ်လေးတစ်ယောက်ဟာ တစ်နေ့မှာ သူငယ်ချင်းနှစ်ယောက်နဲ့အတူ ထမင်းစားဖို့ ထွက်လာခဲ့ပါတယ်။ သူ့နာမည်ကတော့ ဂျာမာရီယိုပါ။ ဆိုင်ထဲမှာ အစားအသောက်မှာရင်းနဲ့ သူမြင်လိုက်တာက အသက်ကြီးကြီး အဖွားတစ်ယောက်ဟာ တစ်ကိုယ်တည်းထိုင်ပြီး ထမင်းစားနေတာကိုပါ။ ဂျာမာရီယိုက အဖွားကိုမြင်ပြီး သနားသွားတာကြောင့် စကားသွားပြောဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဖွားဟာ အီလီနော်ဘေကာဆိုသူဖြစ်ပြီး စားသောက်ဆိုင်ကို တစ်ပတ်တစ်ခါ လာလေ့ရှိပါတယ်။

JAMARIO HOWARD

ဂျာမာရီယိုဟာ အီလီနော်နားကို ချဉ်းကပ်လိုက်ပြီး စတင်ကာ စကားစမြည်ပြောဆိုခဲ့ပါတယ်။ အီလီနော်က သူမဟာ ယောက်ျားဖြစ်သူကို မကြာခင်တုန်းကမှ ဆုံးရှုံးခဲ့ရကြောင်းနဲ့ သန်ဘက်ခါဆိုရင်တော့ သူမတို့ရဲ့ မင်္ဂလာသက်တမ်းဟာ နှစ်(၆၀) ရှိပြီဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။ တစ်ယောက်တည်း အထီးကျန်ပြီး ထမင်းစားနေရတဲ့ အီလီနော်ကို ဂျာမာရီယိုက အဖွားသာဆန္ဒရှိမယ်၊ စကားပြောချင်တယ်ဆိုရင် သူတို့ဝိုင်းဆီကို ထမင်းအတူလာစားနိုင်ကြောင်း ဖိတ်ခေါ်ခဲ့ပါတယ်။

READ
ငယ်စဉ်တည်းက အမြင်အာရုံဆုံးရှုံးခဲ့ပေမဲ့ အတော်ဆုံးဘဲလေးကချေသည်ဖြစ်လာတဲ့ အလစ်ရှာအလွန်ဆို

အီလီနော်ကလည်း စကားလက်ဆုံပြောဖို့ အဖော်ရပြီဖြစ်တာကြောင့် လူငယ်တွေရှိရာဝိုင်းဆီကို ရွှေ့လာခဲ့ပါတယ်။ အဖွားဟာ သူမရဲ့ ကလေးတွေ၊ မြေးမြစ်တွေနဲ့ ခွေးတွေအကြောင်းပါ လူငယ်လေးတွေကို ပြောပြပါတယ်။ စားသောက်လို့အပြီးမှာတော့ လမ်းမခွဲခင် အချင်းချင်း ဖုန်းနံပတ်တွေ ဖလှယ်ဖြစ်ခဲ့ကြပါသေးတယ်။ ဂျာမာရီယိုကတော့ သူရဲ့ ဖြစ်ရပ်ကို အမှတ်တရဖြစ်စေချင်တာနဲ့ အီလီနော်နဲ့အတူ လေးယောက်သားဓာတ်ပုံတွေ တွဲရိုက်ခဲ့ပါတယ်။ ဂျာမာရီယိုရဲ့ ပို့စ်လေးဟာ မထင်မှတ်ပဲ အွန်လိုင်းမှာ ပေါက်သွားခဲ့ပြီး အားလုံးက ပီတိဖြစ်ဖွယ်ကောင်းတဲ့ဖြစ်ရပ်ကလေးပါလို့ ချီးမွမ်းခဲ့ကြပါတယ်။

SHIRLEY CARROLL/CHRIS BURKE

များသောအားဖြင့် လူတွေဟာ စားစရာရှိတာစား၊ သောက်စရာရှိတာသောက်ပြီး ကိုယ့်အလုပ်ကိုသာ အာရုံစိုက်လုပ်နေလေ့ရှိပါတယ်။ တစ်ယောက်တည်း ဖြစ်နေတဲ့ လူတွေ၊ အဖိုးအဖွားတွေကို မြင်ရတဲ့အခါ သူတို့လည်း တစ်ကိုယ်တည်း အထီးကျန်ပြီး ပျင်းနေမလား၊ စကားပြောဖော်လေးများ လိုနေမလားဆိုပြီး အားပေးနှစ်သိမ့်ဖို့ စိတ်ကူးရှိကြသူ နည်းပါးပါတယ်။ ဒါပေမယ့် ဂျာမာရီယိုကတော့ ဒီလိုလူတွေထဲမှာ မပါပါဘူး။ လူလူချင်းစာနာတဲ့စိတ်နဲ့ အဖွားကို အထီးကျန်မှုတွေပျောက်သွားအောင် ကြုံတဲ့အချိန်လေးမှာ ကူညီပေးခဲ့တာဖြစ်ပါတယ်။ တကယ့်ကို စိတ်ထားပြည့်လှတဲ့ လူငယ်လေးပါပဲ။

So tonight JaMychol Baker Tae Knight and myself went out to eat at this place called Brads in Oxford, and after us…

Posted by Jamario Howard on Thursday, April 18, 2019

လင်းလင်း (ShweMom)

READ
မသန်စွမ်းပေမယ့် လှပနေကြဆဲ ၀ှီးချဲလ်ပေါ်က အမျိုးသမီးများ

Ref: bbc

SHARE